ယခုရာသီအကုန်တွင် လီဗာပူးနည်းပြ ဂျာကင်ကလော့ပ် ဟာ အန်ဖီးလ်မှထွက်ခွာတော့မှာ ဖြစ်ပါတယ်။ လီဗာပူး အသင်းဟာ လာမယ့်နွေရာသီတွင် ယခင်လိုအခြေနေမျိုးပြန်ရအောင် အစအဆုံး ပြန်လည်တည်ဆောက်မှုပြုလုပ်ရမည်ဖြစ်ကြောင်း တမ်ရှားဝုဒ်က ပြောကြားလာပါတယ်။
နွေရာသီတုန်းကကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးပေါင်၈၅သန်းဖြင့်ဘင်ဖီကာတိုက်စစ်မှူးဒါဝင်နူနက်ဇ်ကိုခေါ်ယူအားဖြည့် ပြီးအသင်းရဲ့ အရေးပါတဲ့တိုက်စစ်သမားဆာဒေယိုမာနေးကို တော့ ဘိုင်ယန်မြူးနစ်သို့ပေါင် ၃၅သန်းဖြင့် ပြန်လည် ရောင်းချခဲ့ပါတယ်။
လီဗာပူးဟာယခုရာသီတွင် ပရီးမီးယားလိဂ်အမှတ်ပေးဇယား အဆင့်၈နေရာသို့ရောက်ကာရုန်းကန်နေရပြီးထိပ်ဆုံးလေးသင်းနှင့်ရမှတ်၅မှတ်ကွာဟနေပါတယ်။
လီဗာပူးဟာယခုရာသီပရီးမီးယားလိဂ်၁၁ပွဲတွင်၄ပွဲသာအနိုင်ရထားပြီးတနင်္ဂနွေနေ့တုန်းကဇယားအောက်ဆုံးမှနော်တင်ဟမ်ဖောရက်စ်ကို၁-၀ဂိုးဖြင့် မထင်မှတ်ပဲ ရှုံးနိမ့်ခဲ့ပါတယ်။
လီဗာပူးသို့ ဂျာကင် ကလော့ပ်ဟာ ၂၀၁၅ ခုနှစ် မှာရောက်လာခဲ့ပြီးနောက် ချန်ပီယံလိဂ်ဖလား၊ပရီးမီးယားလိဂ်ဖလား၊အက်ဖ်အေဖလားနှင့် ကာရာဘောင်ဖလားတို့ ဆွတ်ခူး ပေးထားပါတယ်။
တမ်ရှားဝုဒ်က လာမယ့်ရာသီတွင် ကလော့ပ်ဟာ လီဗာပူးတွင်ဆက်ရှိနေတော့မှာမဟုတ်ကြောင်းနှင့်ချန်ပီယံဆုအတွက်စိန်ခေါ်နိုင်တော့မှာမဟုတ်ကြောင်းဆိုလာပါတယ်။
စပါးစ်နည်းပြဟောင်းက “လီဗာပူးအတွက်ပြဿနာက ကစားသမားတွေဟာ ဒီအသင်းကို ဆုဖလားတွေစိန်ခေါ်ဖို့အတွက် ရောက်လာကြတာပါ။ ခုဒီရာသီမှာ တော့ မစိန်ခေါ်နိုင်တော့ပါ ဘူး။ပရီးမီးယားလိဂ်ဖလားလည်းရယူနိုင်တော့မှာမဟုတ်ဘူး။ကစားသမားတွေအတွက်ဘယ်မှာလဲစိတ်အားတက်စရာ၊ဘယ်မှာလဲတွန်းအား။ကလပ်ဘက်ကတော့ချန်ပီယံလိဂ်ကနေမထွက်ရသေးဘူးလို့ပြောနိုင်တယ်။ဒါပေမဲ့ကစားသမားတွေကတော့ဆုဖလားအတွက်စိန်ခေါ်နိုင်တယ်လို့ယုံကြည်နေမှာမဟုတ်တော့ပါဘူး။သူတို့ဆီမှာဘာမျှော်လင့်ချက်မရှိတော့ဘူး။ဒီတော့သူတို့အတွက်အရမ်းခက်ခဲနေတယ်လို့ထင်တယ်။ကျွန်တော်ကတော့ဂျာဂင်ကလော့ပ်ကိုလည်းလာမယ့်ရာသီမှာဆက်ရှိနေမယ်လို့မထင်ဘူး ရှိနေ လည်းနောက်ထပ်ဆုဖလားတွေ အတွက်စိန်ခေါ်နိုင်တော့မယ်လို့ လုံးဝမထင်တော့တာပါ”လို့ပြောကြားသွားပါတယ်။
Be the first to comment