ဂန်းနားဟောင်းအူဘာမီးယန်းရဲ့စိန်ခေါ်မှုကို လက်ခံပြီးတုံ့ပြန်စကားဆိုလိုက်တဲ့ အာဆင်နယ်နည်းပြ

ချန်ပီယံလိဂ်၊ယူရိုပါလိဂ်နဲ့ ကွန်းဖရင့်လိဂ်တွေ ရဲ့ အုပ်စုပွဲစဉ်တွေ ပြီးဆုံးသွားချိန်မှာတော့ အမှတ်ပေးလိဂ်တွေရဲ့ အလှည့်ကိုတဖန် ပြန်လည်လို့ ရောက်ရှိ လာခဲ့ပါပြီ ။ ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ်မှာတော့ ချဲလ်ဆီး Vs အာဆင်နယ် ၊ စပါး Vs လီဗာပူး စတဲ့ ပွဲ ကြီးပွဲကောင်းတွေက စောင့်ကြိုနေပါတယ်။

ချဲလ်ဆီး Vs အာဆင်နယ် ပွဲအတွက် BT Sport ရဲ့ ပွဲကြို promotion video မှာတော့ ဂန်းနားကပ္ပတိန်ဖြစ်ခဲ့ဖူးတဲ့ဂါဘွန်သား လက်ရှိ ချဲလ်ဆီးအသင်းရဲ့ တိုက်စစ်မှူး အူဘာမီယန်း ဟာ အာဆင်နယ် နဲ့ ပွဲ အတွက် အဆင်သင့် ဖြစ်နေပြီလို့ သတင်းစကား ပါးသွားခဲ့ပါတယ်

။ အူဘာမီယန်း က ” အာဆင်နယ် ၊ ပုဂ္ဂိုလ်ရေးခံစားချက် ဘာမှတော့ မရှိပါဘူး ၊ ငါ ပြန်လာပြီနော် ၊ အပြာရောင်တပ်သား အဖြစ်နဲ့ပေါ့ ၊ အဆင်သင့်ပါပဲ ။ ” လို့ ပြောကြား ခဲ့တာပါ ။

ဂါဘွန် လက်ရွေးစင် တိုက်စစ်မှူး အူဘာမီယန်း ဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့နောက်ဆုံး နေ့ရက်မှာ ဘာစီလိုနာ အသင်းကနေ ချဲလ်ဆီး အသင်းကို ပြောင်းရွှေ့လာခဲ့သူပါ ။ ချဲလ်ဆီး အသင်းဟာ ဘာစီလိုနာ အသင်းရဲ့ တိုက်စစ်မှူး အော်ဘာမီယန်းအတွက် ပြောင်းရွှေ့ကြေး ပေါင် ၁၀.၃ သန်း ပေးချေ ခဲ့ရပါတယ် ။

ဘာစီလိုနာ အသင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ လကမှ အာဆင်နယ် အသင်းကနေ အူဘာမီယန်း ကို အလွတ် ပြောင်းရွှေ့ကြေး နဲ့ စာချုပ်ချုပ် ခေါ်ယူ ခဲ့တာ ဖြစ်ပါတယ် ။ အူဘာမီယန်း ဟာ အာဆင်နယ် အသင်းမှာ လေးနှစ်ကြာ ကစားခဲ့ပြီး ၁၆၃ ပွဲ ကစားကာ သွင်းဂိုး ၉၂ ဂိုး အထိ သွင်းယူ ပေးခဲ့သူ ဖြစ်ပါတယ် ။

အူဘာမီယန်း ဟာ အာဆင်နယ် က မထွက်ခင် အချိန်မှာ စည်းကမ်း ချိုးဖောက်မှုတွေကြောင့် အာဆင်နယ် အသင်းခေါင်းဆောင် ရာထူးကနေ ဖယ်ရှား ခံရပြီး ပွဲထွက်လူစာရင်း ကနေ တောက်လျှောက် ချန်လှပ် ခံခဲ့ရပါတယ် ။ အဲ့ဒီနောက်မှာတော့ အာဆင်နယ် နဲ့ အူဘာမီယန်း တို့ဟာ နှစ်ဦးသဘောတူ စာချုပ် ဖျက်သိမ်းပြီး ဂါဘွန်သားကို အသင်းကနေ ထွက်ခွာခွင့်ပြုခဲ့ပါတယ် ။

အူဘာမီယန်း ဟာ အာဆင်နယ် ကနေ ထွက်ခွာပြီး တစ်နှစ် မပြည့်ခင် အချိန်မှာပဲ ပရီးမီးယားလိဂ် ရဲ့လန်ဒန်ကလပ် ချဲလ်ဆီး အသင်းကို ပြန်လည် ရောက်ရှိ လာခဲ့တာပါ ။ ဒီတစ်ပတ်မှာတော့ အူဘာမီယန်း ဟာ အသင်းဟောင်း အာဆင်နယ် နဲ့ ပထမဆုံး အကြိမ် ပြန်လည် ရင်ဆိုင်ရမှာ ဖြစ်ပါတယ် ။

အာဆင်နယ် နည်းပြ အာတီတာ ကတော့ ဇူးရစ်ချ် နဲ့ ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာ အူဘာမီယန်း ရဲ့ ပြောစကား အပေါ် “ကစားသမားတွေ အဲ့ဒီလို ပြောဖို့ ခင်ဗျားတို့ ကိုယ်တိုင်လည်း မျှော်လင့် နေကြတာမလား ၊ ကျွန်တော်တို့ အသင်းက ကစားသမားတွေကိုလည်း ခုဒီမှာ ကစားနေရတဲ့ အပေါ် ဘယ်လို ခံစားနေရလဲ မေးကြည့်ရင် သူတို့လည်း အူဘာ ပြောသလိုမျိုးပဲ ဖြေကြပါလိမ့်မယ် ။“

အူဘာမီယန်း က ပြိုင်ဘက်တွေ အတွက် သိပ်ကို အန္တရယ် ရှိတဲ့ တိုက်စစ်မှူး တစ်ဦးပါ ၊ သူ့မှာ ပြိုင်ဘက် ဂိုးပေါက်ထဲ ဂိုးဝင်အောင် ဘယ်လို သွင်းရမလဲ သိတဲ့ အရည်အသွေး ရှိပါတယ် ၊ ဘောလုံး ကစားသမား ဘဝ ကနေ အနားမယူခင်အထိ ဂိုးတွေ သွင်းနေဦးမယ့် ကစားသမားပါ ။” လို့ ပြောကြား သွားခဲ့ပါတယ် ။

လာမဲ့ တနဂ်နွေနေ့မြန်မာစံတော်ချိန် ညနေ ၆:၃၀ အချိန် စတမ်းဖို့ဘရစ်ကွင်းကြီးထဲမှာ အပြာရောင်တပ်သားကြီး အူဘာမီးယန်းတစ်ယောက် ဂိုးသွင်းနိုင်မလားဆိုတာတော့ စောင့်ကြည့်ရပါအုန်းမယ်။

 

 

Be the first to comment

Leave a comment

Your email address will not be published.


*