ယခုလက်ရှိခြေစွမ်းကိုထိမ်းထားရုံဖြင့်စံချိန်တင်ရမှတ်နဲ့ဗိုလ်စွဲမဲ့အာဆင်နယ်

ယခုနှစ်​ဘောလုံးရာသီအကုန်တွင် ပရီးမီးယားလိဂ်စံချိန်တင်ရမှတ်ရယူပြီး ချန်ပီယံဖြစ်နိုင်မဲ့အခွင့်အရေးကို ဆင်ပျံကြီး အာဆင်နယ် ရရှိထားပြီဖြစ်ပါတယ်။


အာဆင်နယ်ဟာပရီးမီးယားလိဂ်အဖွင့်ပွဲ၁၂ပွဲတွင်ရမှတ်၅မှတ်တည်းသာဆုံးရှုံးထားရပြီး၁၀ပွဲနိုင်၊၁ပွဲသရေဖြင့်၁ပွဲတည်းသာရှုံးနိမ့်ထားပါတယ်။

အာတီတာရဲ့အာဆင်နယ်ဟာပရီးမီးယားလိဂ်အမှတ်ပေးဇယားတွင်မနှစ်ကချန်ပီယံမန်စီးတီးကို ၂မှတ်ဖြတ်ပြီးဦးဆောင်ထားပါတယ်။

တကယ်လို့များအာဆင်နယ်ဟာယခုရာသီတွင်ကစားခဲ့တဲ့ခြေစွမ်းနှင့်ရလဒ်ကိုရာသီအကုန်အထိဆက်ထိန်းထားနိုင်မည်ဆိုပါကပရီးမီးယားလိဂ်စံချိန်တင်ရမှတ်၉၉မှတ်အထိရယူကာချန်ပီယံဖြစ်လာပါမယ်။
အာဆင်နယ်ရဲ့ယခင်ပရီးမီးယားလိဂ်တွင်အမြင့်မားဆုံးရမှတ်ရရှိခဲ့မှုက၁၉၉၂ခုနှစ်တုန်းကရမှတ်၉၀မှတ်ရယူနိုင်ခဲ့ပါတယ်။ယင်းစံချိန်ကိုအာဆင်နယ်ဟာ၂၀၀၃-၀၄ရာသီမှလိုက်မီနိုင်ခဲ့ပါတယ်။
အာဆင်နယ်ဟာ၂၀၀၃-၀၄ရာသီတုန်းကရှုံးပွဲမရှိပေမဲ့လည်း၃၈ပွဲတွင်၁၂ပွဲအထိသရေကျမှုနှင့်အတူအမှတ်များစွာဆုံးရှုံးခဲ့ရတာလည်းဖြစ်ပါတယ်။


ဒါပေမဲ့အာတီတာရဲ့ယခုရာသီအာဆင်နယ်ကတော့ရာသီအကုန်အထိလက်ရှိရလဒ်ပိုင်းကိုထိန်းထားနိုင်မည်ဆိုပါက ၉၉မှတ်ဖြင့်ချန်ပီယံဖြစ်မဲ့အပြင်ဒုတိယနေရာမှမန်စီးတီးကို၇မှတ်အထိဖြတ်ထားလာနိုင်ပါမယ်။


ပရိတ်သတ်တွေရော ဆင်ပျံကြီးအာဆင်နယ် သစ်ကိုင်းပေါ်က ပြုတ် ကြမလား အမြင့်ပဲဆက်ပျံသွားမလားဘယ်လိုထင်ကြလဲ ဆွေးနွေးခဲ့ကြပါအုန်း။

Be the first to comment

Leave a comment

Your email address will not be published.


*