အထင်ကြီးခံရမယ်ထင်ပြီး skillအပြကောင်းခဲ့လို့ ထုပ်ပယ်ခံရတဲ့အပြင် ဝိုးဆဲတာပါခံနေရပြီဖြစ်တဲ့ အန်တိုနီ

မန်စီးတီးနဲ့ပွဲမှာ ယောင်လို့တောင် အီးလှည့်မပေါက်ရဲတဲ့သူက အသင်းငယ်လေးရှရစ်ဖ်ကို (၃-ဝ)ဂိုးနဲ့အနိုင်ရခဲ့တဲ့ ယူရိုပါလိဂ်ပွဲမှာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ဘရာဇီးလ်လူငယ်ကြယ်ပွင့် အန်တိုနီဟာ နည်းပြအထင်ကြီးမယ်ထင်ပြီး ဖင်ယားကာ မလိုအပ်ပဲဘောလုံးကို ဘယ်ခြေနဲ့ ၃၆၀ဒီဂရီလှည့်ပြီး Skill အပြကောင်းခဲ့တာကြောင့် အွန်လိုင်းပေါ်မှာ ဝိုင်းဆဲခံနေရပြီဖြစ်ပါတယ်။

အဲဒီပွဲမှာ ယူနိုက်တက်အသင်းဟာ ဒါလော့တ်၊ ရပ်ရှ်ဖို့ဒ်၊ စီရော်နယ်လ်ဒိုတို့ရဲ့ဂိုးတွေနဲ့ ရှရစ်ဖ်ကို (၃-ဝ)ဂိုးပြတ် အနိုင်ရခဲ့ပြီး နောက်တစ်ဆင့်တက်ခွင့်ရခဲ့ပေမဲ့ အုပ်စုဗိုလ်မဖြစ်သေးတဲ့ အတွက် ချန်ပီယံလိဂ်က ဆင်းလာမဲ့ အသင်းကြီးတွေနဲ့ ရင်ဆိုင်ရတော့မှာပါ။

ဒီပွဲမှာ အားလုံးမျှော်လင့်သလို ယူနိုက်တက်တို့ အခက်အခဲမရှိ နိုင်ပွဲရခဲ့ပေမယ့် ပြောစရာဖြစ်ခဲ့တာက အန်တိုနီရဲ့ Skill ပြခဲ့တဲ့ဖြစ်ရပ်ပါပဲ။

ထူးထူးခြားခြားဆိုသလို ဆံပင်အဖြူရောင်ဆိုးပြီးကစားခဲ့တဲ့ အန်တိုနီဟာ ပထမပိုင်း (၃၇)မိနစ်မှာကတ်စ်မဲရိုး ပေးလိုက်တဲ့ ဘောလုံးကို ဘယ်ခြေနဲ့ထိန်းပြီးတော့ သူ့ရဲ့အကွက်ဖြစ်တဲ့ ခန္ဓာကိုယ်ကို တစ်ပတ်လှည့်ပြခဲ့တာဖြစ်ပါတယ်။

အဲဒီနောက် အန်တိုနီက ကတ်စ်မဲရိုးကို ဘောလုံး ပြန်ထိုးပေးခဲ့ပေမယ့် ဂိုးလွန်ဘောသာဖြစ်ခဲ့ပါတယ်။

အန်တိုနီရဲ့ အကွက်ပြမှုက ယူနိုက်တက်ပရိသတ်တွေအတွက် ကျေနပ်စရာဖြစ်ပေမယ့်တခြားပရိသတ်တွေကတော့ အန်တိုနီကို အွန်လိုင်းပေါ်မှာ ဝေဖန်နေကြပါတယ်။

ပရိသတ်တွေက ‘ပြီးခဲ့တဲ့နှစ်တွေအတွင်း ငါ မြင်ဖူးတဲ့ ဘောလုံးသမားတွေရဲ့ အကွက်ပြမှုထဲမှာ အန်တိုနီရဲ့ လုပ်ရပ်က အဆိုးရွားဆုံးပါပဲ’၊

