တန်းဆင်းဇုန်နားက အသင်းတွေကို ပဲ လီဗာပူးဟာ ပရီးမီးယားလိဂ် ၂ ပွဲဆက် ရှုံးခဲ့ပါပြီ။အန်ဖီးလ် မှာလိစ်ဒ် ယူနိုက်တက်ကို ၂-၁ ဖြင့် ထပ်မံအရေးနိမ့်ခဲ့ပါတယ်။
ဒီရာသီ ဒဏ်ရာပြဿနာတွေနဲ့ရုန်းကန်နေရပြီး အတက်အကျ ကြမ်းလွန်းနေတဲ့ လီဗာပူးဟာ ချန်ပီယံလိဂ်မှာ အခြေအနေ ကောင်းပေမယ့် ပရီးမီးယားလိဂ်မှာအတော်လေး အခြေနေဆိုးနေပါတယ်။ ပွဲအပြီးမှာ လီဗာပူးရဲ့ ပြဿနာက ဘာလဲဆိုတာနဲ့ ဒီပွဲကို ဘာကြောင့် အရေးနိမ့်ခဲ့သလဲ ဆိုတဲ့ အပိုင်းတွေကို နည်းပြ ယာဂင်ကလော့ပ်က ဝန်ခံစကား ပြောဆိုသွားခဲ့ပါတယ်။
ပွဲအပြီး Sky Sports အင်တာဗျူးမှာ ကလော့ပ်ကပဲ ‘ အခြေအနေတွေက နောက်ပြန်ဆုတ်နေပါတယ်။ သိပ်ကောင်းတဲ့ အစတစ်ခုကို ရခဲ့ပေမယ့် မမျှော်လင့်ထားတဲ့ဂိုး ပေးလိုက်ရတယ်။
ကျနော်တို့ ခြေပဂိုး ပြန်ယူနိုင်ခဲ့ပေမယ့် တိုက်စစ်ကိုအရှိန်တင် ကစားနေတဲ့ ပြိုင်ဘက်ကို ရင်ဆိုင်ဖို့ ခက်ခဲခဲ့ပြီး ပွဲကို ထိန်းချုပ်ဖို့ ရုန်းကန်ခဲ့ရပါတယ်။ ဘောလုံးတွေ အများကြီးကို ခပ်လွယ်လွယ် ဆုံးရှုံးနေခဲ့တယ်။
ကောင်လေးတွေ ကြိုးစားပါတယ်၊ ကျနော်တို့ ပိုင်ဆိုင်မှုပိုင်း ကောင်းခဲ့တယ်၊ အခွင့်အရေးကြီးတွေ ရခဲ့တယ်။ အကယ်လို့ တစ်ဦးချင်း ထိပ်တိုက်တွေ့မှုတွေမှာနဲ့ ပြန်ဆယ်ဘောတွေမှာ မကောင်းခဲ့ရင် ဒီလိုပဲ ပွဲက အရမ်းကို ပွင့်သွားတော့မှာပါပဲ။
အဆုံးမှာတော့ ဧရိယာအတွင်း ၂ ယောက် ၁ ယောက် အနေအထားမှာ သူတို့ အဆုံးသတ်နိုင်ခဲ့တယ်။ ကျနော်တို့ရဲ့ ပြဿနာက ဒီအခြေအနေမှာ ဒီလိုပွဲမျိုးကို မထိန်းချုပ်နိုင် ဖြစ်နေတာပါပဲ။ အဲ့တာက တကယ့် ပြဿနာ ဖြစ်လာနေပါတယ် ’ လို့ ထုတ်ပြောခဲ့တယ်။
ဆက်ပြီးလည်း ‘ အသင်းလိုက် စွမ်းဆောင်ရည်ဆိုတာ တစ်ဦးချင်း စွမ်းဆောင်ရည်တွေ အပေါ်မှာ မူတည်နေပါတယ်။ တစ်ဦးက အခြားသူတွေကို ဦးဆောင်ပေးရတာပါ။
ပွဲကို သေချာကြည့်မယ်ဆိုရင် ပြန်ဆယ်ဘောတွေကို ကျနော်တို့ ခုခံခဲ့သလို ကစားလို့ မရပါဘူး။ ဒါပေမယ့် ကျနော်တို့ လုပ်ခဲ့တယ် ဒါကြောင့်ပဲ ကျနော်တို့ အရေးနိမ့်ခဲ့တာပါ။ ဒီပွဲက သရေတစ်မှတ်တော့ ရခဲ့သင့်ပါတယ်။ အခုတော့ ဘာအမှတ်မှ မရခဲ့ အဲ့အတွက် တမျိုးကြီး ခံစားနေရတယ်။
ကွင်းထဲ ကိုယ့်ရဲ့ အရည်အချင်းတွေကို ထည့်သွင်းနိုင်ဖို့ လိုပါတယ်။ ကျနော်တို့ တိုက်ခိုက်မှာပါ။ ရာသီစ ပထမရက်တည်းက ဒဏ်ရာကြောင့် ပြဿနာတွေ တတ်နေခဲ့တယ်။ ဒီအခြေအနေမှာ ကိုယ်ဘာသာ ကူညီနိုင်ဖို့ လိုပါတယ်၊ အဲ့အတွက် ရုန်းထရပါမယ် ’ လို့ ဆိုသွားခဲ့တာ ဖြစ်ပါတယ်။
လီပါဗူးဟာ နောက်ထပ်ပရီးမီးယားလိဂ် ပွဲကျပ်အဖြစ် နိုဝင်ဘာ ၆ရက်နေ့မှာ တော့တင်ဟမ် ဟော့စပါးရဲ့ အိမ်ကွင်းမှာ သွားရောက် ကစားရတော့မှာဖြစ်လို့ သူတို့ရဲ့ ကံကြမ္မာက အတော်ရင်လေးစရာပါပဲ။
Be the first to comment