အာတီတာကသရေရလဒ်အတွက် စိတ်ပျက်ရပေမဲ့ သူ့ရဲ့ကြယ်ပွင့်တစ်ယောက်ကိုတော့အထင်ကြီးချီးကြူးခဲ့

ဆောက်သမ်တန်ကို ၁-၁ဖြင့် သရေကျခဲ့တဲ့ပွဲမှာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်မှာ ဦးဆောင်နေဆဲဖြစ်တဲ့ အာဆင်နယ်နည်းပြ မိုက်ကယ်အာတီတာက သရေ ရလဒ်ကို အရမ်းစိတ်ပျက်မိကြောင်း ဝန်ခံခဲ့ပေမယ့် ဂန်းနားကွင်းလယ်ကစားသမား ရှာကာ ကို သူတကယ်သဘောကျမိကြောင်း ပြောကြားခဲ့ပါတယ်။

ရှာကာ သည် စိန့်မေရီကွင်း၌ ပွဲကစားချိန် ၁၁မိနစ်တွင် နောက်ခံလူ ဘန်ဝှိုက်၏ ဖန်တီးမှု တဆင့် အဖွင့်ဂိုးသွင်းယူခဲ့ပြီး အာဆင်နယ် တို့က ပွဲကိုစောစောစီးစီး ဦးဆောင်နိုင်ခဲ့သည်။

ဒုတိယပိုင်းတွင် ဂန်းနားတို့ဟာ အနိုင်သေချာစေမဲ့ဂိုးကို ထပ်မံမသွင်း ယူနိုင်သည့်အပြင် ပွဲချိန် ၆၅မိနစ်မှာ ဆောက်သမ်တန် ကစားသမား အမ်းစထရောင်း၏ ချေပဂိုးကိုခွင့်ပြုခဲ့ရသည်။ယခုပွဲအပါဝင် ဆောက်သမ်တန်သည် လိဂ်ပွဲ ၃ပွဲဆက် ရှုံးပွဲမရှိစံချိန်တရပ် ထပ်မံရရှိခဲ့ပါသည်၏။

BBC’s Match of the Day နှင့် စကားပြောရာတွင် အာတီတာက ”ကျွန်တော်တို့မှာ အခွင့်အရေးကောင်း သုံးလေးခုရှိခဲ့ပြီး ဒီထက်ပိုပြီး ဂိုးသွင်းသင့်တယ်။ နှစ်ဂိုး၊ သုံးဂိုးလောက်လိုပေမယ့် တစ်ဂိုးပဲသွင်းနိုင်ခဲ့တယ်။

‘စိတ်ပျက်စရာပဲ။ ကျွန်တော်တို့ လုံလောက်တဲ့ အခွင့်အရေးတွေ ဖန်တီးခဲ့ပေမယ့် ဘောလုံးကို အဝေးကွင်းမှာ မထားခဲ့နိုင်ပါဘူး။

‘‘ကျွန်တော်တို့ ထပ်ပြီးအနိုင်ရချင်တာကြောင့် သင်ခန်းစာတစ်ခုပါ။ သူတို့ ဒုတိယပိုင်းမှာ တိုက်ရိုက်ကစားပုံက ကျွန်တော်တို့ကို ပိုဖိအားပေးခဲ့ပြီး ကျွန်တော်တို့ ရုန်းကန်ခဲ့ရပါတယ်။”

ရှာကာ နှင့် ပတ်သက်၍ အာတီတာက က ” တကယ်ကို တသမတ်တည်းခြေစွမ်းနဲ့ တအထင်ကြီးစရာပါ။ ဒါ ကသူဆက်လုပ်ချင်တဲ့ ပုံစံမျိုးပါ။”ဟု

အာဆင်နယ် မန်နေဂျာ က Sky Sports သို့ ထပ်လောင်း ပြောကြား ခဲ့သည် ‘ ဒါဟာ ခြားနား တဲ့ ရလဒ် ဖြစ်သင့် ပါတယ် ။ ဆောက်သမ်တန်ကို အသိမှတ်ပြုပါတယ်၊ သူတို့ အရမ်းကောင်း​ကြတယ်။ ဒုတိယပိုင်းမှာ ကျွန်တော်တို့ အကြီးမား ဆုံးအခွင့်အရေးနှစ်ခုကို ဖန်တီးခဲ့ပေမယ့် နိုင်ပွဲရဖို့ မလုံလောက်ပါဘူး။

အာဆင်နယ်အသင်းဟာ အဆင့် ၁၅ နေရာက ဆောက်သမ်တန်ကို ရှုံးနိမ့်ခဲ့ပေမယ့် မနေ့က ဘရိုက်တန်ကို ၃-၁ နဲ့ အနိုင်ရခဲ့တဲ့ ဒုတိယနေရာက မန်စီးတီးထက် နှစ်မှတ်အကွာမှာ ရှိနေခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ သူတို့ရဲ့ ပထမဆုံး ၁၁ ပွဲမှာ ၂၈ မှတ်အထိ ရယူထားနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်ရာသီအစမှာ အကောင်းဆုံးဖြစ်ခဲ့ပါတယ်။

အာတီတာ၏အသင်းသည် ကြာသပတေးနေ့ညတွင် ယူရိုပါလိဂ်ပြိုင်ဘက် PSV နှင့်ရင်ဆိုင်ရမည့်အပြင် လာမည့်တနင်္ဂနွေနေ့တွင် လီဗာပူးကို အနိုင်ယူပြီးစိတ်ဓာတ် တက်ကြွနေတဲ့ နော်တင်ဟမ်ဖောရက်အား အိမ်ကွင်းတွင် အောက်တိုဘာ ၃၀ရက်၌ ဧည့်ခံကစားရမည်ဖြစ်သည်။

Be the first to comment

Leave a comment

Your email address will not be published.


*