ပရီးမီးယားလိဂ် တစ်ကျော့ပြန်နည်းပြကြီး အူနိုင်းအမ်မရီအား ပထမဆုံးစမ်းသပ်မည့် မန်ချက်စတာယူနိုက်တက်

အာဆင်နယ်နည်းပြဟောင်း ​အူနိုင်းအမ်မရီဟာ အက်စတွန်ဗီလာအသင်းနဲ့ ဆွေးနွေးမှုတွေ ပြီးမြောက်ခဲ့တဲ့နောက် မန်နေဂျာအဖြစ် တာဝန်ယူသွားမှာဖြစ်ပြီး စပိန်မြေကို စွန့်ခွာကာ ပရီးမီးယားလိဂ်ထံ မကျေပွဲတွေနွှဲဖို့ တစ်ကျော့ပြန် ခြေချလာခဲ့ပါပြီ။

အက်စတွန်ဗီလာဟာ စပိန်သားနည်းပြကို စတီဗင်ဂျာရတ်ထုပ်ပယ်အပြီး မှာ ခေါ်ယူနိုင်ရေး သူ့ရဲ့ လက်ရှိကလပ်ဖြစ်တဲ့ စပိန်လာလီဂါကလပ် ဗီလာရီးရဲလ်အသင်းအား စာချုပ်ဖျက်သိမ်းကြေး ပေါင် ၅.၂၅ သန်း ပေးချေခဲ့ရပါတယ်။ ​ ဒီမနက်အစောပိုင်း မှာပဲ အမ်မရီကို ခန့်အပ်လိုက်ပြီဖြစ်ကြောင်း ဗီလာဘက်က တရားဝင် ကြေညာသွားခဲ့တာပါ။

အလုပ်ပါမစ်ဆိုင်ရာ ကိစ္စတွေကြောင့် ဒီအပတ် ခြေစွာနေတဲ့ နယူးကာဆယ်နဲ့ အက်စတွန်ဗီလာ ပွဲမှာတော့ အမ်မရီ ကိုင်တွယ်ဦးမှာ မဟုတ်လို့ ကံကောင်းသွားတယ်ဆိုရပါမယ်။ ဗီလာအသင်း နည်းပြတာဝန်တွေကို စတင်ယူမယ့် အမ်မရီဟာ နိုဝင်ဘာလ ၆ ရက်နေ့ ယူနိုက်တက်ကို ရင်ဆိုင်ရမယ့်ပွဲမှာ သူ့ရဲ့ ပထမဆုံးသော ဗီလာနည်းပြအဖြစ် ပွဲထွက်မှာ ဖြစ်ပါတယ်။

စတီဗင်ဂျရတ်ကို ထုတ်ပယ်ပြီးတဲ့နောက် အက်စတွန်ဗီလာဟာ ပိုချက်တီနို၊ တူချယ်နဲ့ အာမိုရမ်တို့နဲ့အတူ အမ်မရီကို မန်နေဂျာရာထူးအတွက် ဆွေးနွေးခဲ့ပါသေးတယ်။သို့ပေမဲ့လည်း

၂၀၁၈ ကနေ ၂၀၁၉ နိုဝင်ဘာအထိ အာဆင်နယ်ကို နည်းပြဖူးတဲ့ အမ်မရီကပဲ ဗီလာရဲ့ ဦးစားပေးဖြစ်သွားခဲ့တာပါ။ အာဆင်နယ်ကနေ ထုတ်ပယ်ခံရပြီးနောက် ဗီလာရီးရဲလ်ကို တာဝန်ယူခဲ့သလို သူဦးဆောင်တဲ့ စပိန်အသင်းဟာ ယူရိုပါလိဂ်မှာ အာဆင်နယ်၊ ယူနိုက်တက်တို့ကို အနိုင်ယူပြီး ချန်ပီယံဖြစ်ခဲ့ပါတယ်။

နယူးကာဆယ်အသင်းကို မနှစ်က ကိုင်တွယ်လုနီးပါး ဖြစ်ခဲ့ပေမယ့် စပိန်မြေ ​ကနေ မထွက်ခွာလိုတာကြောင့် ပယ်ချခဲ့ ဖူးပါတယ်။ဒီတစ်ကြိမ်မှာတော့ အက်စတွန်ဗီလာ နည်းပြရာထူးကို တာဝန်ယူဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

အမ်မရီဟာ ၂၀၁၃ ကနေ ၂၀၁၆ ကြားမှာ ဆီးဗီးလာနဲ့အတူ ယူရိုပါလိဂ်ဖလား ၃ ကြိမ် ရယူထားခဲ့ပြီး ယူရိုပါလိဂ်ရဲ့ အအောင်မြင်ဆုံးနည်းပြအဖြစ် မှတ်တမ်းဝင်ထားပါတယ်။

အမ်မရီ ဦးဆောင်လာမဲ့ ဗီလာအသင်းဟာ ပရီးမီးယားလိဂ်မှာရုန်းကန်ရမလား ဥရောပဝင်ခွင့်ကို ပဲ စိန်ခေါ်နိုင်မလားဆိုတာကတော့ စောင့်ကြည့်ရမဲ့ ပုစ္ဆာတစ်ပုဒ် အဖြစ်ရှိနေခဲ့ပြီဆိုတာကတော့ အသေချာပါပဲ။

 

Be the first to comment

Leave a comment

Your email address will not be published.


*