လူတစ်ယောက်ရဲ့ ပင်ကိုယ်အကျင့်စရိုက်ဆိုတာ ဘယ်လောက်ထိမ်းထိမ်း အချိန်တန်ရင်ပေါ်ပေါက်လာရစမြဲပါ။
ဘောလုံးလောကမှာလည်း နာမည်ဆိုးဖြင့်ကျော် ကြားခဲ့တဲ့ဘောလုံးလူမိုက် ဒီယေဂိုကော်စတာဟာ သူ့ရဲ့ပင်ကိုယ်အကျင့်တွေကို ဖျောက်ဖျက်လို့မရသေးပဲ မနေ့ညတုန်းကဘရန့်ဖို့ဒ်နှင့်ပွဲစဉ်တွင် ဘင်မီးကိုခေါင်းဖြင့်ဆောင့်တိုက်ခဲ့မှုကြောင့်တိုက်ရိုက်အနီကတ်ပြထုတ်ပယ်ခြင်းခံလိုက်ရပါတယ်။
အထက်ပါဖြစ်ရပ်မှာဘရန့်ဖို့ဒ်နှင့်ဝုဗ်တို့တစ်ဂိုးစီသရေကျတဲ့မနေ့ညကပရီးမီးယားလိဂ်ပွဲစဉ်တွင်ဖြစ်ပျက်ခဲ့တာဖြစ်ပါတယ်။
ထူးဆန်းတာကတော့ယင်းအနီကတ်ကဘောလုံး လူဆိုး ဒီယေဂိုကော်စတာအတွက်ပထမဆုံးပရီးမီးယားလိဂ် အနီကတ်ဖြစ်နေတာဖြစ်ပါတယ်။
ကော်စတာဟာနာကျင်အပိုတွင်သူ့ကိုအနီကတ်ပြသခံရစေတဲ့ခေါင်းတိုက်မှုအတွက်အသင်းဖော်တွေအား တောင်းပန်မှုပြု လုပ်ခဲ့တာ လည်းတွေ့ရပါတယ်။
ကော်စတာဟာဘရန့်ဖို့ဒ်ဧရိယာထိပ်တွင်ဖြတ်တင်ဘောကိုစောင့်ဆိုင်းနေစဉ်ဘင်မီးကိုခေါင်းဖြင့်ဆောင့်တိုက်ခဲ့တာလည်းဖြစ်ပါတယ်။၎င်းဖြစ်ရပ်ကို VAR ကသတိထားမိပြီးစစ်ဆေးခဲ့ကာ အနီကတ်ပြစေခဲ့တာလည်းဖြစ်ပါတယ်။
ကော်စတာဟာ ယင်းအနီကတ်ကြောင့် သုံးပွဲပယ်ပြစ် ဒဏ်ကျခံရတော့မှာဖြစ်ပါတယ်။သူဟာကမ္ဘာ့ဖလားပြိုင်ပွဲရောက်တဲ့အထိဝုဗ်အတွက်ကစားခွင့်ရတော့မှာမဟုတ်တော့လို့ တိုက်စစ်မှာ ဂိုးရဖို့ရုန်းကန်နေရတဲ့ ဝုဗ်ဗာဟမ်တန် အတွက်တော့ သတင်းဆိုးပါပဲ။
Be the first to comment