ယူရိုပါလိဂ်ရှုံးထွက်အဆင့်မှာ မန်ယူနဲ့တွေ့စေချင်တဲ့အသင်းကို အမြင်မတူကြတဲ့ ဟားဂရေ့ဗ်နဲ့ပေါလ်စခိုး

မန်ချက်စတာယူနိုက်တက်ဟာ ယူရိုပါလိဂ် အုပ်စု(E) မှာ အဆင့် ၂နေရာဖြင့်ကျေနပ်ခဲ့ရပြီးနောက် play-off အဆင့်မှာတော့ ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ဆင်းလာမယ့် အင်အားကြီး ဥရောပပြိုင်ဘက် တစ်သင်းဖြင့် ထိပ်တိုက်တွေ့မှာ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ အေဂျက်၊ ဘာစီလိုနာ၊ လေဗာကူဆင်၊ ဆီးဗီးလာ၊ စပို့တင်း၊ ဂျူဗင်တပ်၊ ဆဲလ်ဘတ်နဲ့ ရှက်တာဒိုးနက်တို့ထဲက တစ်သင်းဖြင့် ရှုံးထွက်မှာ ယှဉ်ပြိုင်ရပါလိမ့်မယ်။ မန်ယူဂန္တဝင်ကြီး ပေါလ်စခိုးကတော့ လွယ်ကူမှာ မဟုတ်တဲ့ ဒီအဆင့်မှာ ဘာစီလိုနာနဲ့ အတွဲကျရင် သိပ်ကောင်းမှာပါလို့ ဆိုခဲ့ပါတယ်။

‘ ဘယ်အသင်းကို မတွေ့စေချင်ကြလဲဆိုရင် ဘာစီလိုနာလို့ ပြောကြမယ် ထင်ပါတယ်။ ကျနော်ကတော့ ဘာစီလိုနာနဲ့ အတွဲကျမှာကို ပိုကြိုက်တယ်။ ကျနော်က ဘာစီလိုနာကို ရင်ဆိုင်ရတာ ကြိုက်တဲ့အကြောင်းကို ပြောခဲ့ဖူးပါတယ်။ နှစ်ကျော့လုံးက သိပ်ကောင်းတဲ့ပွဲတွေ ဖြစ်သွားမှာပါ။

ယူနိုက်တက်က ဘာစီလိုနာကို အနိုင်ယူနိုင်စွမ်း ရှိနေတယ်လို့ ထင်ပါတယ်။ ဘာကာက အတော်လေးကောင်းတဲ့ အသင်းပါ ဒါကို ကျနော်တို့ သိပါတယ်။ ယူနိုက်တက် ရှောင်လွဲလိုတဲ့ ကလပ်တစ်သင်းရှိရင် ဘာစီလိုနာ ဖြစ်ပါလိမ့်မယ်။ ကျနော်ကတော့ သူတို့ကို ထိပ်တိုက်တွေ့စေချင်တာပါပဲ ’ လို့ ပေါလ်စခိုးက မှတ်ချက်ပေးခဲ့တယ်။

အိုဝင်ဟားဂရေ့ဗ်ကတော့ ပေါလ်စခိုးရဲ့ အမြင်နဲ့လုံးဝဆန့်ကျင်ဘက် ပါ။စခိုးရဲ့ အမြင်ကိုလုံးဝ မထောက်ခံပါဘူး။ဘာစီလိုနာနဲ့က ဒီအဆင့်မှာထက် ဗိုလ်လုပွဲမှာ တွေ့သင့်တာလို့ မှတ်ချက်ပေးပြီး အခြားသော ၇ သင်းနဲ့ဆိုရင် အနိုင်ရဖို့ ယူနိုက်တက်က ပိုမို ရေပန်းစားမယ်လို့ သူက မြင်ပါတယ်။

အိုဝင်ဟားဂရေ့ဗ်ကဲ “​ ပေါလ်ကြီးပြောတာတွေကို ကျနော်တော့ သဘောမတူဘူး။ ဘာစီလိုနာနဲ့ အတွဲမကျစေချင်ဘူး။ ဒီနှစ်သင်းက ဗိုလ်လုပွဲမှာ ထိပ်တိုက်တွေ့ရမှာပါ။ ဒီအဆင့်မှာ မကျစေချင်တာက အရမ်းခက်ခဲတဲ့ ပွဲစဉ် ဖြစ်သွားမှာမို့ပါပဲ။

ဘာစီလိုနာ အပြင် အခြားသော အသင်းတွေက သိပ်ကောင်းတဲ့အသင်းတွေပါ။ ဂျူဗင်တပ်၊ ဆီးဗီးလာ၊ ရှက်တာဒိုးနက်တို့လို အသင်းတွေ အားလုံးမှာ မန်နေဂျာကောင်းတွေ ရှိထားပါတယ်။ ဘယ်အသင်းမှ မလွယ်ပါဘူး။ စပို့တင်းကလည်း သိပ်ကောင်းထားပါတယ်။

ဘာစီလိုနာကလွဲရင် အခြားအသင်းတွေနဲ့ ရင်ဆိုင်ရာမှာ ယူနိုက်တက်က ပိုပြီး ရေပန်းစားမှာ သေချာပါတယ် ’ လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

ပရိတ်သတ်တွေကရော ယူရိုပါလိဂ် ရှုံးထွက်အဆင့်မှာ မန်ချက်စတာယူနိုက်တက်ကို ဘယ်အသင်းနဲ့တွေ့စေချင်ကြလဲဗျ။ စိတ်ကူးထားတာရှိရင် ဝင်ဆွေးနွေးခဲ့ကြပါအုန်း အမြင်ချင်းဖလှယ်ကြတာပေါ့။

 

Be the first to comment

Leave a comment

Your email address will not be published.


*