မန်စီးတီးအသင်းရဲ့ နည်းပြ ပတ်ဂွါဒီယိုလာက”လက်ရှိဘောလုံးရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် အကြီးမားဆုံးပြိုင်ဘက်က အဆင့် ၁ ရောက်နေတဲ့ အာဆင်နယ်မဟုတ်ပဲ မန်ချက်စတာယူနိုက်တက်ဖြစ်နေပြီ” လို့ အတိအလင်းကို ဝန်ခံထုတ်ဖော်လိုက်ပါတယ်။
ဂန်းနားတို့ဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို မန်စီးတီးအထက်ကနေပြီး ၂ မှတ် အသာနဲ့ ဦးဆောင်နေပေမယ့် မြို့ခံပြိုင်ဘက်ဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်ကသာ
အဓိက ပြိုင်ဘက်ဖြစ်လာပြီလို့ဂွါဒီယိုလာက ညွှန်းဆိုလိုက်တာပါ။ စပိန်သားနည်းပြရဲ့ အသင်းဟာ ဒီရာသီမှာ ပရီးမီးယားလိဂ် ဆုဖလားရယူနိုင်ရေးထက် ချန်ပီယံလိဂ်ကို
ဦးစားပေးနေပေမဲ့လည်း လုံးဝကို ပစ်ပယ်ထားတာမျိုးမဟုတ်ဘဲ စစ်မျက်နှာ ၂ ခုကို အင်အား အလုံးအရင်းနဲ့ တပ်ဖြန့်ထားတဲ့ပုံစံမျိုး ဖြစ်ပါတယ်။ ဒါပေမဲ့လည်း တစ်ဖက်မှာ
မန်ယူရဲ့ ပုံစံကောင်း ပြန်ရလာမှုဟာ မန်စီး တီးအတွက် အဟန့်အတား ဖြစ်လာနိုင်ပြီး မန်ယူနဲ့အပြိုင် ပရီးမီးယားလိဂ် ဖလားကို လုရတော့မယ့်လို့ သတိပေးလိုက်ပါတယ်။
‘’မန်ယူပြန်လာပြီဆိုတဲ့ စိတ်ခံစားမှုမျိုး ကျွန်တော့်မှာ ရှိနေတယ်။ နောက်ဆုံးမှာတော့ မန်ယူပြန်လာပြီဗျ။ ချဲလ်ဆီးနဲ့ပွဲစဉ် ပထမပိုင်းကို မနေ့တုန်းက ကျွန်တော်ကြည့်ခဲ့တယ်။
လက်ရှိ မန်ယူအသင်းဆီကနေပြီး ကျွန်တော် ကြိုက်နှစ်သက်တဲ့ အချက်တွေကို တွေ့ မြင်ခဲ့ရတယ်ဗျာ။ ချန်ပီယံလိဂ်မှာက အသင်းကောင်း တွေ အများကြီး ရှိနေတယ်ဗျ။
အဲဒီတော့ ခင်ဗျား တိုက်ပွဲဝင်ရလိမ့်မယ်။ ချန်ပီယံဆုအတွက် တိုက်ပွဲဝင်ရမယ်။ အဓိက ဦးစားပေးကတော့ ချန်ပီယံလိဂ်ပါ။
ကျွန်တော်တို့ရဲ့ ပရီးမီးယားလိဂ်ပုံစံအတွက်တော့အများကြီး အားမစိုက် ထားဘူး။ အခုဆိုရင် ကျွန်တော်တို့ဟာ ကမ္ဘာ့ဖလားပွဲ မတိုင်ခင်အထိ ၃ ပွဲ ကစားဖို့ ရှိနေတယ်။ အဲဒီပွဲတွေဟာ ကျွန်တော်အသင်းရဲ့ ပရီးမီးယားလိဂ်အလားအလာကို အများကြီး စကားပြောလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်’’ လို့ ဂွါဒီယိုလာက ပြောဆိုခဲ့ပါတယ်။ နောက်ပြီး လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယားအဆင့် ၄ နေရာမှာ ရပ်တည်နေတဲ့ နယူးကာဆယ်လို အ သင်းမျိုးကလည်း သူတို့အသင်းရဲ့ ပရီးမီးယားလိဂ် ချန်ပီယံပြေးလမ်းမှာ ခလုတ်ကန်သင်း တစ်ခုလိုမျိုး ရှိနေနိုင်တယ်လို့ဘာစီလိုနာနဲ့ဘိုင်ယန် နည်းပြဟောင်းက မှတ်ချက်ပြုခဲ့ပါတယ်။
မန်စီးတီးအသင်းဟာ စနေနေ့ ၆နာရီမှာ လက်စတာစီးတီးရဲ့ ကင်းပါဝါ ကွင်းကြီးမှာ သွားရောက်ကစားရမှာဖြစ်ပါတယ်။
Be the first to comment