မန်ချက်စတာယူနိုက်တက်နှင့်အာဂျင်တီးနားလက်ရွေးစင်ဟောင်း ဂါဘရီရယ်ဟိန့်ဇီကို သူရဲ့ငယ်ဘဝအသင်းဟောင်း နီဝဲလ်အိုးဘွိုင်းစ်အသင်းက နည်းပြသစ်အဖြစ်ခန့်အပ်လိုက်ပါတယ်။
နီဝဲလ်အိုးဘွိုင်းစ်တွင် ဟိန့်ဇီက သူ့ရဲ့ ကစားသမားဘဝစတင်ခဲ့တာ ဖြစ်ပြီး ပီအက်စ်ဂျီ၊မန်ချက်စတာယူနိုက်တက်နှင့်ရီးရဲမက်ဒရစ် တို့တွင်လည်းကစားခဲ့ဖူးသူဖြစ်ပါတယ်။
အသက်၄၄နှစ်ရှိ ရီးရဲ စတားဟောင်းဟာ ဩဂုတ်လတုန်းကထုတ်ပယ်ခြင်းခံခဲ့ရတဲ့ဂျာဗီးယားဆန်ဂူနက်တီရဲ့နေရာတွင်ယာယီနည်းပြအဖြစ်ကိုင်တွယ်နေတဲ့အက်ဒရီယန်ကိုရီယာနေရာတွင်အစားထိုးတာဝန်ယူသွားမယ်လို့သိရပါတယ်။
၂၀၂၁ခုနှစ်၊ဇူလိုင်လတုန်းကအမေရိကန်မေဂျာလိဂ်ကလပ် အတ္တလန္တာယူနိုက်တက်မှ ဟိန့်ဇီကို ထုတ်ပယ်ခြင်း ခံခဲ့ရသူဖြစ်ပါတယ်။သူဟာ၁၃ပွဲကိုင်တွယ်ခဲ့ရာမှာ၂ပွဲတည်းသာအနိုင်ရပြီးနောက်အထုတ်ခံခဲ့ရတာဖြစ်ပါတယ်။
ဟိန့်ဇီဟာ မန်ချက်စတာယူနိုက်တက်မှာ ကစားခဲ့စဥ်က ပရိတ်များရဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ရရှိခဲ့ပါသေးတယ်။
Be the first to comment