ပရီးမီးယားလိဂ်မှာ ထိပ်သီးကြီး ၆ကြီး ဖင်တုန်အောင်ကြောက်ရမဲ့ အသင်းသစ် ထွက်ပေါ်လာပြီလား

နယူးကာဆယ်အသင်းရဲ့ ဂန္တဝင်ကြီး အလန်ရှီးယားက ပရီးမီးယား လိဂ်ရဲ့ ကြီး ၆ ကြီးတို့ ဖင်တုန်အောင်ကြောက်ရမဲ့ အင်အားကြီး ကလပ်တစ်သင်း ပေါ်ထွက်လာနေပြီလို့ ဝမ်းသာအားရ ကြွေးကြော် လိုက်ပါတယ်။

ချဲလ်ဆီး၊ မန်ယူ၊ လီဗာပူးတို့ကို နောက်ကောက်ချခဲ့ပြီး ပွဲစဥ် ၁၂အပြီးမှာ နယူးကာဆယ်အသင်းဟာ အဆင့် ၄ နေရာကို သိမ်းပိုက်ခဲ့ပါတယ်။ သူတို့ဟာ စပါးအသင်းကို အဝေးကွင်းမှာ သွားရောက် အနိုင်ယူခဲ့ပြီး သူတို့ ဘာလဲဆိုတာကိုပြသခဲ့တာပါ။

ငှက်ကျားတွေကို ပြိုင်ဘက်တွေ မနာလိုဖြစ်ကြရတော့မယ့် အခြေအနေမျိုး ဒီရာသီမှာ စတင်မြင်လာရမယ်လို့ နယူးကာဆယ် ဂန္တဝင်ကြီး အလန်ရှီးယား က မထင်ထားခဲ့ပါဘူး။

တိုက်စစ်မှူးဟောင်းက ” အမှတ်ပေးပွဲ ၁၂ ပွဲအပြီးမှာ နယူးကာဆယ်တို့ ထိပ်ဆုံး ၄ သင်းထဲ ဝင်ရောက်လာမယ်လို့ အိမ်မက်တောင်မမက်ဖူး ပါဘူး။ မထင်ထားတာ ဖြစ်လာတယ်ဆိုပေမယ့် ကျနော်ကတော့ အတော်လေး သဘောကျတာပေါ့။ ရာသီကုန်မှာ နယူးကာဆယ်က ထိပ်ဆုံး ၄ သင်းထဲ ဆက်ရှိနေမယ်တော့ အာမမခံပါဘူး။

ဒါပေမယ့် နယူးကာဆယ်က ချန်ပီယံလိဂ်ဝင်ခွင့် တစ်နေရာအတွက် အခွင့်အရေးအပြည့် ရှိနေပါတယ်။ အန်ဒီဟောင်ရဲ့အသင်း ထိပ်ဆုံးကို ရောက်လာတာ မြင်ရတာအတွက် ပီတိဖြစ် မိတယ်။ သူတို့ ကစားပုံကောင်းပြီး တနင်္ဂနွေနေ့တုန်းက စပါးကို ရင်ဆိုင်ရာမှာ ထင်မှတ်မထားတဲ့ရလဒ်ကြီး ရခဲ့ပါတယ်။

သူတို့ ၂-၁ ရလဒ်နဲ့ အနိုင်ရလိုက်တာဟာ နယူးကာဆယ်က အသင်းကြီးတွေ စိတ်ပျက်သွားအောင် စလုပ်လာနေပြီဆိုတဲ့ ဥပမာပါပဲ။ ပြိုင်ဘက်အသင်းကြီးတွေက နယူးကာဆယ်ကို သဘောမကျတာတွေ ဖြစ်လာနေပါပြီ။

အန်ဖီးကွင်းမှာတုန်းကလည်း အလားတူပါပဲ။ နာကျင်အချိန်ပို ၉၈ မှဂိုးသွင်းခံရပြီး ရှုံးနိမ့် ခဲ့ပေမယ့် ကံမကောင်းလွန်းလို့ အရေးနိမ့်ခဲ့တာဖြစ်သလို လီဗာပူးက အတော်လေး စိတ်ပျက်စရာ အခြေအနေကို ရင်ဆိုင်ခဲ့ရပါတယ်။

ဒါတွေက ကောင်းတဲ့ လက္ခဏာတွေပါပဲ။ နယူးကာဆယ်က ဘယ်မှာသွားကန်ကန် အရင်လို ခပ်ပျော့ပျော့အသင်း မဟုတ်တော့ပါဘူး။ အိုးထရတ်ဖိုဒ့်မှာလည်း ဒါကို သူတို့ ပြသခဲ့ပါတယ်။မန်စီးတီး နှင့်ပွဲမှာလဲ ပတ်ဒွါတီယိုလာတို့ အသဲအသန်ကစားခဲ့ကြရပါတယ်။

အခုချိန်မှာ နယူးကာဆယ်အသင်းဟာ အရင်နဲ့ လုံးဝကွဲပြား ခြားနားကုန်ပြီဆိုတာ လူတွေ သိလာနေပါပြီ။ နယူးကာဆယ်က ကြီး ၆ကြီး မျက်ခုံးလှုပ်အောင် အကောင်းဆုံး လုပ်နေပြီဆိုတာ အားလုံး မြင် လာကြပါပြီ ” လို့ ပြောဆိုသွားတာ ဖြစ်ပါတယ်။

မနှစ် တုန်းကလဲ နယူးကာဆယ်အသင်းထံ သူ့တို့ကစားသမားတွေမရောင်းဖို့ ပရီးမီးယားလိဂ် အသင်းတွေစု ပြီးကြိုးစားခဲ့ဖူးပါသေးတယ်။လာမဲ့ အောက်တိုဘာ ၂၉ရက်နေ့မှာ စတီဗင်ဂျာရတ်ကို ထုပ်ပယ်ပြီးမှ ခြေစွာနေတဲ့ အက်စတွန်ဗီလာ အသင်းကို အိမ်ကွင်းတွင် ဧည့်ခံကစားရမှာဖြစ်ပါတယ်။

 

Be the first to comment

Leave a comment

Your email address will not be published.


*