ဘာစည်းမျဥ်းတွေကြောင့် PSGအသင်း အုပ်စုဒုတိယဖြစ်သွားရတာလဲ

ချန်ပီယံလိဂ် Group (H)မှာ ရှိနေတဲ့ ဘင်ဖီကာနဲ့ ပီအက်စ်ဂျီတို့ဟာအုပ်စုပွဲစဥ် ၆ပွဲလုံးအပြီးမှာတော့ ၁၆ သင်းအဆင့်ကို တက်ရောက်နိုင်ခဲ့ကြပါတယ်။

သို့ပေမဲ့ နောက်ဆုံးကစားခဲ့တဲ့ ပွဲစဉ်မှာ ဘင်ဖီကာဟာ မက္ကာဘီဟိုင်ဖာကို ဂိုးပြတ်အနိုင်ကစားပြီး အုပ်စုပထမနေရာကို အရယူသွားနိုင်ခဲ့ပါတယ်။

တစ်ဖက်မှာ ပီ အက်စ်ဂျီကလည်း ဂျူဗင်တပ်ကို အနိုင်ရပြီး ရမှတ်ချင်းလည်း တူနေသလို၊ ဂိုး ကွာခြားချက်လည်း တူညီနေပါတယ်။

ဒါကြောင့် အုပ်စုရပ်တည်မှုအတွင်းမှာ ဘင်ဖီကာဟာ ရမှတ် ၁၄ မှတ်၊ သွင်းဂိုး ၁၆ ဂိုး၊ ပေးဂိုး ၇ ဂိုး၊ ဂိုးကွာခြားချက် +၉ ဂိုးဆိုပြီး ရလဒ်ထွက်ခဲ့ပါတယ်။

အလားတူပါပဲ ပီအက်စ်ဂျီကလည်း ရမှတ် ၁၄ မှတ်၊ သွင်းဂိုး ၁၆ ဂိုး၊ ပေးဂိုး ၇ ဂိုး၊ ဂိုးကွာခြားချက် +၉ ဂိုးဆိုပြီး စွမ်း ဆောင်ထားနိုင်ခဲ့တာပါ။

 

ဒီလိုဆိုရင်ရင် ပီအက်စ်ဂျီကို ဘယ်လို စည်းမျဉ်းသတ်မှတ်ချက်က အုပ်စု ဒုတိယနေရာကို ပို့ပစ်လိုက်တာပါလဲ။ အကြောင်းက တော့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာလက်ရှိကျင့်သုံးနေတဲ့ အဝေးဂိုး စည်းမျဉ်းပဲ ဖြစ် ပါတယ်။ အုပ်စု ၆ ပွဲအတွင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပွဲစဉ်အားလုံးကို ကြည့်လိုက်မယ်ဆိုရင် ပီအက်စ်ဂျီရော၊

ဘင်ဖီကာပါ သွင်းဂိုးရော ပေးဂိုးချင်း ပါ တူညီနေပါတယ်။ ဒါ့အပြင် အဝေးကွင်း ပေးဂိုးတွေကလည်း ၈ ဂိုးစီနဲ့ အတူ တူပဲ ဖြစ်နေပါတယ်။ နောက်ပြီး

ထိပ်တိုက်တွေ့ဆုံမှုမှာလည်း ၁-၁ ဆိုတဲ့ အိမ်ကွင်း/ အဝေးကွင်း ရလဒ် ထွက်ထားပါတယ်။ သည်တော့က ဒီရာသီအတွက် ဆုံးဖြတ်ဖို့က ရေချိန်ညီနေတဲ့

အနေအထားဖြစ်ပါတယ်။ ဒါဆိုရင် အတိ အကျ ဆုံးဖြတ်ဖို့အတွက် ဘယ်အချက်ကို ယူအီးအက်ဖ်အေက ထည့်သွင်း စဉ်းစားသလဲဆိုတဲ့အခါ

အဝေးကွင်းသွင်းဂိုးတွေကို ထည့်ပြီး တွက်ချက်တာပါပဲ။ ဒီရာသီပွဲစဉ်အားလုံးမှာ ပီအက်စ်ဂျီအသင်း ရဲ့အဝေးကွင်းသွင်းဂိုး စုစုပေါင်းက ၈ ဂိုးပဲ ရှိခဲ့ပါတယ်။

ဒါပေမဲ့ ဘင်ဖီကာကတော့ အဝေးကွင်းသွင်းဂိုး စုစုပေါင်း ၁၄ ဂိုးအထိ ရခဲ့တာပါ။ ဒါကြောင့် ပေါ်တူဂီကလပ်ဟာ ချန်ပီယံလိဂ် အုပ်စု ထိပ်ဆုံးနေရာကို အလိုအလျောက် ရသွားခဲ့တာပဲ ဖြစ်ပါတယ်။

ယင်းအတွက်ကြောင့် ပီအက်စ်ဂျီတို့ဟာ ၁၆သင်းရှုံးထွက်အဆင့်မှာ

အုပ်စုပထမရထားတဲ့ အသင်းကောင်းတွေနဲ့ရင်ဆိုင်ရတော့မှာဖြစ်ပြီး ချန်ပီယံဆုမျှော်လင့်ချက်အတွက် ခက်ခက်ခဲခဲကြိုးစားရပါတော့မယ်

 

Be the first to comment

Leave a comment

Your email address will not be published.


*