ဂါဘရီရယ် ဟိန့်ဇီ ဟာ မန်ချက်စတာယူနိုက်တက်ရဲ့ သူရဲကောင်းဖြစ်ပြီး သူ့ရဲ့ idol လဲဖြစ်ကြောင်း မန်ယူနောက်ခံ လီဆန်ဒရို မာတီနက်ဇ် ပြောကြားလိုက်ပါတယ်။
မာတီနက်ဇ်သည် နွေရာသီတွင် အေဂျက်စ်မှ အိုးလ်ထရက်ဖို့ဒ်သို့ ရောက်ရှိလာခဲ့ပြီး ခက်ခဲသော ပထမနှစ်ပွဲများကြားမှ လျင်မြန်စွာ ပရိသတ်အချစ်တော်ဖြစ်လာကာ ပရီးမီးယားလိဂ်တွင်အရပ် ၅ပေ ၉လက်မဖြင့် ဗဟိုခံစစ်ကစားနိုင်စွမ်းကို မေးခွန်းထုတ်နေသည့် ပရိတ်သတ်များကို နှုတ်ဆိတ်စေခဲ့သူပါ။
အသက် 24 နှစ်အရွယ်ရှိပြီဖြစ်သော ယူနိုက်တက်ကြယ်ပွင့် သည် အေဂျက်စ်တွင် ၎င်း၏နည်းပြဖြစ်ခဲ့သော မန်နေဂျာ အဲရစ်တန်ဟတ် ၏ အသည်းစွဲဖြစ်ကာ ရာဖေးဗာရန်း နှင့် ခံစစ်အလယ်တွင် ဟယ်ရီမက်ဂွိုင်းယား နေရာပျောက်လောက်အောင် အထင်ကြီး လောက်သောခြေစွမ်းဖြင့် အတွဲညီသော လက်တွဲဖော် တစ်ဦးဖြစ်သည်။
သူ့ရဲ့ ဇွဲနပဲနဲ့ ရန်လိုမှုတွေက ယူနိုက်တက်ရဲ့ သစ္စာရှိမှုကို စွဲမှတ်သွားစေပြီး အတိတ်က အားပေးခဲ့ကြတဲ့ အာဂျင်တီးနားသားတစ်ယောက်ကို ကောင်းကောင်း အမှတ်ရစေနိုင်ပါတယ်။
ဟိန့်ဇီ သည် ၂၀၀၄ မှ ၂၀၀၇ ခုနှစ်ထိ ယူနိုက်တက် ကစားသမားတစ်ဦးဖြစ်ခဲ့ပြီး ၂၀၀၇ခုနှစ်တွင် ပရီးမီးယားလိဂ်ချန်ပီယံဆုကိုရရှိခဲ့ပြီး ၂၀၀၄-၅ဘောလုံးရာသီ တွင် အိုးထရက်ဖို့ဒ်၌ ပရိသတ်များ၏ တစ်ရာသီ အကောင်းဆုံး ကစားသမားဆုကိုရရှိခဲ့ကာ ဘယ်နောက်ခံကစားသမားအတွက် အင်္ဂလန်တွင်အမှတ်ရစရာဖြစ်ခဲ့သည်။
ဟိန့်ဇီက သူ့ရဲ့ကစားပုံ ကို အတိုင်းအတာတစ်ခုအထိ စံနမူနာပြုထားသည့် မာတီနက်ဇ်၏ကစားပုံက ကို သူသေချာပေါက် အထင်ကြီးစေခဲ့သည်။
“ဂါဘရီ ဟိန့်ဇီ က ကျွန်တော့်ရဲ့ idol ပါ။ ကျွန်တော် သူ့ကို ချစ်ပါတယ်။ သူရဲ့ကစားပုံ၊ ရန်လိုမှု၊ စိတ်ဓာတ်ကောင်း၊ ပြိုင်ဆိုင်မှုမှာ ကောင်းမွန်တဲ့ စိတ်ဓာတ်ကို ကျွန်တော် နှစ်သက်ပါတယ်။ ပွဲတိုင်းက ဗိုလ်လုပွဲပါ။ သူဟာ ထိပ်တန်းကစားသမားတစ်ဦးပါ။
“ကျွန်တော်လဲ သူ့လို ကစားဖို့ ကြိုးစားပါတယ်။ ကျွန်တော်တို့က နည်းနည်းတော့ ကွဲပြားပေမယ့် သူ့စိတ်ဓာတ်ကို သဘောကျတယ်။
မာတီနက်ဇ်က ဟိန့်ဇီ နဲ့ သူရဲ့ဆက်ဆံရေး သဘောထားကို အကျဉ်းချုံးပြီး “ဘောလုံးဆိုတာ အမြဲတမ်း ရုပ်ပိုင်းဆိုင်ရာပါပဲ။ အမြဲတမ်း ကြိုးစားလေ့ကျင့်နေရမယ်။ အဆင်သင့်ဖြစ်ရမယ်။ အသင်းအတွက် ရာခိုင်နှုန်းအပြည့် ပေးဆပ်ဖို့ အမြဲတမ်း ကြိုးစားနေပါတယ်”ဟု မာတီနက်ဇ်က sky sports သို့ပြောကြားခဲ့ပါတယ်။
Be the first to comment