အသင်းရဲ့နာမည်ကို ကတာကမ္ဘာ့ဖလားအပြီးမှာ ပြောင်းလဲတော့မာ် ဝေးလ်လက်ရွေးစ်အသင်း

ကာတာကမ္ဘာ့ဖလားပြိုင်ပွဲအပြီးတွင် ဝေးလ်လက်ရွေးစ်အသင်းဟာ အမည်ပြောင်းလဲရန်စဉ်းစားနေပြီးအမည်ပြောင်းလဲရေးနှင့်ပတ်သက်၍ယူအီးအက်ဖ်အေနှင့်လည်းဆွေးနွေးထားပြီးဖြစ်ကြောင်းသိရပါတယ်။


ရော့ဘ်ပေ့ချ်ရဲ့ဝေးလ်ဟာ၆၄နှစ်အတွင်းပထမဆုံးအကြိမ်အဖြစ်ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ထားပါတယ်။၎င်းတို့ဟာပလေးအော့ဖ်တွင်ဩစတြီးယား၊ယူကရိန်းတို့ကိုအနိုင်ယူကာခြေစစ်ပွဲအောင်မြင်လာခဲ့တာလည်းဖြစ်ပါတယ်။
ဝေးလ်ဟာနောက်ဆုံးအကြိမ်ကမ္ဘာ့ဖလားယှဉ်ပြိုင်ခွင့်ရရှိခဲ့တာ၁၉၅၈ခုနှစ်တုန်းကဖြစ်ပါတယ်။၎င်းတို့ဟာကမ္ဘာ့ဖလားအုပ်စု(ခ)တွင်အင်္ဂလန်၊အီရန်၊အမေရိကန်တို့နှင့်တစ်အုပ်စုတည်းကျရောက်နေပါတယ်။
ဒါပေမဲ့ Daily Mail ရဲ့ဖော်ပြလာမှုအရဝေးလ်ဟာကမ္ဘာ့ဖလားပြိုင်ပွဲအပြီးတွင် ဝေးလ်အမည်ကိုမသုံးတော့ဘဲ Cymru ဆိုတဲ့အမည်ကိုအသုံးပြုရန်စီစဉ်နေကြောင်းသိရပါတယ်။
Cymru အမည်မှာ ဝေးလ်နိုင်ငံအတွင်းတွင်ဝေးလ်အသင်းကိုခေါ်ဝေါ်တဲ့အမည်ဖြစ်ပါတယ်။ဒါပေမဲ့ကျန်တကမ္ဘာလုံးကတော့ဝေးလ်လို့သာခေါ်ဝေါ်ပါတယ်။


လက်ရှိအချိန်တွင်ဝေးလ်ဘောလုံးအဖွဲ့ချုပ်ဟာ Cymru အမည်သို့ပြောင်းလဲခေါ်ဝေါ်ရေးနှင့်ပတ်သက်ပြီးအတိအကျမဆုံးဖြတ်ရသေးပါဘူး။
ဝေးလ်ဘောလုံးအဖွဲ့ချုပ်အမှုဆောင်ချုပ်နိုရယ်မိုးနေက “ဒီအသင်းကို Cymru (ကမ်မရီ)လို့ဘဲ‌အမြဲတမ်းခေါ်ဝေါ်သင့်တယ်။ဒီမှာကဒီလိုပဲခေါ်ကြတယ်။ကျွန်တော်တို့ဒေသတွင်းကတော့ရှင်းရှင်းလေးပဲ။ကမ်မရီလို့ပဲခေါ်ကြတယ်။ဒါ့ကကျွန်တော်တို့လက်ရွေးစင်အသင်းတွေကိုခေါ်ကြတဲ့နာမည်ပါ။တကယ်လို့ကျွန်တော်တို့ဝက်ဘ်ဆိုက်ကိုဝင်ကြည့်ရင်လည်းကမ်မရီလို့ပဲခေါ်ဝေါ်တာတွေ့ပါလိမ့်မယ်”လို့ပြောကြားသွားပါတယ်။
ပရိတ်သတ်တွေလဲ ဝေးလ်ကို ကမ်မရီလို့ပြောင်းခေါ်ဖို့ ခုထဲက ကျင့်ထားကြတော့နော်။

Be the first to comment

Leave a comment

Your email address will not be published.


*