မက်ဆီ ကမ္ဘာ့ဖလားရသွားမှာလုံးဝမမြင်ချင်ဘူးလို့ပြောကြားလိုက်တဲ့ ဘရာဇီးဂန္တဝင် ရော်နယ်ဒို

ဘရာဇီးဂန္ထဝင်ရော်နယ်ဒိုက လာမယ့်နိုဝင်ဘာလအတွင်း ကာတာနိုင်ငံမှာကျင်းပမည့် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် လီယွန်နယ်မက်ဆီကို ကမ္ဘာ့ဖလား မရစေချင်ကြောင်း သူ့ရဲ့အတွင်းစိတ်ကို လူသိရှင်ကြားတရားဝင် ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

အသက်၄၆နှစ်ရှိပြီဖြစ်တဲ့ ဘရာဇီးသားကြီး ရော်နယ်ဒိုဟာ ကစားသမားဘဝတုန်းကဘာစီလိုနာ၊အင်တာမီလန်၊ရီးရဲလ်မက်ဒရစ်၊အေစီမီလန်တို့တွင်ကစားခဲ့သူဖြစ်ပြီး ဘရာဇီးအတွက် ၁၇နှစ် ကစားပေးခဲ့တဲ့ချိန်ကာလ အတွင်း ပွဲပေါင်း၉၈ပွဲကစားပေး ကာ ၁၉၉၄ နှင့်၂၀၀၂ ခုနှစ်တို့တွင် နှစ်ကြိမ်တိုင်တိုင် ကမ္ဘာ့ဖလား ဆွတ်ခူးနိုင်ခဲ့သူဖြစ်ပါတယ်။

ဒိုကြီးသည် ၁၉၉၄ခုနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက တစ်မိနစ်မျှ ပင်မကစားခဲ့ရပေမဲ့လည်း၂၀၀၂ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ ၈ဂိုးသွင်းယူခဲ့ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲ ဂိုးသွင်းဘုရင်လည်း ဖြစ်ခဲ့ပါတယ်။

လီယွန်နယ်မက်ဆီဟာမကြာသေးမီတုန်း ကလာမယ့်ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲဟာ သူ့ဘဝအတွက် နောက်ဆုံး ကမ္ဘာ့ဖလားပြိုင်ပွဲဖြစ်လာမည်ဖြစ်ကြောင်း ပြောကြားထားတာပါ။

အာဂျင်တီးနား အသင်းခေါင်းဆောင်ဟာ ၂၀၁၄ကမ္ဘာ့ဖလား ပြိုင်ပွဲတုန်းက ကမ္ဘာ့ဖလားဆွတ်ခူးနိုင် လုနီးဖြစ်ခဲ့ပေမဲ့လည်း ဗိုလ်လုပွဲတွင်ဂျာမနီကိုရှုံးနိမ့်ခဲ့ ကာဒုတိယဆုဖြင့် သာ ဖြေသိမ့်ခဲ့ရပါတယ်။

ထို့အတွက်​ကြောင့်လည်း မက်ဆီဟာ လာမယ့်ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာသူ့ရဲ့နောက်ဆုံးကမ္ဘာ့ဖလားပြိုင်ပွဲယှဉ်ပြိုင်မှု ဖြစ်လာတာနဲ့အညီ သမိုင်းတွင်ကျန်ရစ်အောင် ဖလား ဆွတ်ခူးရေးအစွမ်းကုန်ကြိုးပမ်းလာဖို့လည်းရှိနေပါတယ်။

ဒါပေမဲ့ရော်နယ်ဒိုကတော့ “တကယ်လို့ သူသာ စပိန်သားဆိုရင်တမျိုးပေါ့။ဘရာဇီး-အာဂျင်တီးနားပြိုင်ဆိုင်မှုက ဒေသတွင်းမှာ တကယ့်ကိုကြီးကျယ်တဲ့တိုက်ပွဲတွေရှိတယ်။လေးစားသမှုနဲ့ပါ။ပြီးတော့ဘောလုံးလောက ရဲ့ချစ်စရာအကောင်းဆုံးအရာတွေလည်းဖြစ်တယ်။ဒါပေမဲ့အာဂျင်တီးနားကမ္ဘာ့ဖလားရသွားတာကို လုံးဝလုံးဝတော့မကြားချင်ဘူး။မက်ဆီထိုက်တန်လားဆိုတော့ထိုက်တန်ပါတယ်။ ဒါပေမဲ့ကျွန်တော်ကတော့အားပေးနေမှာမဟုတ်ဘူး။သူ့ကိုတော့ ချစ်ပါတယ်။ ကျွန်တော့်နေရာမှာသူဆိုရင်လည်း ဒီလိုပဲခံစားမိမှာဖြစ်လို့နားလည်မှာပါ။အောင်မြင်မှုရသွားတဲ့အချိန်မှာတော့လေးစားမှုရှိရပါမယ်။မာရာဒိုနာ ဆိုရင်လည်းဘရာဇီးရသွားတုန်းကလေးစားခဲ့တာပဲလေ”လို့ပြောကြားသွားပါတယ်။

ရော်နယ်ဒိုရဲ့ ဆန္ဒပြည့်မပြည့်ကိုတော့ လာမဲ့ နိုဝင်ဘာလ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ စောင့်ကြည့်ရတော့မှာပဲဖြစ်ပါတယ်။

 

Be the first to comment

Leave a comment

Your email address will not be published.


*