ရှရစ်နှင့် ယူရိုပါလိဂ်ပွဲမှာ ပြန်လည်ပါဝင်လာတော့မည့် ရော်နယ်ဒို

တော့တင်ဟမ်ဟော့စပါးအား ၂-၀ဖြင့်အနိုင်ရခဲ့သည့်ပွဲတွင် လူစားလဲဝင် ကစားဖို့ငြင်းဆန်ကာ ဥမင်ထဲသို့ဝင်သွားခဲ့သည့် လုပ်ရပ် နှင့် ပတ်သတ်၍ ခရစ္စတီယာနိုရော်နယ်ဒိုနှင့် နည်းပြအဲရစ်တန်ဟက် အကြေအလည် တွေ့ ဆုံဆွေးနွေးမှုပြုလုပ်ပြီးနောက် ကြာသပတေးနေ့တွင်ရှရစ်နှင့်ရင်ဆိုင်ကစားရမယ့်ယူရိုပါလိဂ်ပွဲစဉ်တွင်ပါဝင်လာတော့မှာဖြစ်ပါတယ်။

ပေါ်တူဂီစူပါစတားဟာပြီးခဲ့တဲ့အပတ်ဗုဒ္ဓဟူးနေ့တုန်းကစပါးစ်ကို၂-၀ဂိုးဖြင့်အနိုင်ရတဲ့ပွဲတွင်နောက်ကျလူစားဝင်ရောက်ကစားရန်ငြင်းဆိုပြီးပွဲပြီးရန် ၄မိနစ်အလိုတွင်ဥမင်လှိုဏ်ခေါင်းသို့ဝင်ရောက်သွားခဲ့ပါတယ်။

အဲရစ်တန်ဟက်ဟာခရစ္စတီယာနိုရော်နယ်ဒိုရဲ့အပြုအမူအပေါ်အကြီးအကျယ်ဒေါသထွက်ကာ ပထမအသင်းမှဖယ်ရှားပြီး တကိုယ်တော်လေ့ကျင့်ခန်းဆင်းစေခဲ့သလိုချဲလ်ဆီးနှင့်ပွဲလူစာရင်းတွင်လည်းချန်လှပ်ထားခဲ့ပါတယ်။

ဒါ့အပြင်အဲရစ်တန်ဟက်ဟာခရစ္စတီယာနိုရော်နယ်ဒိုကိုနှစ်ပတ်လုပ်ခပေါင်၇၂၀၀၀၀လည်းဒဏ်ရိုက်ခဲ့ပါတယ်။

ဒါပေမဲ့ခရစ္စတီယာနိုရော်နယ်ဒိုဟာအင်္ဂါနေ့တုန်းကကာရင်တန်လေ့ကျင့်ရေးကွင်းတွင်အဲရစ်တန်ဟက်နှင့်တွေ့ဆုံဆွေးနွေးမှုပြုလုပ်ပြီးနောက် ရှရစ်နှင့်ပွဲအတွက်ယူနိုက်တက်ပထမအသင်းနှင့်အတူလေ့ကျင့်ခန်းပြန်ဆင်းခွင့်ရလာပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာယူနိုက်တက်ကစားဖော်များနှင့်အတူပျော်ရွှင်စွာလေ့ကျင့်ခန်းဆင်းနေတာတွေ့ရပါတယ်။ယူနိုက်တက်အတွက်သတင်းကောင်းတစ်ခုကတော့အသင်းခေါင်းဆောင်ဟယ်ရီမက်ဂွိုင်းယားမှာလည်းပထမအသင်းနှင့်အတူပြန်လည်လေ့ကျင့်ခန်းဆင်းလာနိုင်ပြီးရှရစ်နှင့်ပွဲတွင်ပါဝင်လာနိုင်မယ့်သတင်းဖြစ်ပါတယ်။

ဒါပေမဲ့ခရစ္စတီယာနိုရော်နယ်ဒိုဟာလာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တွင်ယူနိုက်တက်မှထွက်ခွာရေးကြိုးပမ်းလာမယ်လို့သတင်းထွက်နေပါတယ်။

စီးရီးအေအမှတ်ပေးဇယားကိုဦးဆောင်နေတဲ့နာပိုလီက ခရစ္စတီယာနိုရော်နယ်ဒိုကိုခေါ်ယူရန်စိတ်ဝင်စားနေကာ ကစားသမားကလည်း ချန်ပီယံလိဂ်ကစားလိုနေမှုနှင့်အတူလုပ်ခလျှော့ယူပြီးပြောင်းရွှေ့ကစားရန်စိတ်ဝင်စားနေကြောင်းသိရပါတယ်။

ရှရစ်နှင့်ပွဲတွင် ပြန်လာပါဝင်လာပြီး သူမအိုသေးကြောင်း သက်သေပြဖို့ လိုအပ်ပြီး ရော်နယ်ဒိုရဲ့ ပရိတ်သတ်များကလဲ အားပေးကြဖို့ အဆင်သင့်ဖြစ်နေကြပါပြီ။

 

Be the first to comment

Leave a comment

Your email address will not be published.


*