“အသင်းကပြန်လည်တည်ဆောက်ဆဲ ကာလဖြစ်လို့ အနိမ့်မြင့် အတက်ကျသဘောတရားလေးတွေကတော့ ကြုံရတတ်ပါတယ်။ ကျွန်တော်တို့ အများကြီးရှေ့ဆက်ရပါအုန်းမယ်။
“ဘာစီလိုနာပရိသတ်တွေကိုယူရိုပါလိဂ်ဖလားယူပေးပြီး ကျွန်တော်တို့ အကောင်းဆုံး ရှေ့ဆက်သွားမယ့်အကြောင်း သတင်းပါးလိုက်ချင်ပါတယ်။ နည်းပြ ဇာဗီကလည်း ငယ်ရွယ်ပြီးခြေစွမ်းခြေစရှိတဲ့ ကစားသမားတွေနဲ့ စုဖွဲ့တည်ဆောက်နေတာဖြစ်လို့ရေရှည်မှာ အသင်းကအများကြီး တိုး တိုးတက်လာဦးမှာပါ” ဟု ဘာစီလိုနာ ဥက္ကဌ လာပေါ်တာက ပြောကြားသွားပါတယ်။
နူးကမ့်မှာ ဘိုင်ယန်မြူးနစ်ကို ဒုတိယအကျော့မှာ အရှက်ရဖွယ် ထပ်မံရှုံးနိမ့်ပြီးနောက် ဘာစီလိုနာဟာ ယူရိုပါလိဂ်ကို ဒုတိယအကြိမ် ဆင်းကစားရတော့မှာပဲ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့်ဘာစီလို နှင့် ယူရိုပါလိဂ်ဆိုတာ လားလားမျှမအပ်စပ်ပါဘူး။
ယူရိုပါလိဂ်မကစားချင်လို့ မန်ချက်စတာယူနိုက်တက်ကို ပြောင်းမလာပဲ လေကျယ်ခဲ့တဲ့ ဖရန်ကင်ဒီဂျောင်း နဲ့ အသက်ကြီးမှ သေချင်တဲ့ကျား တောပြောင်းလာတဲ့ လီဝမ်ဒိုစကီး တို့ကတော့ မရဖူး သေးတဲ့မှတ်တမ်းတွေယူဖို့ တက်ကြွနေကြပါပြီ။အသင်းကြီးတွေ ဆင်းလာတဲ့အတွက် ယူရိုပါလိဂ်ဟာ အရင်နှစ်တွေထက် ကြည့်ကောင်းမှာတော့ အသေချာပါပဲ။
Be the first to comment