ပုရိသတွကို ရင်ခုန်နှုန်းမြန်စေမဲ့ ထိုင်းနိုင်ငံရဲ့ ဘောလုံးကွင်းတွေထဲမှာ အားကစားသမားတွေနဲ့အတူ ပြေးလွှားနေတဲ့
ခပ်ချောချော အမျိုးသမီးဒိုင်တစ်ယောက်ကို သတိထားမိပါသလား။
သူမဟာ အခုအချိန်မှာ အားကစားလောကထဲ တစ်ဖြည်းဖြည်းနာမည်ကျော်လာနေပါပြီ။
သူမရဲ့ နာမည်က ခရွန်ကွမ် ဖြစ်ပြီး အသက် (၂၄)နှစ်သာရှိသေးတဲ့
ထိုင်းမိန်းမပျိုလေးတစ်ယောက်လည်းဖြစ်ပါတယ်။
ချောမောလှပတဲ့ ရုပ်ရည်ရှိသူဖြစ်တာကြောင့်လည်း
Instagram မှာ Follower တွေ နေ့စဉ်တိုးလာနေပါတယ်။
“Ying”လို့ သူမရဲ့သူငယ်ချင်းတွေက ခေါ်ဆိုကြတဲ့သူမဟာ
ဘောလုံးအားကစားကို နှစ်သက်သူတစ်ယောက်လည်း ဖြစ်ပါတယ်။
အသက် ၁၅ နှစ်အောက် ပြည်နယ်တွင်း လူငယ်ပြိုင်ပွဲ တွေမှာ ပါဝင်ကစားခဲ့ဖူးပြီးသူ့ငယ်ဘဝမှာ မှတ်မှတ်ရရ အဖြစ် မေဂျာ ဖူဆယ် ချန်ပီယံ ပွဲမှာလည်း ပါဝင်ကစားခဲ့ဖူးသူပါ။
သူမဟာ ထိုင်းနိုင်ငံရဲ့ အရှေ့မြောက်ဒေသမှာရှိတဲ့
Sakon Nakhon ကနေ ဘွဲ့ရရှိထားသူလည်းဖြစ်ပါတယ်။
ခရွန်ကွမ်ဟာ ဘောလုံးပွဲတွေကိုနှစ်သက်ပေမယ့် သူမရဲ့ ဝါသနာကတော့ဝီစီကိုင်ပြီးကွင်းထဲမှာ ကစားသမားတွေကို စီမံခန့်ခွဲ ပေးရတာကို ပိုပြီးနှစ်သက်ပါတယ်။
ခရွန်ကွမ် ဟာ အခုအခါ အပျော်တမ်းဘောလုံးပွဲတွေနဲ့ တိုင်းအဆင့် ဘောလုံးပွဲတွမှာကွင်းလယ်ဒိုင်လူကြီးအဖြစ် တာဝန်ယူ ဆောင်ရွက် နေပါပြီ။
သူမဟာ ထိုင်းမှာ တိုင်းလက်ရွေးစင်အဆင့် ဘောလီဘော အားကစားမယ်တစ်ဦးဖြစ်ပေမယ့်ဘောလုံးပွဲတွေမှာ ကွင်းလယ်ဒိုင်တစ်ဦးအဖြစ် ပြောင်းလဲဆောင်ရွက်ခဲ့ရာကနေ
တစ်ဖြည်းဖြည်းနာမည်ကျော်လာခဲ့တာပါ။
စမတ်ကျလွန်းတဲ့အပြင် ကျော့ရှင်းလွန်းတဲ့ ခန္ဓာကိုယ်အနေအထား၊
ချောမွေ့ရှင်းသန့်လွန်းတဲ့အသားအရေကြောင့်လည်း ခရွန်ကွမ် ဟာ
ဘောလုံးဒိုင်လူကြီးတစ်ဦးထက် မော်ဒယ်တစ်ဦးပမာ ထင်မှားရပါတယ်။
ဒါကြောင့်လည်း သူမရဲ့ ချောမောလှပလွန်းတဲ့ ရုပ်ရည်သွင်ပြင်ကို
ပရိသတ်တွေက သတ်ထားမိရာကနေ အခုအခါ ဘောလုံးပွဲထက်
သူမရဲ့ ရုပ်ရည်လှပမှုကို လာကြည့်တဲ့ ပရိသတ်တွေက ပိုများလာ နေပြီလို့လည်း ဆိုကြပါတယ်။
ခရွန်ကွမ် ဟာ ကွင်းထဲမှာ ဆုံးဖြတ်ချက် ပြတ်သားသူ တစ်ယောက်လည်း ဖြစ်ပြီး ဥပဒေပကစားတဲ့ ကစားသမားတွေ အပေါ်မှာလည်းထိုက်သင့်တဲ့ ပြစ်ဒဏ်တွေချမှတ်ဖို့ ဝန်မလေးသူ လည်းဖြစ်ပါတယ်။
တော်တန်ရုံကစားသမားကတော့ ခရွန်ကွမ် ပြစ်ဒဏ်ပေးတဲ့အခါ
ဆန့်ကျင်မယ့်ပုံမပေါ်လောက်ပဲ သူမရဲ့ အလှအပမှာပဲ မျောပါသွားမယ့်သဘောရှိပါတယ်။
ထိုင်းပရိသတ်တစ်ချို့ကတော့ ခရွန်ကွမ် ကိုကမ္ဘာ့အချောမောဆုံး ဒိုင်လူကြီးတစ်ဦးအဖြစ်တောင် တင်စားနေကြပါပြီ။
ပရိသတ်တွေအနေနဲ့လည်း ခရွန်ကွမ် ဒိုင်လုပ်မယ့်ပွဲမျိုးမှာ ပါဝင်ကစားခွင့်ရမယ်ဆိုရင်ဘယ်လို ခံစားရမလဲ မသိဘူးနော် ။
ခရွန်ကွမ်ကို စိတ်ဝင်စားတဲ့ပရိသတ်တွေအနေနဲ့
သူမအသုံးပြုနေတဲ့ Instagram အကောင့် krongkwan_18 ကိုလည်း Follow လုပ်ထားသင့်ပါတယ်။ကဲဘယ်လိုလဲ အားပေးကြတော့ မလား။
Be the first to comment