ကစားသမားဘဝ တစ်လျှောက်လုံး စံချိန်တင်ထားတဲ့ တိုနီခရူးစ်ဟာမနေ့ညတုန်းကရီးရဲလ်မက်ဒရစ်နှင့်ဂီရိုနာတို့တစ်ဂိုးစီသရေကျတဲ့ပွဲစဉ်တွင်ပရော်ဖက်ရှင်နယ်ကစားသမားဘဝတစ်လျှောက်ပထမဆုံးအနီကတ်ပြသခြင်းခံခဲ့ရပါတယ်။
ဂျာမနီသားဟာဂီရိုနာနှင့်ပွဲစဉ်ရဲ့နာကျင်အချိန်ပိုတွင်နှစ်ဝါတစ်နီဖြင့်အထုတ်ခံခဲ့ရကာ ပရော်ဖက်ရှင်နယ်ကစားသမားဘဝ ၁၅နှစ်ကျော်အတွင်းပထမဆုံးအနီကတ်ပြသခံခဲ့ရတာလည်းဖြစ်ပြီး သူ့ရဲ့စံချိန်လဲကျိုးပျက်ခဲ့ရပါတယ်။
မနေ့ညတုန်းကပွဲစဉ်တွင်ရီးရဲလ်မက်ဒရစ်ဟာဗီနီရှပ်စ်ဂျူနီယာရဲ့ဂိုးဖြင့်ပွဲကိုဦးဆောင်နိုင်ခဲ့ပေမဲ့လည်းပွဲပြီးရန်၁၀မိနစ်အလိုတွင် အဆန်စီယိုရဲ့လက်ထိဘောမှတဆင့်ရရှိတဲ့ပင်နယ်တီမှတဆင့်ခရစ္စတီယန်စတူအာနီကဂီရိုနာအတွက်ပြန်လည်ချေပခဲ့ပါတယ်။
ပွဲပြီးခါနီးမိနစ်၉၀တွင်ရိုဒရီဂိုက ရီးရဲလ်မက်ဒရစ်အတွက်အနိုင်ဂိုးသွင်းခဲ့ပေမဲ့လည်းဂိုးသမားလက်ထဲမှဘောလုံးကိုလုကန်တယ်ဆိုပြီး VAR ကခွင့်မပြုခဲ့ပါဘူး။
ဂီရိုနာနှင့်သရေကျပေမဲ့ရီးရဲလ်မက်ဒရစ်ဟာလာလီဂါအမှတ်ပေးဇယားထိပ်ဆုံးမှာဆက်လက်ရပ်တည်နိုင်ခဲ့ပြီးဒုတိယနေရာမှာဘာစီလိုနာကိုတစ်မှတ်ဖြတ်ထားတုန်းဖြစ်ပါတယ်။
အသက်၃၂နှစ်ရှိဂျာမနီလက်ရွေးစင်ဟောင်းတိုနီခရူးစ်ဟာဘိုင်ယန်မြူးနစ်အတွက်ကစားတဲ့ ယူ-၁၉ပွဲတွင် အနီကတ်ပြသခြင်းခံခဲ့ရပြီးနောက် ပရော်ဖက်ရှင်နယ်ကစားသမားဘဝတွင်ပထမဆုံးအနီကတ်ပြသခြင်းခံခဲ့ရတာလည်းဖြစ်ပါတယ်။
သူဟာဂီရိုနာရဲ့တန်ပြန်တိုက်စစ်ကို တားဆီးရာတွင်ဥပဒေပကစားခဲ့မှုအတွက်ဒုတိယအဝါကတ်ပြသခြင်းခံခဲ့ရတာဖြစ်ပြီး အနီကတ်အတွက် တစုံတရာစောဒကတက်ခြင်းမပြုဘဲမဲ့ပြုံးပြုံးကာကွင်းအတွင်းမှထွက်ခွာသွားခဲ့ပါတယ်။
အမြဲတမ်းစံချိန်ကောင်းတွေတင်ထားတဲ့ တိုနီခရူးစ်အတွက်တော့ ယခု ပြသခံရတဲ့ အနီကတ်ကြောင့် အမဲစက်ထင်သွားတာတော့ စိတ်မကောင်းစရာပါပဲ။
Be the first to comment