ပရီးမီးယားလိဂ်အမှတ်ပေး ဇယားထိပ်မှာ ဦးဆောင်နေတဲ့ အာဆင်နယ်အသင်းဟာ ကမ္ဘာဖလားမတိုင်ခင် နောက်ဆုံးသောအမှတ်ပေးပွဲ ၃ ပွဲထဲက တစ်ပွဲအဖြစ် နော်တင်ဟမ် ဖောရက်စ်ကို ရင်ဆိုင်ရမှာဖြစ်တယ်။ ဆောက်သမ်တန်ပွဲမှာ သရေကျခဲ့ပြီး ရမှတ် ၂မှတ်ဆုံးရှုံးခဲ့တာကြောင့် ဒီပွဲမှာ နိုင်ပွဲပြန်ယူဖို့ ဂန်းနားတို့ စိတ်အားထက်သန်နေမှာ ဖြစ်ပါတယ်။
အာဆင်နယ် နဲ့ ကစားရမဲ့ပွဲနဲ့တ်သက်လို့ နော်တင်ဟမ်ဖောရက် အသင်းခေါင်းဆောင် ရိတ်စ်က ” ကျနော်တို့က ဒီပွဲကို အမြန်လေး ရောက်ချင်နေပါပြီ။ တနင်္ဂနွေနေ့ အမ်းမရိတ်ကွင်းမှာ ကျနော်တို့က ရေပန်းမစားတဲ့ အောက်အသင်း ဖြစ်နေပါလိမ့်မယ်။ ဒါပေမယ့် အဝတ်လဲခန်း အတွင်းမှာ ကျနော်တို့က အာဆင်နယ်ကို ကောင်းကောင်း ယှဉ်နိုင်မယ်လို့ ခံစားမိနေကြပါတယ် ” လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
နောက်ဆုံး ယှဉ်ပြိုင်ထားတဲ့ပွဲမှာ လီဗာပူးအသင်းကို အနိုင်ရထားတဲ့ ဖောရက်စ်ဟာ တန်းဆင်းဇုန် အတွင်း ရပ်တည်နေတာပါ။ ဒါပေမယ့်လို့ ယာဂင်ကလော့ပ်ရဲ့ အသင်းကို အနိုင်ရခဲ့ခြင်းဟာ ဒီအပတ် အာဆင်နယ်ပွဲ မတိုင်ခင် သူတို့ အသင်းရဲ့ စိတ်ဓါတ်ပိုင်းကို အများကြီး သက်ရောက်မှုရှိခဲ့တယ်လို့ ခံစားနေရပါတယ်။
လီဗာပူးပွဲအပြီးတုန်းကလည်း ရိတ်စ်က ” အလှည့်အပြောင်း ဖြစ်စေတဲ့ ပွဲစဉ်ပါပဲ။ လီဗာပူးကို အနိုင်ယူနိုင်မှတော့ ကျနော်တို့တွေ ဘယ်အသင်းကိုမဆို အနိုင် ယူနိုင်ပါတယ် ” ဆိုပြီးကြွေးကြော် ခဲ့ပါသေးတယ်။
အာဆင်နယ် နှင့် နော်တင်ဟမ်ဖောရက်တို့ဟာ အောက်တိုဘာ ၃၀ရက်မြန်မာစံတော်ချိန် ည ၈:၃၀ နာရီတွင် အမ်းမရိတ် ကွင်းမှာကစားကြရ မှာဖြစ်ပါတယ်။
Be the first to comment