ဒေါ့မွန်အသင်းဟာဘယ်လင်ဂမ်အတွက်စံချိန်တင်ပြောင်းရွှေ့ကြေးသတ်မှတ်

ကစားသမားဝယ်ရောင်းနဲ့ စီးပွားဖြစ်နေတဲ့ ဂျာမန်ကလပ် ဒေါ့မွန်အသင်းဟာ အသင်းကြီးတွေမျက်စိကျနေတဲ့ သူတို့ရဲ့တောင်ပံကစားသမား ဘယ်လင်ဂမ်အတွက် ပရီးမီးယားလိဂ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း၁၃၀ထိ အလိုရှိ နေကြောင်း သိရပါတယ်။

အသက်၁၉နှစ်ရှိအင်္ဂလန်ကွင်းလယ်ကစားသမားကိုယူနိုက်တက်၊ချဲလ်ဆီး၊လီဗာပူး၊ရီးရဲလ်မက်ဒရစ်တို့ကစိတ်ဝင်စားနေကြပါတယ်။

ပရီးမီးယားလိဂ်ကလပ်များဟာအင်္ဂလန်ကွင်းလယ်လူငယ်စတားကို ပေါင်၈၇သန်းဝန်းကျင်ဖြင့်ခေါ်ယူနိုင်ဖို့လည်းမျှော်လင့်နေကြပါတယ်။

ဒါပေမဲ့ Bild ရဲ့ဖော်ပြလာမှုအရ ဒေါ့မွန်ဟာလာမယ့်နွေရာသီတွင် ဘယ်လင်ဂမ်ကိုရောင်းချရမည်ဆိုပါကြောင်းရွှေ့ကြေးပေါင်သန်း၁၀၀အပြင် အောင်မြင်မှုနှင့်စွမ်းဆောင်ရည်အပေါ် မူတည်ပြီး နောက်ထပ်ပေါင်သန်း၃၀ပေးရမယ့်အချက်ဖြင့်သာရောင်းချလာမှာ ဖြစ်ကြောင်းသိရပါတယ်။

ဒါကြောင့်ပရီးမီးယားလိဂ်ထိပ်သီးများအနေဖြင့် ဘယ်လင်ဂမ်ကို ခေါ်ယူလိုပါက ပရီးမီးယားလိဂ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း၁၃၀အထိပေးချေရဖို့ရှိနေပါတယ်။

ယင်းပမာဏမှာလီဗာပူးက ကော်တင်ဟိုကို၂၀၁၈ခုနှစ်၊ဇန်နဝါရီတုန်းကဘာစီလိုနာသို့ပေါင် ၁၂၁.၅သန်းဖြင့် ရောင်းချမှုထက်မြင့်မားလာပါမယ်။

ပရီးမီးယားလိဂ်ကလပ်များရဲ့အင်္ဂလိပ်ကစားသမားတစ်ဦးကို စံချိန်တင်ပြောင်းရွှေ့ကြေးပေးပြီးခေါ်ယူမှုအဖြစ် အက်စတွန်ဗီလာမှ ဂရဲလ်လစ်ရှ်ကို မန်စီးတီးက ပေါင်သန်း၁၀၀ဖြင့်ခေါ်ယူပြီး ထိပ်ဆုံးမှ ရပ်တည်နေပါတယ်။

ဘယ်အသင်းတွေက စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ဘယ်လမ်ကို လာမဲ့ နွေရာသီမှာ အရခေါ်သွားမလဲဆိုတာ စောင့်ကြည့်ကြပါစို့

 

Be the first to comment

Leave a comment

Your email address will not be published.


*