PSVကိုရှုံးနိမ့်ပြီးနောက်အုပ်စုဗိုလ်ဖြစ်ဖို့ရုန်းကန်ရတော့မဲ့အာဆင်နယ်နှင့်လမ်းခရီးဖြောင့်ဖြူးနေတဲ့ အာဆင်နယ်အမျိုးသမီးအသင်း

အာဆင်နယ်အသင်းဟာယူရိုပါလိဂ် အုပ်စုပွဲစဥ်မှာ ပီအက်စ်ဗွီ ကို ၂-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့အတွက် အုပ်စုပထမနေရာ သေချာစေရေးအတွက် နိုဝင်ဘာ ၄ ရက်နေ့မှာ ဇူးရစ်ကို အနိုင်ကစားမှ ရပါတော့မယ်။ မိုက်ကယ်အာတီတာက အသင်းမှာ ဝမ်းနည်းနေဖို့ အချိန်မရှိကြောင်း နဲ့ လာမယ့် နောတင်ဟမ်ဖောရက်စ် နဲ့ ပွဲစဉ်မှာ အကောင်းဆုံး တုန့်ပြန်ပြဖို့ကို အသင်းသားတွေကို တိုက်တွန်း ပြောကြားလိုက်ပါတယ် ၊ ဒါ့အပြင် အာတီတာက ပီအက်စ်ဗွီ နဲ့ ပွဲအတွင်း အသင်းရဲ့ စွမ်းဆောင်ရည်ကို စိတ်ပျက်ခဲ့ရတယ်လို့ ဆိုသွားခဲ့ကာ ပီအက်စ်ဗွီ ဟာ သူတို့ထက် များစွာ ပိုကောင်းတဲ့ အသင်း ဖြစ်ခဲ့တယ်လို့လည်း ဝန်ခံသွားခဲ့ပါတယ်

အာဆင်နယ် ဂိုးသမား အာရွန်ရမ်စ်ဒေးလ် က‌တော့ ညကပွဲမှာ ပီအက်စ်ဗွီ ရသွားတဲ့ ဒုတိယဂိုးဟာ သူ့ရဲ့ အမှားကြောင့် ဖြစ်တယ်လို့ ဝန်ခံသွားခဲ့ပါတယ် ၊ ရမ်စ်ဒေးလ် က အဆိုပါဂိုးကြောင့် ပြိုင်ပွဲရလဒ်ဟာ ၂-၀ ဖြစ်သွားခဲ့ရပြီး အသင်းကို ပြန်လာစေဖို့ရာ လုံးဝ ခက်ခဲသွားစေခဲ့တယ်လို့လည်း ထုတ်ဖော် ပြောကြား သွားပါတယ် ၊ ဒါ့အပြင် ရမ်စ်ဒေးလ်က သူအပါအဝင် အသင်းသားတွေ အားလုံးဟာ အခြေခံဘောလုံးပေးပို့တာတောင်မှ ပျက်ကွက်ခဲ့တယ်လို့ ဆိုခဲ့ပါတယ်

လူစားဝင် ကစားသမားတွေရဲ့ အာဆင်နယ် အသင်းအပေါ် အကျိုးပြနိုင်စွမ်း ကင်းမဲ့ပုံကို Opta ရဲ့ အချက်‌အလက်တွေက အခုလို ဖော်ပြခဲ့ပါတယ် ၊ အာဆင်နယ်ရဲ့ လူစားဝင် ကစားသ‌မားတွေဟာ ပြိုင်ပွဲစုံ နောက်ဆုံး (၃၀)ပွဲဆက် ဂိုးသွင်းယူနိုင်ခြင်း မရှိသေးတာပဲ ဖြစ်ပါတယ် ၊ ပြီးခဲ့တဲ့ ဖေဖော်ဝါရီတုန်းက ဝုဗ်ကို ၂-၁ နဲ့ အနိုင်ရခဲတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်အတွင်းက လူစားဝင် ကစားသမား ပီပီ ရဲ့ သွင်းဂိုးနောက်ပိုင်း အာဆင်နယ် အသင်းရဲ့ လူစားဝင် ကစားသမားတွေဟာ ဂိုးလုံးဝ သွင်းယူထားနိုင်ခြင်း မရှိတော့တာပါ

အာဆင်နယ် အမျိုးသမီး အသင်းကတော့ မ‌နေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ Women Champion League အုပ်စုပွဲစဉ်မှာ ဇူးရစ်ခ်ျ အသင်းကို ၃-၁ နဲ့ အနိုင်ရခဲ့ပြီး (၂)ပွဲကစား ၊ (၂)ပွဲနိုင် နဲ့ Group (C)ကို ထိပ်ဆုံးက ဦးဆောင်ပြလိုက်ပါတယ် ၊ သွင်းဂိုးတွေကိုတော့ ကွင်းလယ်လူ ဂျော်ဒန်နုပ်စ် နဲ့ တောင်ပံတိုက်စစ် ကစားသမား ဟာတစ် တို့က သွင်းယူခဲ့ကြတာပါ ၊ ဒီနိုင်ပွဲဟာ ဂန်းနားလေဒီတို့ အတွက် ပြိုင်ပွဲစုံ (၆)ပွဲဆက် အနိုင်ရခဲ့ခြင်းလည်း ဖြစ်ခဲ့ပါတယ်။

 

 

Be the first to comment

Leave a comment

Your email address will not be published.


*