မန်ချက်စတာယူနိုက်တက်အသင်းဟာ ယူရိုပါလိဂ် အုပ်စုနောက်ဆုံးပွဲစဉ်ကို ယှဉ်ပြိုင်ဖို့အတွက် လာမယ့် ကြာသပတေးနေ့မှာ စပိန်မြေကိုသွားရောက်ပြီးဆိုစီဒက်နဲ့ ရင်ဆိုင် ရပါတော့မယ်။
ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ခဲ့ရတဲ့ ယူနိုက်တက်ဟာ လာမယ့်မေလမှာ ကျင်းပမယ့်ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ ချန်ပီယံဖြစ်ဖို့ ရေပန်းစားနေတဲ့ အသင်းတွေထဲက တစ်သင်းဖြစ်ပါတယ်။ ဒါ ပေမဲ့ မန်ယူဟာ ယူရိုပါလိဂ် အုပ်စု (E) အဖွင့်ပွဲစဉ်မှာဆိုစီဒက်ကို အငြင်း ပွားဖွယ်ရာ ပင်နယ်တီသွင်းဂိုးနဲ့ ရှုံးခဲ့ရတာကြောင့် အုပ်စုပထမနေရာ ရဖို့ အတွက်ဆိုရင်တော့ လာမယ့်ပွဲစဉ်မှာ မဖြစ်မနေကိုအနိုင်ကစားရပါတော့ မယ်။
ယူနိုက်တက်ဟာ ၄ ပွဲဆက်တိုက်အနိုင်ရခဲ့တာကြောင့် ရမှတ် ၁၂ မှတ်နဲ့ အုပ်စု ဒုတိယနေရာမှာ ရပ်တည်နေပြီး ရာနှုန်းပြည့်နိုင်ပွဲရထားတဲ့ ဆိုစီဒက်ထက် ၃ မှတ်လျော့နေပါတယ်။
နောက်ပြီး ဆိုစီဒက်ဟာ ဂိုးကွာခြား မှုမှာလည်း +၉ ရှိထားပြီး မန်ယူက +၆ ဖြစ်နေပါတယ်။ ဒါကြောင့် မန်ယူဟာ အုပ်စုဗိုလ်နေရာ ရဖို့ဆိုရင် ဒီပွဲမှာဆိုစီဒက်ကို အနည်းဆုံး ၂ ဂိုးပြတ်နဲ့ အနိုင်ရဖို့ လိုအပ်ပါတယ်။ ရမှတ်တူနေတဲ့အခါ ယူရိုပါလိဂ်ရဲ့ စည်းမျဉ်းအရ ထိပ်တိုက်တွေ့ဆုံမှုကို တွက်ချက်ပြီးသွင်းဂိုးအသာနဲ့ အနိုင်တဲ့အသင်းက ဦးစားပေးအဆင့်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဆိုစီဒက်ဟာ မန်ယူကို ပြီးခဲ့တဲ့ အိုးလ် ထရက်ဖို့ဒ်ပွဲစဉ်မှာ ၁-၀ ဂိုးနဲ့နိုင်ထားတဲ့အတွက် ဒီပွဲမှာ မန်ယူက ၂ ဂိုးပြတ်နဲ့ အနိုင်ရခဲ့မယ်ဆိုရင် အုပ်စုပထမနေရာ ရရှိမှာဖြစ်ပါတယ်။ နောက်ပြီး မန်ယူ အတွက် အုပ်စုပထမနေရာရဖို့ကလည်းအတော်လေးကိုအရေးကြီးပါတယ်။
ဘာကြောင့်လဲဆိုတော့ အုပ်စုဒုတိယနေရာနဲ့သာ အဆုံးသတ်ခဲ့မယ်ဆိုရင် လာမယ့် ရှုံးထွက်ပွဲစဉ်မှာ
ချန်ပီယံလိဂ်က ပြုတ်လာတဲ့ အသင်းတစ်သင်းနဲ့ ထိပ်တိုက်တိုးရဖို့ ရှိနေလို့ပါ။ ဒီအတွက် မန်ယူဟာ ဒုတိယနေရာနဲ့သာ အဆုံး သတ်ခဲ့မယ်ဆိုရင်တော့
ဘာစီလိုနာ၊ အေဂျက်ဇ်၊ ဆီဗီလာ၊ ရှက်တာဒိုးနက်၊လေဗာကူဆင်၊ ဂျူဗင်တပ်၊စပို့တင်း တို့လို အသင်းမျိုးတွေနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။
သူနဲ့ ထိပ်တိုက်တွေ့နိုင်မယ့်အသင်းကိုတော့ ချန်ပီယံလိဂ် အုပ်စုပွဲစဉ်တွေ အပြီးကျရင် ပိုပြီး နီးနီးစပ်စပ် ခန့်မှန်းနိုင်မှာ ဖြစ်ပါတယ်။
အုပ်စုပထမနေရာနဲ့ နောက်တစ်ဆင့်တက်နိုင်ဖို့အတွက် မန်ယူ အသင်းသားတွေဘယ်လို ကြိုးစားပြီး တွန်းတွန်းတိုက်တိုက် ကစားကြမလဲဆိုတာကို ကြာသပတေးညမှာစောင့်ကြည့်ရပါအုန်းမယ်
Be the first to comment