တနင်္ဂနွေည ၇:၃၀မှာ ဆောက်သမ်တန် အသင်းရဲ့စိန့်မေရီ ကွင်းကြီးမှာ အာဆင်နယ်အသင်း သွားရောက် ရင်ဆိုင် ကစားရမှာပဲ ဖြစ်ပါတယ် ။ ဆောက်သမ်တန် အသင်းဟာ အမှတ်ပေးဇယား အဆင့် (၁၄)နေရာ အထိ ရောက်ရှိနေပြီးမနှစ်ကလို ပုံစံကောင်းပြန် ရဖို့ ရုန်းကန်နေရပေမဲ့ အာတီတာ ရဲ့ဂန်းနားတို့ကတော့ ပရီးမီးယားလိဂ် (၁၀)ပွဲ ကစားပြီးချိန်မှာ နိုင်ပွဲ (၉)ပွဲ နဲ့အတူ အမှတ်ပေးဇယား ထိပ်ဆုံးရောက်နေခဲ့ကာ မန်စီးတီးကို (၄)မှတ် ဖြတ် ဦးဆောင် ထားပါတယ်။
လက်တလော အခြေအနေတွေ အရ နှစ်သင်းကြား ကွာခြားချက် များစွာ ရှိနေပေမယ့် ဆောက်သမ်တန် နည်းပြ Ralph Hasenhuttl ကတော့ သူ့ အနေနဲ့ အာဆင်နယ်ကိုတိုက်စစ်ဖွင့် ရင်ဆိုင်သွားမှာ ဖြစ်ပြီး ဂန်းနားတို့ အံ့အားသင့်သွား ရလောက်အောင် ကစားပြသွားချင်တယ်လို့ ပြောကြားလိုက်တာပဲ ဖြစ်ပါတယ် ၊ အဆိုပါ အကြောင်းတွေ နဲ့ ပတ်သတ်ပြီး Ralph Hasenhuttl က ” ကျနော့် အနေနဲ့ အာဆင်နယ်ကို ခံစစ်မှာပိတ်ပြီး ကစားသွားမှာ မဟုတ်ပါဘူး ၊ ကျနော်တို့ဟာ စတိုင်လ် နဲ့ကိုယ် လိုက်လျောညီထွေမှု ရှိပါတယ်
” ဒီအရာနဲ့ ပတ်သတ်ပြီး တခြားသော အသင်းတွေ အနည်းငယ် စွံ့အသွားအောင် စွမ်းဆောင်ပြဖို့တော့ လိုပါတယ် ၊ အိမ်ကွင်းမှာ ပရိသတ်တွေ ရဲ့ အားပေးထောက်ခံမှုကို ကျနော်တို့ အားကိုး သွားရပါမယ် ” လို့ ပြောကြား သွားခဲ့ပါတယ် ၊ ဆက်လက်ပြီး Ralph Hasenhuttl က သူတို့ရဲ့ အဓိက ညာနောက်ခံအစွန်လူ တစ်ယောက် ဖြစ်တဲ့ ကိုင်လေဝေါ်ကာပီတာ ဟာ ဒဏ်ရာပြဿနာကြောင့် ကာလရှည် အနားယူရမှာဖြစ်ပြီး အာဆင်နယ် နဲ့ ပွဲကို သေချာပေါက် လွဲချော်မယ်လို့ အတည်ပြု သွားပါတယ်
အာဆင်နယ် အသင်းမှာတော့ ဒဏ်ရာရ ကစားသမား တော်တော်လေး နည်းပါးနေခဲ့ပြီး ကာလရှည် နားနေရတဲ့ စမစ်ရိုးလ် ၊ အယ်လ်နီနီ တို့ကလွဲရင် ကစားသမား အစုံအလင်နီးပါး ပါဝင်လာမှာပါ ၊ အာဆင်နယ် နည်းပြ အာတီတာ ကတော့ အဆိုပါပွဲစဉ်မှာ ဇင်ချန်ကို ပြန်လည် ပါဝင်လာနိုင်မဲ့အခြေအနေမှာ ရှိတယ်လို့ ဆိုသွားခဲ့ကာ ဆာကာ နဲ့ မာတင်နယ်လီ တို့ရဲ့ ကြံခိုင်မှု အခြေအနေဟာလည်း ကစားဖို့ အဆင်ပြေတယ်လို့ အတည်ပြုလိုက်ပါတယ်
Be the first to comment