ကမ္ဘာ့ဖလားပြိုင်ပွဲတွင်ပြင်သစ်အသင်းနှင့်အတူ ပါဝင်ခွင့်ရဖို့အတွက် စိုးရိမ်နေရပြီဖြစ်တဲ့ မန်ယူနောက်ခံကစားသမား

ပြင်သစ်နောက်ခံလူရာဖေးဗာရန်း ဟာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ချဲလ်ဆီးအသင်း တစ်ဖက် တစ်ဂိုးစီ သရေကျ ခဲ့တဲ့ပွဲမှာ ဒဏ်ရာကြောင့် ထွက်ခွာခဲ့ရပြီးနောက် ကာတာမှာကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် စိုးရိမ်ပူပန်နေရပါပြီ။

စတန်းဖို့ဒ်ဘရစ်ချ်မှာပြင်းထန်စွာ ဒဏ်ရာရရှိခဲ့လို့ စနေနေ့ညက ချဲလ်ဆီးအသင်းနဲ့ မိနစ် ၆၀ မပြည့်ခင်မှာရာဖေးဗာရန်း ဟာ ကွင်းထဲကနေ ထွက်ခွာသွားခဲ့ပါတယ်။ပြင်သစ်ဗဟိုခံစစ်ကစားသမားသည် နာကျင်မှုကို ဖုံးကွယ်ထားရန် ၎င်း၏မျက်နှာကို ရှပ်အင်္ကျီဖြင့် ဖုံးအုပ်ထားပြီး မျှော်လင့်ထားသည်ထက်စောကာ လူစားလဲခံခဲ့ရသည်။

ဗာရန်းသည် အူဘာမီးယန်း အား ဖြတ်ထုတ်ရန် ကြိုးစားစဉ် ဒူးဒဏ်ရာရရှိခဲ့ကာ ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲ စတင်ဖို့တစ်လမပြည့်မီ အတွင်းတွင်ပြင်သစ်အသင်း၌ ပြန်လည်ပါဝင်နိုင်ဖို့ရာ ​သံသယဖြစ်ဖွယ်ရှိနေသည်။

အသက် ၂၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကစားသမားဟာ ဘောလုံးကို ဆန့်ထုတ်ပြီး တိုက်စစ်ကို ဖြတ်ဖို့ သူ့ရဲ့ ညာခြေကို ခန္ဓာကိုယ်ကနေ ခွာထုတ်လိုက်ပါတယ်။သို့သော် ခြိမ်းချောက်မှုကို တားဆီးရန် ကြိုးပမ်းမှုမှာ ခြေဖဝါးကို မြေပြင်တွင် စိုက်ထည့်လိုက်ခြင်း၏ သက်ရောက်မှုကြောင့် ဒူးဆစ်များ တုန်ခါသွားပုံပေါ်သည်။

ပြင်သစ်လက်ရွေးစင်သည် ချက်ခြင်းကုသမှုခံယူရန် လိုအပ်ပြီး လင်ဒီလော့ ကိုအစားထိုးမခံရမီတွင် အဆင်မပြေ​ဖြစ်နေ ကြောင်း ထင်ရှားသည်။

သို့သော်လည်း ကွင်းအတွင်းမှ ထွက်ခွာနိုင်ရန် ရပ်တည်နိုင်ခဲ့ပြီး ဒဏ်ရာ၏ အတိုင်းအတာကို အတည်မပြုနိုင်သေးပေ။

ဗာရန်း ဟာ ပြီးခဲ့တဲ့ရာသီက အိုးလ်ထရက်ဖို့ဒ်ကို ရောက်ရှိ လာကတည်းက ဒဏ်ရာပြသနာတွေနဲ့ ပတ်သတ်ပြီး ရှည်လျားတဲ့သမိုင်းကြောင်းရှိခဲ့ပြီး ၁၈ ပွဲ လွဲချော်ခဲ့ပါတယ်။

၎င်းသည် ရီးယဲလ်မက်ဒရစ်အသင်းနှင့်အတူ ချန်ပီယံလိဂ်ဖလား လေးကြိမ်နှင့် ကမ္ဘာ့ဖလားအောင်မြင်မှုရရှိထားသည့် ထိပ်တန်းကစားသမားတစ်ယောက်လဲ ဖြစ်ပါတယ်။

ယူနိုက်တက် နဲ့ ပြင်သစ် ပရိသတ်တွေ ကလည်း သူ့ ကိုစိုးရိမ် စရာ မလို ဘူး လို့ ပဲ အားပေး ကြပါလိမ့်မယ် ဒါပေမယ့် သူ့ရဲ့ နောက်ဆုံး ဒဏ်ရာကြောင့် ကာတာမှာ ပြင်သစ်နဲ့ အတူ ချန်ပီယံဆုကို ကာကွယ်ဖို့ အခွင့်အရေး မရတော့ဘဲ ပြိုင်ပွဲအတွက် အချိန်မီပြန်လာနိုင်ဖို့ မျှော်လင့်နေတဲ့ သူနဲ့ ပြင်သစ်နည်းပြ ဒမ့်ကပ် အတွက် စိတ်လှုပ်ရှားစွာ စောင့်ဆိုင်းရပါတော့မယ်။

ပြင်သစ်အသင်း သည် ဒိန်းမတ်နှင့် တူနီးရှားအသင်းတို့နှင့် မတွေ့ဆုံမီ နိုဝင်ဘာ ၂၂ ရက်တွင် ဩစတြေးလျအသင်းနှင့် ကမ္ဘာ့ဖလား ကာကွယ်ရေးကို စတင်ရမည်ဖြစ်သည်။

Be the first to comment

Leave a comment

Your email address will not be published.


*