အိုးလ်ထရက်ဖို့ကွင်းကြီးထဲမှာ ဝက်စ်ဟမ်းကို မားကပ်ရှပ်ဖို့ ရဲ့တစ်လုံးထဲသော ခေါင်းတိုက်ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ မန်ယူအတွက် အသက်နဲ့ ရင်းပြီး ပေးဆပ်ကစားသွားခဲ့တဲ့ နောက်ခံလူ အာဂျင်တိုင်းသား လီဆန်ဒရို မာတီနက်ဇ်ကတော့ သရဲနီ ပရိသတ်တိုင်းရဲ့ နှလုံးသားကိုသိမ်းပိုက်သွားခဲ့ပါပြီ။ ပထမပိုင်းမှာ သွင်းယူခဲ့ တဲ့ တိုက်စစ်မှူးရက်ရှ်ဖို့ရဲ့ အနိုင်ဂိုးကြောင့် မန်ယူဟာ ၈ ပွဲဆက်တိုက် ရှုံးပွဲမရှိ ရလဒ်ကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။
ဒါပေမဲ့ဟမ်းမားတွေနဲ့ပွဲစဉ်က မန်ချက်စတာယူနိုက်တက် အတွက်တော့ မလွယ်ကူခဲ့ပါဘူး။ ဧည့်သည်အသင်းဟာ ဒီပွဲမှာအစဥ်လာအတိုင်း မန်ယူကို ဒုက္ခပေးဖို့ အစွမ်းကုန် ကြိုးစားခဲ့တာဖြစ်ပြီး
မန်ယူရဲ့ တိုက်စစ်ကိုရော ခံစစ်ကိုပါ မြေလှန်ပစ်ဖို့ ကြိုးစားခဲ့တာပါ။ ဒါပေမဲ့ နည်း ပြ ဒေးဗစ်မိုယက်ရဲ့ အသင်းဟာ သရဲနီ တပ်သားတစ်ယောက်ကြောင့် မျှော်လင့်ချက်တွေ အရာမထင်ခဲ့ပါဘူး။
အေဂျက်ဇ်ကနေပြီး ရောက်လာကတည်းက ပုံမှန်ပွဲထွက်ခွင့်ရနေတဲ့ မာတီနက်ဇ်ဟာ အကောင်သေးပေမဲ့ အဆိပ်ပြင်းတယ်ဆိုတာကို ဝက်စ်ဟမ်းနဲ့ပွဲမှာထပ်မံ ပြခဲ့ပြီး သူ့ထက် လူကောင်းကြီးတဲ့ ဆကာမာကာ၊အန်တိုနီယိုတို့လို ကစားသမားတွေကို ပခုံးချင်းယှဉ်ပြခဲ့ပါတယ်။ ဒါ့အပြင် ပြိုင်ဘက်ကစားသမား ဆကာမာကာရဲ့ ကွန်ဖူးကစ်နဲ့ နောက်စေ့ကို ကန်တာတောင် ခံလိုက်ရပါသေးတယ်။
ဒါပေမဲ့ အသည်းကောင်းလို့ ပွဲတောင်းတဲ့ အာဂျင်တီးနားသားဟာ ဝက်စ်ဟမ်းနဲ့ပွဲမှာ အမှားအယွင်းမရှိတဲ့ ပေးပို့မှု ၅၈ ကြိမ် လုပ်နိုင်ခဲ့ပြီး ဘောလုံးကို ၇၉ ကြိမ် ထိခဲ့တယ်။
ဒီလို အံ့မခန်း စွမ်းဆောင်ရည်တွေကြောင့် ပွဲအပြီးမှာတော့ ပရိသတ်တွေဟာ အနိုင်ဂိုးရှင် ရက်ရှ်ဖို့ဒ်ကို ချီးမွမ်းခဲ့သလို မာတီနက်ဇ်ကိုလည်း ဂုဏ်ပြုခဲ့ကြပါတယ်။
‘’မာတီနက်ဇ်အကြောင်း ပြောစရာတောင် မလိုလောက်တော့ပါဘူး။ အခုဆို ရင် သူက ကမ္ဘာပေါ်မှာ အကောင်းဆုံးခံစစ် ကစားသမားဆိုတာ အားလုံး သိသင့် နေကြပါပြီ’’ လို့
ပရိသတ်တစ်ယောက်က တွစ်တာမှာ ရေးသားခဲ့ပါတယ်။ ဒုတိ ယတစ်ယောက်ကတော့ ‘’မာတီနက်ဇ်အကြောင်းကို သူတို့တွေ ထပ်ပြီး မပြောကြတာ တကယ့်ကို ဟာသပဲ။
သူက ပုံမှန်အတိုင်း ကစားတာဖြစ်ပေမဲ့ ခံစစ်တစ်ခုလုံးကို လုံနေအောင် ပိတ်သွားတယ်’’ လို့ တွစ်တာမှာ ရေးသားခဲ့ ပါတယ်။
နောက်ထပ် တစ်ယောက်ကတော့‘’အရပ်ကလေးပုနေလို့ လူတွေ က လှောင်ခဲ့ကြတယ်ပေါ့။ အခုတော့ သူတို့ ဘယ်လောက်အထိ ပိန်းသလဲဆို တာ သိကုန်ကြပြီ’’ လို့ ရေးသားခဲ့ပါတယ်။
မန်ယူပရိတ်သတ်တွေလဲ မာတီနက်ဇ် ရဲ့ခြေစွမ်းခြေစ ကိုနှစ်သက် အားရမယ်လို့ ယုံကြည်ပါတယ်။
Be the first to comment