ခရစ္စတီယာနိုရော်နယ်ဒိုနှင့်ပေါ်တူဂီအသင်းကို စူပါကွန်ပျူတာကလာမယ့်ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာအသည်းကွဲရ ပြီးထုံးစံအတိုင်း အသင်းခေါင်းဆောင် လတ်ပတ် လွှင့်ပစ်ရ မယ်လို့ဟောကိန်းထုတ်လာပါတယ်။
BCA Research ကအချက်အလက်များကို အခြေခံတွက် ချက်လာမှုအရ အာဂျင်တီးနားဟာ လီယွန်နယ်မက်ဆီရဲ့ ဦးဆောင်မှုနှင့်အတူ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံ ဖြစ်လာမယ်လို့ဟောကိန်းထုတ်လာတာလည်းဖြစ်ပါတယ်။
ဒါကြောင့်ကမ္ဘာ့ဖလားဗိုလ်လုပွဲတွင်မက်ဆီရဲ့အာဂျင်တီးနားဟာခရစ္စတီယာနိုရော်နယ်ဒိုရဲ့ပေါ်တူဂီကိုအနိုင်ရရှိလာမှာလည်းဖြစ်ပါတယ်။
ပေါ်တူဂီဟာကမ္ဘာ့ဖလားသမိုင်းမှာတစ်ကြိမ်မျှကမ္ဘာ့ဖလားဗိုလ်လုပွဲသို့တက်ရောက်ခဲ့ဖူးခြင်းမရှိပါဘူး။
ဒါပေမဲ့ EA Sports FIFA ဗီဒီယိုဂိမ်းမှကစားသမားများရဲ့အချက်အလက်များ၊နောက်ဆုံးဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲလေးခုမှအချက်အလက်များအရ တွက်ချက်လာမှုအရဖာနန်ဒိုဆန်းတို့စ်ရဲ့ပေါ်တူဂီဟာဗိုလ်လုပွဲအထိတက်ရောက်လာမယ်လို့ဟောကိန်းထုတ်ခံလာရတာဖြစ်ပါတယ်။
အင်္ဂလန်ဟာကာတာကမ္ဘာ့ဖလားပြိုင်ပွဲတွင်လည်း၂၀၁၈ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းကကဲ့သို့ပင်ဆီမီးဖိုင်နယ်သို့တက်ရောက်လာမယ်လို့ဟောကိန်းထုတ်ခံခဲ့ရပါတယ်။ဒါပေမဲ့ဆောက်ဂိတ်ရဲ့အင်္ဂလန်ဟာပေါ်တူဂီကိုပင်နယ်တီအဆုံးအဖြတ်ဖြင့်အဂ်လန်ရဲ့ပင်ကိုယ် အစဥ်အလာအတိုင်းရှုံးနိမ့်လာပါမယ်။
၎င်းတို့နှစ်သင်းဟာ၂၀၀၆ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းကကွာတားဖိုင်နယ်တွင်ဆုံတွေ့ခဲ့ဖူးပြီးပေါ်တူဂီကပင်နယ်တီဖြင့်အနိုင်ရသွားခဲ့ပါတယ်
အင်္ဂလန်ဟာကမ္ဘာ့ဖလားအုပ်စု(ခ)တွင်အီရန်၊အမေရိကန်၊ဝေးလ်တို့ကျရောက်နေရာအုပ်စုဗိုလ်အဖြစ်နောက်တဆင့်သို့တက်မယ့်အသင်းအဖြစ်ဟောကိန်းထုတ်ခံထားရပါတယ်။
အင်္ဂလန်ဟာဒုတိယအဆင့်တွင်ဆီနီဂေါကိုလည်းကောင်း၊ကွာတားဖိုင်နယ်တွင်မက္ကဆီကိုအားလည်းကောင်းအနိုင်ယူကာဆီမီးဖိုင်နယ်သို့တက်ရောက်လာပါမယ်။
လက်ရှိချိန်ပီယံပြင်သစ်ဟာအုပ်စု(ဃ)တွင်ဒုတိယအဖြစ်ရပ်တည်ပြီးရှုံးထွက်အဆင့်တွင်အာဂျင်တီးနားကိုရှုံးနိမ့်ကာကမ္ဘာ့ဖလားမှထွက်ရမယ်လို့စူပါကွန်ပျူတာကဟောကိန်းထုတ်ထားပါတယ်။စူပါကွန်ပျူတာရဲ့ ဟောကိန်းတွေမှန်လား မှားလားဆိုတာတော့ မဝေးတော့တဲ့ လာမဲ့ နိုဝင်ဘာလမှာ စောင့်ကြည့်ရတော့မှာပဲ ဖြစ်ပါတယ်။
Be the first to comment