အာဆင်နယ် နှင့် မန်စီးတီး ပွဲစဥ်ကို ရွှေ့ဆိုင်းလိုက်ရတဲ့ အဓိကအကြောင်းရင်း ထွက်ပေါ်

ဒီရာသီ ကောင်းမွန်တဲ့စုဖွဲ့မှု ခြေစွမ်းနဲ့ ရလဒ်တွေကို အာဆင်နယ်တို့ ရယူနိုင်စွမ်း ရှိနေချိန် ကြားရက်မှာ ဒုတိယနေရာက မန်စီးတီးနဲ့ ယှဉ်ပြိုင်ရမယ့် ပရီးမီးယားလိဂ်ပွဲကြီးပွဲကောင်း ကိုတော့အမြှောက်တပ်သား တို့ ကစားနိုင်တော့မှာ မဟုတ်ပါဘူး။


ဒီအပတ်ရဲ့ ထိပ်ဆုံးနေရာအတွက် အကျိတ်အနယ် အဖြစ်ဆုံး ပွဲစဉ်ဖြစ်လာမယ်လို့ ယူဆခံထားရတဲ့ပရီးမီးယား လိဂ်ရဲ့ ထိပ်ဆုံး နှစ်သင်း ယှဉ်ပြိုင်ရမယ့် အဆိုပါပွဲကို အာတီတာရဲ့ ဂန်းနား အသင်းဟာ PSVနဲ့ ယူရိုပါလိဂ် ကစားရမယ့် အခြေအနေကြောင့် ရွှေ့ဆိုင်းလိုက်ရပါတယ်။


ပထမက အောက်တိုဘာလ ၁၉ ရက်နေ့မှာ အာဆင်နယ်နဲ့ မန်စီးတီးပွဲကို ယှဉ်ပြိုင်ကစားဖို့ သတ်မှတ်ထားတာပါ။ ဒါပေမယ့် ယူရိုပါလိဂ်မှာ ရှုံးထွက်ကို တက်နိုင်တဲ့ အသင်းတွေ ထွက်ပေါ်လာဖို့ လိုအပ်နေတဲ့အတွက် ပြည်တွင်းပွဲကို ရွှေ့ဆိုင်းပေးရမှာဖြစ်တယ်။
အာဆင်နယ်အသင်းဟာ သူတို့ရဲ့ အိမ်ကွင်းပွဲတွေထဲက တစ်ပွဲကို ရွှေ့ဆိုင်းပေးရမယ့် အခြေနေ မှာ ဒီကြားရက် မန်စီးတီးနဲ့ ကစား ရမယ့် အိမ်ကွင်းပွဲကို ရွေးချယ်ခဲ့ပါတယ်။

PSV နဲ့ ယူရိုပါလိဂ် ယှဉ်ပြိုင်ရမယ့် အတွက် အာဆင်နယ်အသင်းဟာ အိမ်ကွင်းပွဲတွေထဲက တစ်ပွဲကို ရွှေ့ဆိုင်းပေး ရမယ့် အခြေအနေမှာ ဂန်းနားတို့က မန်စီးတီးနဲ့ပွဲကို ရွှေ့ဆိုင်းဖို့ တောင်းဆိုခဲ့ပါတယ်။
UEFA စည်းမျဉ်းအရ ဂန်းနားတို့ဟာ မူလ ပွဲစဉ်ဇယားကို မယှဉ်ပြိုင်နိုင်တာကြောင့် ရမှတ်တွေ ဆုံးရှုံးလုနီးပါး ဖြစ်ခဲ့ပါတယ်။ အာဆင်နယ်နဲ့ PSVပွဲ ဟာ ပြီးခဲ့တဲ့လ စက်တင်ဘာလ ၁၅ ရက်နေ့တည်းက ယှဉ်ပြိုင်ရမှာဖြစ်ပေမယ့် ဒုတိယမြောက် ဘုရင်မကြီး အဲလီဇဘက် ကွယ်လွန်ခြင်းကြောင့် အဆိုပါပွဲကို အမ်းမရိတ်မှာ ဧည့်ခံကစား နိုင်ခြင်း မရှိခဲ့တာ ဖြစ်ပါတယ်။


ကံကောင်းတာက အာဆင်နယ်တို့ အဆိုပါပွဲကို ၃-၀ ဖြင့် အရှုံးပေးရမယ့် အခြေအနေက ကင်းလွှတ်ခဲ့တာပါ။ အာဆင်နယ်ဘက်က ပွဲကို ကစားနိုင်ဖို့ ဖြစ်နိုင်မယ့် နည်းလမ်းတွေကို ကြိုးစား ရှာဖွေခဲ့ပေမဲ့လည်း ရွှေ့ဆိုင်းခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။

အဆင်နယ်နဲ့ မန်စီးတီး ပြန်ကန်ပွဲကို ကလပ်နှစ်သင်းလုံးက တရားဝင်ရက်စွဲ မကြေညာသေးပါဘူး။ကမ္ဘာဖလားမတိုင်ခင် ပြန်ကစားဖို့တော့ ဖြစ်ဖို့ ခက်ခဲပြီး ကမ္ဘာဖလားအပြီး ဒီဇင်ဘာလအတွင်း လောက်မှာ ယှဉ်ပြိုင်ကြဖွယ် ရှိပါတယ်။

Be the first to comment

Leave a comment

Your email address will not be published.


*