ပရီးမီးယားလိဂ်အမှတ်ပေးဖလားအတွက် တော့တင်ဟမ် ဟော့စပါး အသင်း ဆက်လက်စိန်ခေါ်နိုင်မယ်ဆိုပါ ကမ္ဘာ့ဖလား အိပ်မက် အပျက်အစီးခံရန် အဂ်လန်နှင့်စပါးအသင်းခေါင်းဆောင် ဟယ်ရီကိန်း က သင့်ရှိနေပါတယ်။အင်္ဂလန်အသင်းခေါင်းဆောင်ဟယ်ရီကိန်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ ကစားရမှာဖြစ်ပေမဲ့လည်း စပါးရဲ့ နောက်ဆုံး ၇ ပွဲလုံးကို ပွဲထွက်ကစားလိုလျက်ရှိနေကြောင်း အန်တိုနီယို ကွန်တီ က ပြောကြားလာပါတယ်။
စပါးနှင့်ဟယ်ရီကိန်းတို့ဟာ ပရီးမီးယားလိဂ်ဖလားအတွက် အကြီးမားဆုံးစမ်းသပ်မှုအနေဖြင့်ယနေ့ညတွင်အိုးထရက်ဖို့ဒ်ကွင်းသို့သွားရောက်ကာမန်ချက်စတာယူနိုက်တက်ကိုရင်ဆိုင်ကစားရပါမယ်။
ကွန်တီဟယ်ရီကိန်းကပွဲတိုင်းကစားချင်တယ်ဆိုတာပြောချင်တယ်။သူကကမ္ဘာ့ဖလားလွဲမှာမကြောက်၊ဒဏ်ရာရမှာမကြောက်ပဲ ပွဲတိုင်းကစားချင်တဲ့ကစားသမားမျိုးဖြစ်ပါတယ်။ဒီလိုပေးဆပ်တာမျိုးကျွန်တော့်ကစားသမားတွေဆီကမြင်တွေ့ရတာကို ကြိုက်တယ်။ကမ္ဘာ့ဖလားကအရေးပါတဲ့ပြိုင်ပွဲတစ်ခုဆိုတာနဲ့ပတ်သက်ပြီးကျွန်တော်တို့စကားပြောဖြစ်ပါတယ်။ ကစားသမား တွေ ရဲ့ပေးဆပ်မှုအပေါ်ယုံကြည်တယ်။သူတို့ဟာ ကလပ် အတွက် ရာနှုန်းပြည့်အာရုံစိုက်တယ်ဆိုတာသိပါတယ်။ဒါနဲ့ပတ်သက်ပြီးဒီလောက်ဆိုလုံလောက်ပါတယ်”လို့ပြောကြားသွားပါတယ်။
ဟယ်ရီကိန်းဟာ စပါးအတွက်နောက်ဆုံး၆ပွဲတွင် ၅ဂိုးသွင်း ယူထားသူဖြစ်ပါတယ်။သူဟာအင်္ဂလန်အသင်းတွက် ၇၅ပွဲကစားထား ပြီး ၅၁ဂိုးသွင်းထားပါတယ်။ကိန်း ဟာဒဏ်ရာပြဿနာကင်းစင်နေပါက လာမယ့် ကာတာကမ္ဘာ့ဖလားပြိုင်ပွဲတွင်အင်္ဂလန်အသင်းခေါင်းဆောင်အဖြစ်ဦးဆောင်လာရန်သေချာနေပါတယ်။
ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပရန်နီးကပ်လာတဲ့အချိန်တွင်ကစားသမားအမြောက်အမြားတို့မှာဒဏ်ရာကြောင့်လွဲချော်ထားကြပြီးဖြစ်ပါတယ်။ချဲလ်ဆီးမှအန်ဂိုလိုကန်တီ၊ရီစီဂျိမ်းစ်နှင့်လီဗာပူးမှဂျိုတာတို့မှာဒဏ်ရာကြောင့်ကမ္ဘာ့ဖလားကိုလွဲထားကြပြီးဖြစ်ပါတယ်။
စပါးမှ ရီချာလီဆင်က လည်းခြေသလုံးဒဏ်ရာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲကိုလွဲချော်မှာစိုးရိမ်ရပေမဲ့ ပြိုင်ပွဲအမီ ဘရာဇီးအသင်းတွက် ပြန်ကောင်း လာမယ်လို့ယုံကြည်ရပါတယ်။
Be the first to comment