အရိုးအက်ဒဏ်ရာခွဲစိတ်ရန်လိုအပ်ပြီးနောက်ကမ္ဘာ့ဖလားတွင်ပါဝင်ခွင့်မရမဲ့အရေးရင်ဆိုင်နေရတဲ့ဆွန်ယောင်မင်

စပါးစ်နှင့်တောင်ကိုရီးယားစတားဆန်ဟောင်မင်းဟာဘယ်ဖက်မျက်ခုံးရိုးအက်ဒဏ်ရာကိုခွဲစိတ်ကုသရန်လိုအပ်နေမှုကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲတွင်ပါဝင်နိုင်ရန်မရေမရာဖြစ်နေပါတယ်။


အသက်၃၀နှစ်ရှိဆန်ဟောင်မင်းဟာအင်္ဂါနေ့တုန်းကပြင်သစ်တွင်မာဆေးလ်ကို၂-၁ဂိုးဖြင့်အနိုင်ရတဲ့ချန်ပီယံလိဂ်ပွဲစဉ်တွင်ဒဏ်ရာရရှိခဲ့တာလည်းဖြစ်ပါတယ်။


တောင်ကိုရီးယားဟာလာမယ့်နိုဝင်ဘာလ၂၄ရက်နေ့တွင်ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲအဖြစ် ဥရုဂွေးနှင့်ရင်ဆိုင်ကစားရပါမယ်။
စပါးစ်ကဆန်ဟောင်မင်းမှာမည်သည့်အချိန်တွင်ခွဲစိတ်ကုသမှုပြုလုပ်လာမယ်၊ဘယ်လောက်အနားယူရမယ်ဆိုတာကြေညာသွားခြင်းမရှိပါဘူး။


မန်စီးတီးကွင်းလယ်ကစားသမားကီဗင်ဒီဘရိုင်းမှာလည်း၂၀၂၁ခုနှစ်ချန်ပီယံလိဂ်ဗိုလ်လုပွဲတုန်းကနှခေါင်းရိုးကျိုးပြီးမျက်လုံးခွံထိခိုက်တဲ့ဒဏ်ရာရရှိခဲ့ပေမဲ့၁၉ရက်အကြာတွင်ကစားရတဲ့ယူရို၂၀၂၀ပြိုင်ပွဲတွင်ပါဝင်ကစားခဲ့ဖူးရာ ဆန်ဟောင်မင်းမှာလည်းကစားလာနိုင်ဖို့ရှိပါတယ်။


ဆန်ဟောင်မင်းဟာတောင်ကိုရီးယားအတွက်၁၀၄ပွဲကစားကာ၃၅ဂိုးသွင်းထားပါတယ်။တောင်ကိုရီးယားဟာကာတာကမ္ဘာ့ဖလားအုပ်စု(ဇ)တွင်ပေါ်တူဂီ၊ဂါနာ၊ဥရုဂွေးတို့နှင့်တစ်အုပ်စုတည်းကျနေပါတယ်။


ဆန်ဟောင်မင်းဟာလာမယ့်တနင်္ဂနွေနေ့တွင်လီဗာပူးကိုဧည့်ခံကစားရမယ့်ပွဲစဉ်မှာ ပါဝင်လာဖို့မရှိပါဘူး။

Be the first to comment

Leave a comment

Your email address will not be published.


*