ပီအက်စ်ဗွီ အသင်းရဲ့ နည်းပြဖြစ်သူ ဗန်နစ္စတယ်ရွိုင်းကတော့ မနေ့ညက ယူရိုပါလိဂ်အုပ်စုအဆင့်ပထမအကျော့ အီးမရိတ်ကွင်းမှာ ဂန်းနားတို့ ကို ၁-၀ နဲ့ရှုံး နိမ့်ခဲ့တဲ့ ပွဲအပြီးမှာ အာတီတာ နဲ့ အာဆင်နယ် အသင်းသားတွေရဲ့ အနိုင်ရလိုစိတ်နဲ့ အရည်အသွေးပိုင်းကို အထူး ချီးကျူးစကား ဆိုသွားခဲ့တာပဲ ဖြစ်ပါတယ် ၊ နစ္စတယ်ရွိုင်းက အာဆင်နယ် အသင်းဟာ အဆိုပါပွဲမှာ နိုင်ပွဲ နဲ့ ထိုက်တန်ခဲ့ကြောင်း ဝန်ခံရင်း ဂန်းနားတို့ရဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် စိန်ခေါ်နိုင်စွမ်း အပေါ်လည်း သုံးသပ် ပြောကြား သွားခဲ့တာပါ
အဆိုပါ အကြောင်းအရာတွေ နဲ့ ပတ်သတ်ပြီး နစ္စတယ်ရွိုင်းက ” အာတီတာ သူ့ရဲ့ အသင်းကို တည်ဆောက်နေတဲ့ ပုံစံ ၊ ကစားနေတဲ့ ကစားဟန် ၊ ကစားသမား ခေါ်ယူမှုတွေ နဲ့ ပတ်သတ်လို့ ကျနော် ချီးကျူးစကား ဆိုသွားချင်ပါတယ် ၊ အခုလို သူတို့ နိုင်ပွဲဆက် ရလဒ်ကောင်းတွေ ရနေတာဟာ ဒီအရာတွေ အားလုံးနဲ့ ဆက်စပ်မှုတွေ ရှိနေပါတယ် ၊ ပရီးမီးယားလိဂ် (10)ပွဲ ကစားပြီးတဲ့ အချိန်မှာ (9)ပွဲ ထိ အနိုင်ရထားတဲ့သူတို့ အသင်းက သေချာပေါက် ဆုဖလား စိန်ခေါ်နိုင်သူ ဖြစ်နေပါပြီ
” သူတို့ဟာ ပရီးမီးယားလိဂ် ရဲ့ အသက်ငယ်ဆုံး အသင်း ဖြစ်နေတဲ့ အတွက်ကြောင့် ချန်ပီယံဖြစ်ဖို့ ဆိုတာဟာ သူတို့ အတွက်ကြီးမားတဲ့ စိန်ခေါ်မှု တရပ်ပါပဲ ၊ ဒါပေမယ့် သူတို့မှာ အမှတ်ပေး ချန်ပီယံ ဖြစ်ဖို့ အတွက် လုံလောက်တဲ့ လူစာရင်း ၊အနိုင်ရလိုမှုပြင်းပြတဲ့စိတ်ဓာတ်၊ အရည်အသွေး၊ယခင်နဲ့မတူတဲ့စည်းလုံးမှု ၊ နည်းပြ စတဲ့အရာတွေကို ပိုင်ဆိုင်ထားပါတယ် ၊ ဒီကနေ့ပွဲမှာဆို ကျနော်တို့ အသင်းရဲ့ ခံစစ်ကစားဟန်က ကောင်းခဲ့ပါတယ် ၊ ခံစစ်ပိုင်းကို အရမ်းနက်နက်ရှိုင်းရှိုင်း ကစားခဲ့ပါတယ် ၊ ကျနော် အနေနဲ့တိုက်စစ်သာကစားချင်ပြီး အဲ့လိုမျိုးခံစစ်နဲ့ တကယ်ကို မကစားချင်တာတော့ အမှန်ပါပဲ
” ဒါပေမယ့် ဘာကြောင့်လဲဆိုတော့ ကျနော်တို့ အသင်းရဲ့ တည်ဆောက်ပုံ ကြောင့်ပါ ၊ ကျနော်တို့ အနေနဲ့ အာဆင်နယ် အသင်းရဲ့ ဖိအားပေးကစားခြင်း ကို မကျော်လွှားနိုင်ခဲ့ပါဘူး ၊ ဒါကြောင့် အမြင့်ဘောတွေကိုပဲ အသုံးပြုခဲ့ရတယ် ၊ အဲ့ဒီမှာ အာဆင်နယ် အသင်းက ကျနော်တို့ကို တစ်ဦးချင်း တွေလည်း အသာရခဲ့သလို ၊ ဒုတိယဘောလုံးအဆယ် တွေမှာလည်း အသာစီးယူနိုင်ခဲ့ပါတယ် ၊ ဝန်ခံရရင်တော့ဂန်းနားတို့ ဟာ ဒီပွဲကို အနိုင်ရဖို့ ထိုက်တန်ပါတယ် ” လို့ ပြောကြား သွားခဲ့ပါတယ်။
Be the first to comment