အမျိုးသားဘောလုံးထုကြီးရဲ့အသဲကျော်ကမ္ဘာ့အလှဆုံးဘောလုံးမယ်ကအဂ်လန်သို့ပြောင်းရွှေ့ကစားလိုကြောင်းဖွင့်ဟ

အမျိုးသားဘောလုံးပရိတ်သတ်တွေရဲ့ အသဲကျော် ကမ္ဘာ့အလှဆုံးဘောလုံးမယ်ကအင်္ဂလန်သို့ပြောင်းရွှေ့ကစားရန် လမ်းဖွင့်ထားကြောင်း သတင်းစကားပါးလိုက်ပါတယ်။


အသက်၂၂နှစ်ရှိ အန်နာမာရီယာမာကိုဗစ်က မဝေးတော့တဲ့ကာလ အတွင်းတွင် အင်္ဂလိပ်ကလပ်တစ်ခုသို့ ပြောင်းရွှေ့ ကစား လာနိုင်ကြောင်းအရိပ်အမြွက်ပြောကြားလာတာလည်းဖြစ်ပါတယ်။

သူမက “နောက်ပိုင်းမှာအင်္ဂလန်သို့သွားဖို့အရမ်းစိတ်ဝင်စားတယ်။အခုလက်ရှိကစား​နေတဲ့ ဂရက်စ်ရှော့ပါးအသင်းက ကျွန်မကို အလေးထားတော့ တခြားနိုင်ငံ သို့သွားကစားဖို့အသင့်မဖြစ်ခဲ့ဘူး။ပြီးတော့အခုလက်ရှိအချိန်မှာအားလုံးကလဲ အဆင်ပြေနေတယ်”လို့ ဆွစ်ဇာလန်သတင်းစာ 20 Minuten နှင့်အင်တာဗျူးတွင်ပြောကြားသွားပါတယ်။


ဒါ့အပြင်သူမကအမျိုးသမီးဘောလုံးသမား များဟာ အမျိုးသားဘောလုံးသမားများထက် အွန်လိုင်းပေါ်တွင် ခွဲခြားဆက်ဆံခြင်းခံနေရကြောင်းလည်းဆိုသွားပါသေးတယ်။


သူမက “အမျိုးသမီးနဲ့အမျိုးသားဘာကွာလဲဆိုတော့။ဥပမာပြောရရင်ကျွန်မကဘီကီနီနဲ့ဓာတ်ပုံကိုဆိုရှယ်မီဒီယာမှာတင်လိုက်တယ်ဆိုပါစို့။အာလင်းဟာလန်းကလည်းရေကူးဝတ်စုံနဲ့တင်လိုက်ပြီဆိုပါစို့။အာလင်းက လိင်ပိုင်းဆိုင်ရာမှတ်ချက်တွေပြောဆိုတာမခံရဘူး။

ကျွန်မတို့အမျိုးသမီးတွေနဲ့တစ်ဦးနဲ့တစ်ဦးစည်းလုံးဖို့လိုတယ်။ အမျိုးသမီးထုတွေကလည်းကျွန်မတို့ရှေ့ကဦးစွာမားမားမတ်မတ်ရပ်လာစေချင်တယ်။ယောင်္ကျားတွေက ယောင်္ကျားဂုဏ်နဲ့ပဲပြောနေကြတယ်။ဒါပေမဲ့ဒီလိုအခြေအနေမျိုးမှာကျွန်မတို့နောက်ကွယ်ကရှိနေရင်ပိုပြီးတော့ဂုဏ်ယူရပါမယ်”လို့ပြောကြားသွားပါတယ်။


ဘော်ဒါတို့ကရော ဘယ်လိုခွဲ ခြားဆက်ဆံကြမလဲ ဒါမှမဟုတ် အားပေးကြမှာလားဆိုတာ ပြောသွားခဲ့ကြပါအုန်း။

Be the first to comment

Leave a comment

Your email address will not be published.


*