ဘောလုံးပွဲဝေဖန်သူအဖြစ်တာဝန်ယူနေတဲ့ ဂျင်မီရက်နပ်က Sky Sports ကနေပြီး ပြိုင်ဘက်အသင်းတွေဟာ ယူနိုက်တက်ကွင်းလယ်လူ ကက်စ်စမဲလ်ရိုး ကိုထိတ်လန့်နေကြတယ်လို့ ပြောဆိုလိုက်ပါတယ်။ ရီးရဲလ်ကွင်းလယ်လူဟောင်းဟာ သရဲနီကွင်းလယ်မှာမမြင်ရတာကြာပြီဖြစ်တဲ့ အရည်အသွေးမျိုးပြသနေပြီး ရလဒ်ကောင်းတွေအတွက်အဓိကပုံ ဖော်ပေးနိုင်သူလို့ ရက်နပ်ကချီးကျူးခဲ့တာဖြစ်တယ်။
“ခင်ဗျားတို့ သဘောကျဖို့လိုပါတယ်။ ကျွန်တော်ယူနိုက်တက်ကွင်းလယ်ကို စောင့်ကြည့်နေတာ ကြာပါပြီ။ ပြိုင်ဘက်ထိတ်လန့်ရလောက်အောင် ပေါင်းစပ်မှုမျိုးတကယ်မတွေ့ခဲ့ဖူးပါဘူး။
သူလုပ်ခဲ့တာတွေက ဒီအဖွဲ့အတွက်အများကြီးယူဆောင်လာပေးသလိုပါပဲ။ တည်ငြိမ်တယ်၊ အရည်အသွေးရှိတယ်၊ ဘယ်အချိန်ခလုတ်နှိပ်ရမယ်၊ ဘယ်အချိန်ကြားဖြတ်လုရမယ်ဆိုတာတွေ အားလုံးကိုသိနေပါတယ်။ သူဒီလိုလုပ်ပြ နေတာဘယ်နှစ်ကြိမ်ရှိပြီလဲ။ တခြားလူတွေကိုအိတ်ကပ်ထဲကောက်ထည့်ပြီး မှန်ကန်တဲ့ပေးပို့မှုတွေလုပ်နိုင်တယ်။
တခြားအသင်းတွေက သူ့ကိုကြည့်ပြီး ‘ဝိုး..ကက်စ်စမဲလ်ရိုး ဟိုမှာရှိနေတယ်။ သူ့မှာ ဆူးအနည်းငယ်ရှိပေမဲ့ ဘယ်မှာနေရမလဲသိတယ်။ ယူနိုက်တက်ကွင်းလယ်မှာ အဲ့ဒါမျိုးမရှိဘူး။ အကြာကြီးစောင့်ကြည့်ခဲ့ပြီး အခုကွဲလွဲမှုတွေရှိလာတာတွေ့ရတယ်။ သူတို့မှာ ဘောလုံးကိုင်ပြီးမှန်ကန်တဲ့ကျော်ဖြတ်မှုလုပ်နိုင်သူမရှိပါဘူး” လို့ Sky Sports ကရုပ်သံကတစ်ဆင့် ဂျေမီရက်နပ်က ချီးကျူးခဲ့ပါတယ်။
ကက်စ်မဲလ်ရိုးဟာ အိုးလ်ထရက်ဖို့ဒ်မှာ အခြေကျဖို့အချိန်အနည်းငယ်ယူခဲ့ရပေမဲ့ ဘရာဇီးသားဟာ မန်ယူရဲ့ပုံစံပြန်လည်ရှင်သန်လာဖို့အတွက် အဓိကနေရာကနေ ပါ ဝင်ပေးနေတယ်လို့ ဂျေမီရက်နပ်က သုံးသပ်ခဲ့တာဖြစ်တယ်။
ပရိတ်သတ်တွေရော ကက်စမဲရိုးလ်ကို မန်ယူကွင်းလယ်မှာ သဘောကျရဲ့လားဗျ ဆွေးနွေးခဲ့ကြပါအုန်း။
Be the first to comment