ရှေ့တန်းမှာသုံးစားမရတော့တဲ့ ရပ်ဖို့ဒ်ကြောင့် ရော်နယ်ဒိုအား လွမ်းဆွတ်မိကြောင်း ဝန်ခံလိုက်တဲ့ အဲရစ်တန်ဟတ်

စနေနေ့ညနေက ချဲလ်ဆီးနဲ့ ၁-၁ ဂိုးရလဒ်ဖြင့်သရေကျခဲ့တဲ့ ပွဲစဥ်အပြီး အသင်းရဲ့တိုက်စစ်ပိုင်း စွမ်းဆောင်ရည်အတွက် ယခုရာသီမှာ ခရစ္စတီယာနို ရော်နယ်လ်ဒိုကို အလိုရှိနေတုန်းပဲဆိုတာ သက်သေပြခဲ့တာလို့ ယူနိုက်တက်နည်းပြ အဲဲရစ်တန်ဟတ် ယုံကြည်နေပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ချဲလ်ဆီးအိမ်ကွင်း စတမ်းဖို့ဒ် ဘရစ်ချ်မှာ ကစားခဲ့တဲ့ ပွဲအစပိုင်းကစားချိန်တွေမှာ လွှမ်းမိုးထားနိုင်ခဲ့ပေမယ့်လည်း ရရှိလာတဲ့အပိုင်အခွင့်အရေးတွေကို ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့တာဖြစ်ပြီး ရက်ရှ်ဖို့ဒ်နဲ့ အန်တိုနီတို့ဟာ အရေးတွေကိုအသုံးမချနိုင်ခဲ့ ကြတာဖြစ်ပါတယ်။ချဲလ်ဆီးနည်းပြ ဂရေဟမ်ပေါ်တာ ရဲ့ နည်းဗျူဟာအပြောင်းအလဲက ယူနိုက်တက်ရဲ့ လွှမ်းမိုးမှုကို ဒုတိယပိုင်းမှာ ဟန့်တားနိုင်ခဲ့ပြီး အိမ်ရှင်အသင်းဟာ ၈၇ မိနစ်မှာ ဂျော်ဂျင်ဟိုရဲ့ ပင်နယ်တီသွင်းဂိုးကြောင့် အနိုင်ရသွားခဲ့ပြီလို့ ထင်မြင်ခဲ့ကြပါတယ်။

ဒါပေမယ့်လည်း တန်ဟက်ဂ် ရဲ့အသင်းဟာ အံ့အားသင့်ဖွယ်ကောင်းတဲ့ တိုက်ပွဲဝင်စိတ်ဓာတ်ကို လက်တွေ့ သရုပ်ပြခဲ့ကြပြီး သုံးမိနစ်မန်ယူလို့ နာမည်ကျော်ကြားသည့်အတိုင်း နာကျင်အချိန်ပို ၉၄ မိနစ်မှာ ကက်စမီရိုရဲ့ ခေါင်းတိုက်သွင်းဂိုးကနေတဆင့် ချေပဂိုးကို ပြန်လည်ရရှိ ခဲ့တာကြောင့် အဝေးကွင်းမှာ သရေတစ်မှတ် ရယူနိုင်ခဲ့တာပါ။

ဘလွန်းဒီ​အော ၅ ဆုရှင် ရော်နယ်လ်ဒိုသာ ပါဝင်ကစားပေးခဲ့ရင် ချဲလ်ဆီးနဲ့ပွဲစဉ်မှာ ကွဲပြားခြားနားတဲ့ရလဒ် ထွက်ပေါ် ခဲ့မှာဖြစ်ပြီး အသင်းအတွက် အနိုင် ၃ မှတ်အား ရယူပေးနိုင်ခဲ့လိမ့်မယ်လို့ တန်ဟက်ဂ် ဝန်ခံ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက်က ချဲလ်ဆီးနဲ့ပွဲမှာ ရော်နယ်လ်ဒိုကို အလိုရှိခဲ့လားလို့ မေးမြန်းခဲ့ရာမှာ တန်ဟက်ဂ်က “ဟုတ်ပါတယ်။ အမြဲတမ်း သူက ဂိုးတွေ သွင်းယူပေးနိုင်ပါတယ်။ သူက ကျွန်တော်တို့အတွက် တန်ဖိုးရှိပြီး သူ့ကို ကျွန်တော်တို့ လိုအပ်တယ်ဆိုတာ ရှင်းပါတယ်။ ခင်ဗျား အဲဒါကို ဒီလိုမျိုး တော်တော်လေး သိသာထင်ရှားတဲ့အခွင့်အရေးတွေကို သူသာဆိုရင် အဆုံးသတ်နိုင်မယ်ဆိုတာ ခင်ဗျား ဒီပွဲစဉ်ထဲမှာ မြင်တွေ့ခဲ့မယ်လို့ ထင်ပါတယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ရော်နယ်လ်ဒိုနဲ့ ဆက်ဆံရေးကို ပြန်လည်ပြင်ဆင်နိုင်မှာလားလို့ ထပ်မံမေးမြန်းခဲ့ရာမှာ တန်ဟက်ဂ်က “ကျွန်တော် ဒီအခြေအနေနဲ့ပတ်သက်ပြီး ပြောသင့်သလောက် ပြောခဲ့ပြီးပြီလို့ ထင်တယ်။ ဒီပွဲစဉ်အပေါ်မှာပဲ အာရုံစိုက်ထားတာပါ။ ကျွန်တော့်အသင်းအတွက် ကောင်းမွန်တဲ့ပွဲတစ်ပွဲဖြစ်ခဲ့ပြီး ကျွန်တော့်အသင်းကို တကယ်ကို ချီးကျူးပါတယ် ။ ၁၀ ရက်အတွင်း ၄ ပွဲကစားပြီးနောက်မှာ ဒီလို ကစားနိုင်တယ်ဆိုရင် ပထမပိုင်း၊ ဒုတိယပိုင်းမှာ ကျွန်တော်တို့ ကောင်းကောင်း စုဖွဲ့ ကစားပြီး ပြန်လည်တိုက်ပွဲဝင်နိုင်ခဲ့တာက အာရုံစိုက်မှုရှိလို့ပါ။ ကျွန်တော့်အသင်းကို ကြီးမားတဲ့ချီးကျူးပြောဆိုမှု ပြုလုပ်ရမှာပါ”

“၁၀ ရက်အတွင်း ၄ ပွဲမြောက်ပွဲစဉ်နဲ့အတူ ပြန်လည်တိုက်ခိုက်နိုင်ဖို့က စိတ်ဓာတ်နဲ့ သူတို့တွေ ရင်ဆိုင်ဖြေရှင်းနေရတဲ့ ပြဿနာကို မြင်မှာပါ။ တကယ်ကို ကောင်းပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက် သည် ၁၁ပွဲကစားပြီးချိန်တွင် ရမှတ် ၂၀ ရရှိထားပြီး ချဲလ်ဆီးအသင်းအောက် တစ်မှတ်လျော့ဖြင့် အမှတ်ပေးဇယား အဆင့် ၅ မှာရပ်တည်နေပြီး အောက်တိုဘာ ၂၈တွင် အိုးထရက်ဖို့လ် ၌ ရှရစ်အသင်းက ယူရိုပါလိဂ် ပွဲစဥ်အဖြစ် ဧည့်ခံကစားရမှာဖြစ်ပါတယ်။

 

Be the first to comment

Leave a comment

Your email address will not be published.


*