ချန်ပီယံလိဒ်မှာ နောက်တစ်ဆင့်တက်ဖို့အတွက် အသဲအသန်အမှတ်လိုအပ်နေတဲ့ တော့တင်ဟမ် ဟော့စပါးအသင်းဟာ လာမယ့် အင်္ဂါနေ့မှာ ယှဉ်ပြိုင်ကစားတော့မယ့် ချန်ပီယံလိဂ် ပွဲစဉ်ဖြစ်တဲ့ မာဆေးလ်နဲ့ပွဲစဉ်မှာ ဘုန်းမောက်နဲ့ပွဲကရခဲ့တဲ့ နိုင်ပွဲဆာလောင်စိတ်ကို အသုံးချမယ်လို့ စပါးနည်းပြ ကွန်တီက ပြောဆိုလိုက်ပါတယ်။
စပါးဟာ ပရီးမီးယားလိဂ်မှာ မန်ယူနဲ့ နယူးကာဆယ်တို့ကို ဆက်တိုက် ရှုံးခဲ့ပြီးတဲ့နောက် ဘုန်းမောက်နဲ့ အဝေးကွင်းပွဲစဉ်မှာ အံသြသင့်ဖွယ်ရာ come backနဲ့ နိုင်ပွဲပြန်ရခဲ့ပြီး မာဆေးလ်နဲ့ ပွဲစဉ်အတွက်စိတ်ဓာတ်ခွန်အားရခဲ့ပြီဖြစ်ပါတယ်။ ဒါကြောင့် အဲဒီနိုင်ပွဲကပေးတဲ့ စိတ်ဓာတ်ခွန်အားကို အသုံးချပြီး မာဆေးလ်နဲ့ပွဲစဉ်ကို ဗိုလ်လုပွဲစဉ်တစ်ခုလို ကစားသွားမှာ ဖြစ်တယ်လို့ ကွန်တီက ဆိုပါတယ်။
လန်ဒန်ကလပ်ဟာ ပြင်သစ်ထိပ်သီးကလပ်နဲ့ ကစားမယ့် ပွဲစဉ်မှာ တစ်မှတ်ရရုံနဲ့တင် ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ကို တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။ ‘’ဒီနိုင်ပွဲက ကျွန်တော်တို့အတွက်
အရေးပါတယ် လို့ ကျွန်တော်ထင်ပါတယ်။ အထူးသဖြင့် ပရီးမီးယားလိဂ်မှာ နှစ်ပွဲဆက်တိုက် ရှုံးခဲ့ပြီးတဲ့နောက် အခုဆိုရင် ဒီနိုင်ပွဲဟာ မာဆေးလ်နဲ့ပွဲကို ဗိုလ်လုပွဲတစ်ပွဲအဖြစ်
ကစားအောင် စိတ်အားထက်သန်မှုတွေနဲ့ နိုင်ပွဲဆာလောင်စိတ်တွေ ပေးပါတယ်။ ချန်ပီယံလိဂ်မှာ နောက်တစ်ဆင့်တက်ဖို့အတွက် ဒီပွဲက ကျွန် တော်တို့အတွက် ဗိုလ်လုပွဲပါပဲ။
ဒီပွဲကို ရှုံးခဲ့မယ်ဆိုရင်ဆိုတဲ့ အတွေးမျိုး ကျွန်တော် မတွေးချင်ပါဘူး။ ဘုန်းမောက်နဲ့ ပထမပိုင်း ပြီးသွားတဲ့နောက်မှာ ကျွန်တော် အကောင်းပဲ မြင်ခဲ့ပါတယ်။ ဒီပွဲက ကျွန်တော်တို့အပေါ်မှာပဲ
မူတည်နေတာ ကြောင့် ကစားသမားတွေဆီကနေပြီး တာဝန်သိစိတ်နဲ့အတူ တာဝန်ကျေကျေ ကစားပေးကြဖို့ ပိုပြီး တိုက်တွန်းခဲ့တာပဲ ရှိပါတယ်။ ဒုတိယပိုင်းမှာ ဒုတိယဂိုး ပေးလိုက်ရပေမဲ့လည်း
ပြိုင်ဘက်ကို အထိနာအောင် ကျွန်တော်တို့ ကစားနိုင်ခဲ့ပါတယ်။ ဂိုးသွင်းဖို့အတွက် အခွင့်အရေးတွေ အများကြီး ဖန်တီးနိုင်ခဲ့သလို ကစားရခက်တဲ့ ကွင်းတစ်ကွင်းမှာ ကျွန်တော်တို့ အနိုင်ရခဲ့တယ်။
ဘာကြောင့်လဲဆိုတော့ ဘုန်းမောက်က တကယ့်ကို ကောင်းတဲ့ အသင်းမို့လို့ ပါ’’ လို့ စပါးနည်းပြ ကွန်တီက RTE Sport သတင်းအစီအစဉ်ကို ပြောဆိုသွား ခဲ့တာဖြစ်ပါတယ်။
စပါးဟာ ချန်ပီယံလိဂ် အုပ်စု (D) မှာ ရမှတ် ၈ မှတ်နဲ့ ထိပ်ဆုံးက ဦးဆောင်နေပြီး သူ့အောက်မှာတော့ စပို့တင်းနဲ့ ဖရန့်ဖတ်တို့က ရမှတ် ၇ မှတ်စီနဲ့ အစဉ်လိုက် ရပ်တည်နေကြပါတယ်။
အမှတ်မတိမ်းမရိမ်းဖြစ်နေတဲ့ ချန်ပီယံလိဂ် အုပ်စု Dမှာ ဘယ်အသင်းတွေ နောက်တစ်ဆင့်တက်ပြီး ဘယ်အသင်းက ယူရိုပါလိဂ် ဆင်းကစားရမလဲ ဆိုတာကတော့ အဂ်ါညရဲ့ ရင်ခုန်စရာအကောင်းဆုံး ပွဲစဥ်အဖြစ် ရှိနေခဲ့တာကတော့ အသေချာ ပါပဲ။
Be the first to comment