ဒဏ်ရာမှ ပြန်လည်သက်သာပြီးနောက် ခရစ္စတယ်ပဲလေ့အား ၃-၀ဖြင့် အနိုင်ရခဲ့သည့်ပွဲတွင် ပထမဆုံးဂိုးသွင်းယူပေးခဲ့သော ကားဗက်လီဝင် အား ကြံ့ခိုင်မှုပြည့်ဝနေပါက ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အင်္ဂလန်အသင်းတွင် နေရာတစ်နေရာအတွက် စိန်ခေါ်ရန် အသင့်ရှိကြောင်း အဲဗာတန်နည်းပြ ဖရန့်လမ်းပတ်က ထောက်ခံလိုက်ပါတယ်။
ဖရန့်လမ်းပတ်က ကားဗက်လီဝင်အား အင်္ဂလန်လက်ရွေးစင်အသင်းဆီ တွန်းပို့နိုင်မယ်လို့ ထင်ပါတယ်။ သူ့ကို ရာသီကုန်အထိ ကြံ့ခိုင်နေစေရန်နှင့် အလုပ်ကြိုးစားဖို့ တိုက်တွန်းထားပြီး ယခုလို ကြံ့ခိုင်မှုပုံစံနဲ့ခြေစွမ်းကို ဆက်ထိမ်းထားနိုင်ရင် အင်္ဂလန်အသင်းနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ဖို့ အခွင့်အရေးပေးခံရလိမ့်မယ်လို့ ယုံကြည်နေပါတယ်။
အသက် ၂၅နှစ်အရွယ်ရှိ အဲဗာတန်တိုက်စစ်မှူးသည် ပဲ့လေ့စ်နှင့်ပွဲတွင် ယခုရာသီအတွင်း လေးကြိမ်မြောက် ပွဲထွက်လာခြင်းဖြစ်ပြီး ကမ်ပိန်းအကြိုတွင် ဒူးဒဏ်ရာရရှိပြီးနောက် ပထမဆုံးအကြိမ် ပြန်လည် ပါဝင်လာခြင်းဖြစ်သည်။
အင်္ဂလန်နည်းပြ ဂါရတ် ဆောက်ဂိတ်ဟာ လီဝင်ရဲ့အကြောင်းကောင်း ကောင်းသိရှိထားပြီး ၎င်း၏ဂိုးကို သွင်းယူနေစဉ် စောင့်ကြည့်နေခဲ့သည်။
လီဝင်ဟာ ဒဏ်ရာကြောင့် တန်းဆင်းရမယ့် အရေးကြုံနေချိန် ပွဲတော်တော်များ လွဲချော်ခဲ့ပြီး လမ်းပတ်က ‘ပေါင်သန်း 60 ၊ ပေါင် 70 နဲ့ £80 နဲ့ ဝေးဝေးနေနိုင်မယ်မထင်ပါဘူး။ တိုက်စစ်မှူးက အသင်းအတွက်နိုင်ပွဲရအောင် လုပ်ပေးနိုင်တယ်။
‘သူ့အပေါ် ယုံကြည်မှုပေးခဲ့တဲ့အတွက် အသင်းကိုပြန် ပေးနိုင်တဲ့ သူ့ရဲ့ သက်ရောက်မှုက ကြီးမားတဲ့အားသားချက်ပါ။
‘ကျွန်တော်က ရှေ့ကို သိပ်မကြည့်ချင်ပေမယ့် သူ့ကိုသူ ကြံ့ခိုင်အောင် ထိန်းထားနိုင်ရင် လူတိုင်းက အကောင်းမြင်လာလိမ့်မယ်။
အန်တိုနီဂေါ်ဒွန်နှင့် ဒွိုက်မက်နေးလ်တို့က ဒုတိယပိုင်းသွင်းဂိုးများဖြင့်လမ်းပတ်၏ စိတ်ဆင်းရဲမှုကို ပြေ လျော့စေ ခဲ့ပေမဲ့ ပဲလေ့စ်နည်းပြ ပက်ထရစ်ဗီအဲရာ ကတော့ သူ့ အသင်း၏စွမ်းဆောင်ရည်ကို ကောင်းစွာမကျေနပ်ခဲ့ပေ။
ပဲလေ့စ်နည်းပြ ပက်ထရစ် ဗီအဲရာက ‘ ငါတို့ဆီက စွမ်းဆောင်မှုကောင်းကောင်း မရှိခဲ့ဘူး။ ငါတို့သေချာမကစားခဲ့ကြဘူး။ ကျွန်တော်တို့ အသင်းဟာပြိုင်ဆိုင်လိုစိတ်မဲ့နေလို့ အဲဗာတန်အတွက် လွယ်ကူသွားခဲ့ပါတယ်။ ကျွန်တော်တို့ အသင်းကစား ပုံနဲ့ ပတ်သက်ပြီး ဆိုးရွားတဲ့ ခံစားချက်ကို ပထမဆုံးအကြိမ် ခံစားခဲ့ရတာပါ။ အဲဗာတန်ကို မယှဉ်နိုင်ခဲ့ပါဘူး”ဟု ကိုယ့်ကိုယ်ကိုယ် နှိမ့်ချပြောကြားသွားပါတယ်။
Be the first to comment