‘ဒီကောင်က တကယ့် လူရွှင်တော်ပဲ’ဆိုပြီးတော့ Twitter မှာ ရေးသားခဲ့ပါတယ်။

ဒါ့အပြင် ယူနိုက်တက်-ရှရစ်ဖ်ပွဲကို ပွဲသုံးသပ်သူအဖြစ် ဆောင်ရွက်ခဲ့တဲ့ နာမည်ကျော်ဘောလုံးသမားဟောင်း ရော်ဘီဆာဗေ့ချ်ဟာ

အန်တိုနီကို ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပြီး သူက “ကျွန်တော့်အတွက်တော့ အန်တိုနီရဲ့လုပ်ရပ်က ရယ်စရာကောင်းခဲ့ပါတယ်။

သူ ဒီလို အကွက်ပြပြီးတော့ ဘောလုံး ပြန်ပေးချိန်မှာ ဂိုးလွန်ဘောဖြစ်ခဲ့ပါတယ်။

ဒါက တကယ့်ကို အရှက်ရစရာပါပဲ။ ကျွန်တော်သာ နည်းပြနေရာမှာဆိုရင် အန်တိုနီရဲ့ အပြုအမူကို သဘောကျမှာ မဟုတ်ပါဘူး”လို့ ပြောကြားခဲ့ပါတယ်။

ယူနိုက်တက်ရဲ့ နာမည်ကျော်ကစားသမားဟောင်းတွေဖြစ်တဲ့ ပေါစခိုးလ်၊ ဟားဂရေ့ဗစ်တို့ဟာလည်း အန်တိုနီကို ဝေဖန်ခဲ့ပြီး

ပေါလ်စခိုးလ်က “ဒါဟာ မလိုအပ်ဘဲ အကွက်ပြတဲ့လုပ်ရပ်ဖြစ်ပါတယ်။ သူ ဘယ်လိုစိတ်ကူးနဲ့ ဒီလိုလုပ်ခဲ့တာလဲ . . ။

အဲဒီလို မလိုအပ်တဲ့ အကွက်ပြမှုတွေ နောက်ထပ်မလုပ်သင့်ဘူးလို့ ကျွန်တော်ထင်ပါတယ်”ဆိုပြီးတော့ ဝေဖန်ခဲ့သလို

ဟားဂရေ့ဗ်ကလည်း “ဂိုးမရှိသရေကျနေချိန်မှာ ဒီလို အကွက်ပြတာမျိုး မလုပ်သင့်ပါဘူး။

တကယ်လို့ (၃)ဂိုးပြတ်၊ (၄)ဂိုးပြတ်နိုင်နေတာတောင် အခုလို အပြုအမူ မလုပ်သင့်ဘဲ

ပြိုင်ဘက်ကို လေးစားမှုရှိသင့်ပါတယ်”လို့ သုံးသပ်ခဲ့ပါတယ်။

တစ်ချိန်တုန်းကလဲ အာဆင်နယ် နဲ့ မန်ယူပွဲဲမှာ လူးဝစ်နာနီဟာ မလိုအပ်ပဲ skill အပြကောင်းခဲ့လို့ ဖာဂူဆန်ရဲ့ ကြိမ်းမောင်းမှုကို ခံခဲ့ရဖူးပါတယ်။ ၁၆သင်းရှုံးထွက် အဆင့်မှာ ချန်ပီယံလိဂ်က ဆင်းလာတဲ့ အသင်းကြီးတွေနဲ့ တွေ့ရင် မန်ယူရဲ့ သန်းတစ်ရာ ဂျင်းလေး အခုလို ဖင်ယားနိုင်အုန်းမလားဆိုတာကို အားပေးရင်း ရင်ခုန်စွာ စောင့်ကြည့်ရအုန်းမှာပါ။

 

 

Be the first to comment

Leave a comment

Your email address will not be published.


*