မက်ဆီဟာဘက်ခမ်းပိုင်တဲ့မေဂျာလိဂ်ကလပ်အင်တာမီယာမီကိုတကယ်ပြောင်းရွှေ့တော့မှာလား

ကမ္ဘာ့ဖလား ရယူဖို့စိတ်အားထက်သန်နေတဲ့ အာဂျင်တီးနား အသင်းခေါင်းဆောင် လီယွန်နယ်မက်ဆီဟာရာသီအကုန်တွင် ပီအက်စ်ဂျီနှင့်စာချုပ်သက်တမ်းကုန်ဆုံးပြီးပါကအမေရိကန်မေဂျာလိဂ်ကလပ်အင်တာမီယာမီသို့ပြောင်းမယ်လို့သတင်းထွက်ပေါ်လာပါတယ်။

အသက်၃၅နှစ်ရှိမက်ဆီဟာ၂၀၂၁ခုနှစ်နွေရာသီတုန်းကဘာစီလိုနာ မှပြောင်းရွှေ့ကြေးအလွတ်ဖြင့် ထွက်ခွာကာပီအက်စ်ဂျီသို့ နှစ်နှစ်စာချုပ်ဖြင့်ပြောင်းရွှေ့လာခဲ့သူဖြစ်ပါတယ််။

သူဟာပြင်သစ်ဘောလုံးလောကပထမဆုံးရာသီတွင်လီဂူး၁မှာ၆ဂိုးတည်းသာသွင်းယူပြီးရုန်းကန်ခဲ့ရပါတယ်။ဒါပေမဲ့သူဟာယခုရာသီမှာအကောင်းဆုံးပုံစံရလာရုံတင်မက အကောင်းဆုံးရာသီတစ်ခုကိုပါပိုင်ဆိုင်နိုင်မဲ့အလားအလာတွင်ရှိနေပါတယ်။

သူဟာယခုရာသီပြိုင်ပွဲအရပ်ရပ်တွင်ပီအက်စ်ဂျီအတွက်၁၇ပွဲကစားထားရာမှာ၁၂ဂိုးသွင်းယူပြီး၁၃ကြိမ်ဖန်တီးမှုပြုလုပ်ထားနိုင်ပါတယ်။

အာဂျင်တီးနားစူပါစတားဟာယခုရာသီအကုန်တွင်ပီအက်စ်ဂျီနှင့်စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်တာနဲ့အညီ ပဲရစ်တွင်ဆက်နေမလား၊အသင်းဟောင်းဘာစီလိုနာသို့ပြောင်းမလား၊ ဒါမှမဟုတ်အခြားကလပ်တစ်ခုသို့ပြောင်းမလားဆိုတာကို ပရိတ်သတ်တွေက အထူးစိတ်ဝင်စားနေကြပါတယ်။

ဒါပေမဲ့ယနေ့ထွက်ပေါ်လာတဲ့သတင်းအရ Ballon d’Or ၇ ကြိမ်ရလီယွန်နယ်မက်ဆီဟာအင်တာမီယာမီသို့ပြောင်းရန်ပိုမိုနီးစပ်နေကြောင်းသိရပါတယ်။

The Athletic ရဲ့ဖော်ပြမှုအရ ဒေးဗစ်ဘက်ဟမ်းပူးတွဲပိုင်ဆိုင်တဲ့ အင်တာမီယာမီဟာလွန်ခဲ့တဲ့နှစ်များစွာကတည်းကလီယွန်နယ်မက်ဆီနှင့်ဆွေးနွေးလာမှုနှင့်အတူခေါ်ယူရေးအတွက်ပိုမိုအခြေအနေကောင်းနေကြောင်းသိရပါတယ်။

ဒါပေမဲ့လီယွန်နယ်မက်ဆီဘက်ကတော့ရာသီအကုန်တွင်ဘယ်မှာကစားမယ်ဆိုတာနဲ့ပတ်သက်ပြီးဆုံးဖြတ်ရသေးပုံမပေါ်ပါဘူး။ မက်ဆီနှင့်ဖခင်ဖြစ်သူဟာကမ္ဘာ့ဖလားပြိုင်ပွဲအပြီးတွင်မှအနာဂတ်နှင့်ပတ်သက်ပြီးစဉ်းစားလာပါမယ်။

မက်ဆီဟာလာမယ့်ဇန်နဝါရီလမှစတင်ကာ နိုင်ငံခြားကလပ်နှင့်လွတ်လပ်စွာဆွေးနွေးခွင့်ရှိသလိုအကြိုစာချုပ်ပါချုပ်ဆိုခွင့်ရှိနေပါတယ်။

တကယ်လို့များလီယွန်နယ်မက်ဆီသာအင်တာမီယာမီသို့ပြောင်းရွှေ့လာပါက၂၀၀၇ခုနှစ်တွင်အယ်လ်အေဂလက်ဆီသို့ဒေးဗစ်ဘက်ဟမ်းပြောင်းရွှေ့ပြီးနောက် အကြီးကျယ်ဆုံးမေဂျာလိဂ်ရဲ့အပြောင်းအရွှေ့ဖြစ်လာပါမယ်။

ဘော်ဒါတွေရော မက်ဆီဘယ်အသင်းမှာကစားတာ မြင်ချင်ကြလဲ။စိတ်ထင်တဲ့ အသင်းကို ခန့်မှန်းဆွေးနွေးပေးခဲ့ကြပါအုန်း။

 

Be the first to comment

Leave a comment

Your email address will not be published.


*