ဆိုင်းမဆင့်ဗုံမဆင့်နဲ့ ဘာစီလိုနာမှရုတ်တရက်ထွက်ခွါပြီး ဘောလုံးလောကကိုစွန့်ခွါလိုက်ပြီဖြစ်တဲ့ ပီကေး

ဘာစီလိုနာအသင်းနဲ့ စပိန်လက်ရွေးစင်အသင်းတို့ရဲ့ ဝါရင့်နောက်ခံလူဂျာရတ် ပီကေးဟာအခုလို ဘောလုံးရာသီဝက်နီးပါးရောက်ချိန် မှ ဘာစီလိုနာအသင်းမှ ချက်ချင်းထွက်ခွာခဲ့တဲ့ ပြီး ဘောလုံးသမားဘ၀ကနေ အနားယူပြီလို့ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှတဆင့် တရားဝင်ကြေညာသွားခဲ့ပါတယ်။

ဘာစီလိုနာအသင်းတာဝန်ရှိသူတွေက ကလပ်ဂန္တဝင်ကစားသမားကို အသင်းမှထွက်ခွာဖို့ လိုလားနေတယ်လို့ ကောလာဟလတွေ ထွက်ပေါ် နေချိန်မှာပဲ ပီကေးရဲ့ဆုံးဖြတ်ချက်ပေါ်ပေါက်လာတာဖြစ်ပြီး ဘောလုံးကမ္ဘာကို အံ့အားသင့်စေခဲ့ပါတယ်။

ပီကေးက သူ့ရဲ့ကစားသမားဘ၀ တရားဝင် အနားယူပြီဆိုတဲ့ အကြောင်းကို ရှင်းရှင်းလင်းလင်း ထုတ်ပြောခဲ့တာပါ။ ပီကေးက “ဘာစီလိုနာရဲ့ ဂျာစီအပြင် အခြားအသင်းရဲ့ဂျာစီကို ဘယ်တော့မှဝတ်ဆင်မှာ မဟုတ်ဘူးဆိုတာ ကျွန်တော် အမြဲတမ်းထုတ်ပြောခဲ့ပါတယ်။ အခုလည်း ဒီလိုပါပဲ”လို့ ပြောဆိုခဲ့ပါတယ်။

လာမယ့်သီတင်းပတ်၊ အိမ်ကွင်းနူးကမ့်မှာကစားမယ့် အယ်လ်မီရီယာနဲ့ လာလီဂါပွဲစဉ်က သူ့ရဲ့ဘာစီလိုနာ ကစားသမားဘ၀ နောက်ဆုံး ပွဲစဉ်ဖြစ်မယ်လို့ ဘာစီလိုနာအသင်းခေါင်းဆောင်က အတည်ပြုခဲ့ပါတယ်။ အယ်လ်မီရီယာနဲ့ ပွဲစဉ်က ဘာစီလိုနာအတွက် ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင် နောက်ဆုံး ကစားရမယ့်ပွဲစဉ်တော့ မဟုတ်ပါဘူး။ ဒီပွဲစဉ်ပြီးရင် နိုဝင်ဘာ ၈ ရက်မှာ ဘာစီလိုနာက အိုဆာဆူနာနဲ့ လာလီဂါ အဝေးကွင်းပွဲစဉ်ကစားရဖို့ရှိနေပြီး ဒီပွဲစဉ်မှာတော့ ကတ္တလန်အခြေစိုက်ကလပ်ရဲ့ လူစာရင်းမှာ ပီကေးပါဝင်လာဖွယ် မရှိတော့ပါဘူး။

ဘာစီလိုနာအသင်းဘက်ကတော့ ပီကေးရဲ့ ကစားသမားဘဝ အနားယူမှုနဲ့ ပတ်သက်လို့ တစုံတရာထုတ်ပြန်ပြောဆိုတာမျိုး မရှိသေးပါဘူး။ ဒါပေမယ့် အသင်းအတွက် ကာလရှည်ပေးဆပ်ခဲ့တဲ့ ပီကေးအတွက် အယ်လ်မီရီယာနဲ့ပွဲစဉ်မှာ နူးကမ့်ကွင်းအတွင်း နွေးထွေးတဲ့ နောက်ဆုံးဂုဏ်ပြုမှုတစ်ခုကို အသင်းပရိသတ်တွေက ပြုလုပ်ပေးကြမယ်လို့ မျှော်လင့်ရပါတယ်။

ရှကီရာနဲ့ လမ်းခွဲတာမကြာသေးပဲ ဘာစီလိုနာကိုပါထပ်ပြီး ကျောခိုင်း တော့မဲ့ ပီကေးရဲ့ ဆုံးဖြတ်ချက်တွေဟာ ဘောလုံးပရိတ်သတ်တွေ အတွက်တော့ မယုံနိုင်စရာပုံပြင်တစ်ပုဒ် အဖြစ်ကျန်ရစ်ခဲ့ပါပြီ။

Be the first to comment

Leave a comment

Your email address will not be published.


*