စပိန်လူမျိုးနည်းပြဂျူလန်လိုပက်ဇ်တီဂူကို ဝုဖ်ဗာဟမ်တန်အသင်းက နည်းပြအသစ်ဖြစ် ခန့်အပ်လိုက်နိုင်ပြီဖြစ်ပါတယ်။
အသက်၅၄နှစ်ရှိလိုပက်ဇ်တီဂူဟာကမ္ဘာ့ဖလားပြိုင်ပွဲကြောင့်ပရီးမီးယားလိဂ်ရပ်နားမယ့် နိုဝင်ဘာလ၁၄ရက်နေ့မှစတင်ကာဝုဗ်ကိုင်တွယ်မှာဖြစ်ပါတယ်။
ဝုဗ်ဟာအောက်တိုဘာလ၂ရက်နေ့တုန်းကဘရူနိုလာ့ကို ထုတ်ပယ်လိုက်ပြီးနောက်ဦးစားပေးပစ်မှတ်အဖြစ်လိုပက်ဇ်တီဂူကိုခန့်အပ်ရေးကြိုးပမ်းခဲ့တာဖြစ်ပါတယ်။
ဒါပေမဲ့လိုပက်ဇ်တီဂူဟာစပိန်တွင်ပင်ဆက်လက်နည်းပြလိုနေမှုနှင့်အတူ ဝုဗ်ရဲ့ကမ်းလှမ်းမှုကိုပယ်ချခဲ့ပါတယ်။ဒါပေမဲ့သူဟာဝုဗ်ဘက်ကနောက်မဆုတ်ဘဲကြိုးပမ်းလာမှုနှင့်အတူလက်ခံလာပြီဖြစ်ပါတယ်။
လိုပက်ဇ်တီဂူဟာ၂၀၁၉ခုနှစ်၊ဇွန်လတွင်ဆီဗီလာကိုစတင်ကိုင်တွယ်ပြီးနောက် ယူရိုပါလိဂ်ဖလားရယူပေးခဲ့သူလည်းဖြစ်ပါတယ်။သူဟာအောက်တိုဘာလတုန်းကရလဒ်ဆိုးရွားမှုကြောင့်ဆီဗီလာနည်းပြရာထူးမှထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။
သူဟာဝုဗ်အတွက်ပထမဆုံးပွဲအဖြစ် ဒီဇင်ဘာလ၂၆ရက်နေ့တွင်အဲဗာတန်ကိုအဝေးကွင်းသို့သွားရောက်ရင်ဆိုင်ကစားရမယ့်ပရီးမီးယားလိဂ်ပွဲစဉ်အားကြီးကြပ်သွားပါမယ်။
ဝုဗ်ဗာဟမ်တန်အတွက် စပိန်သားလိုပက်ဇ်တီဂူဟာ ကံကောင်းခြင်းတွေ သယ်လာမလားစောင့်ကြည့်ရပါအုန်းမယ်။
Be the first to comment