ကာလရှည်စာချုပ် ချုပ်ဆိုလိုက်ပြီဖြစ်တဲ့ အာဆင်နယ်နောက်ခံလူ ဂါဘရီရယ်

အာဆင်နယ်အသင်းဟာ အမ်းမရိတ်စ်ကွင်းမှာ ဘရာဇီးသား နောက်ခံလူ ဂါဘရီရယ်ကို ကာလရှည်စာချုပ်သစ် ချုပ်ဆိုလိုက်ပြီကြောင်း အတည်ပြုလိုက်ပါတယ်။
ဂါဘရီရယ်သည် ယခုရာသီတွင် အာဆင်နယ်အသင်း၏ လိဂ်ပွဲ၁၀ ပွဲစလုံးကို စတင်ကစားခဲ့ပြီး ဂန်းနားတို့အား ၁၀ ဂိုးသာ ပေးဆောင်ကာ ၂၇ မှတ်ရရှိ၍ ပရီးမီးယားလိဂ်ချန်ပီယံဆုကို စိမ်​
ခေါ်ထားပြီး အမှတ်ပေးဇယားကိုဦးဆောင်နေတာပါ။
ဘရာဇီးသားသည် ၂၀၂၀ ခုနှစ်တွင် လီဂူး ၁ ကလပ် လိုင်လီ မှ ပြောင်းရွှေ့ကြေး ပေါင် ၂၇ သန်းဖြင့် အပြီးသတ်ပြောင်းရွှေ့ ခဲ့ပြီး အာဆင်နယ်တွင် ဝီလျံဆာလီဘာနှင့် ကောင်းမွန်တဲ့ ဗဟိုခံစစ်အတွဲကို ထူထောင်ခဲ့ပါတယ်။


“အာဆင်နယ်အသင်းနဲ့ ဒီစာချုပ်သစ်ချုပ်ဆိုရတာ အရမ်းပျော်ပါတယ်” ‘ဒါဟာ ငါ့အိပ်မက်ဖြစ်ပြီး ဒီနေ့ဟာ ငါ့ဘဝရဲ့ အကောင်းဆုံးနေ့တစ်နေ့ပါ။
‘‘ဒီမှာ စာချုပ်သက်တမ်းတိုးရတာ အရမ်းပျော်တယ်။ ကစားပွဲတိုင်းကို ပရိတ်သတ်တွေက ကွင်းထဲမှာ တွန်းအားပေးကြပါတယ်။ အဲဒါကြောင့် ဒီမှာနေနေရတာ အရမ်းပျော်တယ်။ အာဆင်နယ်က ကျွန်တော့်အိမ်ပါ။
“အနာဂတ်မှာ ကျွန်တော် အာဆင်နယ်အတွက် ကစားပေးတဲ့ ပွဲ တိုင်းကို အနိုင်ယူချင်ပါတယ်၊ ကျွန်တော် အာဆင်နယ်နဲ့ ဆုဖလားတွေ ဆွတ်ခူးချင်ပါတယ်၊ ဒါက ကျွန်တော့်အိမ်ဖြစ်လို့ ဒီမှာ အချိန်အကြာကြီး ဆက်နေချင်ပါတယ်။” ဟု အာဆင်နယ်ရဲ့ တရားဝင် ဝက်ဘ်ဆိုဒ်သို့ပြောကြားခဲ့ပါသည်။

အာဆင်နယ်ဒါရိုက်တာ အီဒူး က ‘ဂါဘရီရယ် နဲ့ စာချုပ်သစ်ချုပ်ဆိုခွင့်ရခဲ့တာ အရမ်းကောင်းပါတယ်။ အသက် ၂၄ နှစ်မှာ သူဟာ လူငယ်ကစားသမားဖြစ်ပြီး ကျွန်တော်တို့ရဲ့ အနာဂတ်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။
‘ ၂၀၂၀ မှာ သူကျွန်​တော် တို့နဲ့ပူးပေါင်းပြီးကတည်းက သူ့ရဲ့စွမ်းဆောင်ရည်တွေက အရမ်းအားကောင်းခဲ့ပြီး ကျွန်တော်တို့ရဲ့ရလဒ်တွေအပေါ် သူ့ရဲ့အပြုသဘောဆောင်တဲ့သက်ရောက်မှုတွေကို လူတိုင်းမြင်တွေ့နိုင်မှာပါ။
‘သူဟာ ကွင်းတွင်းရော ကွင်းပြင်ပမှာပါ ပံ့ပိုးကူညီမှုတွေနဲ့ ဆက်သွယ်မှုတွေနဲ့ အများကြီး ကြီးထွားလာခဲ့ပါတယ်။ ဘရာဇီးသား ဟာ ကျွန်​​တော်​တို့ ကလပ်​ရဲ့ အရေးကြီးတဲ့ အစိတ်​အပိုင်းတစ်​ခုအဖြစ်​ ဆက်​လက်​တိုးတက်​လာတာကို ကျွန်​​တော်​တို့အားလုံး ​စောင့်​​မျှော်​​နေပါတယ်​။”


တစ်ချိန်တည်းတွင်ပင် ဂန်းနားနည်းပြ မိုက်ကယ် အာတီတာက “ဂါဘီဟာ ကျွန်တော်တို့နဲ့ လက်တွဲကတည်းက ကြီးမားတဲ့ အရည်အသွေးတွေကို ပြသခဲ့ပါတယ်။
“သူဟာ ကောင်းမွန်တဲ့ အလုပ်ကျင့်ဝတ်နဲ့ လူငယ်ကစားသမားဖြစ်ပြီး သူ့ရဲ့ တသမတ်တည်း ပြင်းထန်တဲ့ စွမ်းဆောင်ရည်တွေက ပြီးခဲ့တဲ့ နှစ်ရာသီအတွင်း ကျွန်တော်တို့အတွက် အလွန်အရေးပါပါတယ်။
“ဂါဘီ နဲ့ နေ့တိုင်းအလုပ်လုပ်ရတာ ပျော်ရွှင်စရာပါ၊ သူက ကလပ်မှာရှိတဲ့ လူတိုင်းနဲ့ ခိုင်မာတဲ့ ဆက်ဆံရေးကို ဖန်တီးထားပြီး ရေရှည်စာချုပ်မှာ ကတိကဝတ်ပြုထားတဲ့အတွက် ကျွန်တော်တို့ အရမ်းပျော်ပါတယ်။”
ဂါဘရီရယ်သည် ပရီးမီးယားလိဂ်တွင် အဆင့် ၁၄ ရှိသော ဆောက်သမ်တန်အိမ်ကွင်း စိန့်မေရီ တွင် သွားရောက်ကစားရမည်​ ဖြစ်ပြီး သူနှင့်အာဆင်နယ်၏ အထင်ကြီးလောက်သောပုံစံကို ဆက်လက်ထိန်းသိမ်းထားရန် မျှော်လင့်ထားသည်။

Be the first to comment

Leave a comment

Your email address will not be published.


*