ရာသီကုန်မှာ ပရီးမီယားလိဒ် အဆင့်၂နေရာဟာ မန်ချက်စတာယူနိုက်တက်အတွက်ဖြစ်တယ်လို့ ပြောကြားလိုက်တဲ့ ပေါလ်စခိုး

မန်ချက်စတာယူနိုက်တက် ဂန္တဝင်ကွင်းလယ် ကစားသမားဟောင်းကြီး ပေါလ်စခိုး က ယူနိုက်တက်တို့ ရာသီအဖွင့် ၂ ပွဲဆက်တိုက် ရှုံးနိမ့် ခဲ့စဉ်က သူ့အသင်း ကို ဥရောပ ဝင်ခွင့် မရတော့မှာ စိုးရိမ်မိကြောင်း ထုတ်ဖော် ပြောဆိုခဲ့ဖူး ပါတယ် ။
အဲရစ်တန်ဟတ် ရဲ့ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် အဖွင့် ၂ ပွဲ ကို ဆက်တိုက် ရှုံးနိမ့်ခဲ့ပြီး ကစားသမား ဟောင်းတွေရဲ့ ဝေဖန်မှုကို အလူးအလဲ ခံခဲ့ရ ပါတယ် ။ဒါပေမယ့် လက်ရှိမှာတော့ သူတို့ဟာ ၉ပွဲကစားထားပြီး တစ်ပွဲလျော့နေထားနဲ့ ရမှတ် ၁၆မှတ်ရရှိထားကာ ​အဆင့် ၅ နေရာကို ရောက်ရှိနေပါတယ်။
ယူနိုက်တက် ဟာ ဘရိုက်တန် ၊ ဘရန့်ဖိုဒ့် တို့ကိုရှုံးနိမ့်ပြီးနောက်ပိုင်း ကစားရတဲ့ ၇ပွဲမှာ တနဂ်နွေညက နယူးကာဆယ်ကို သရေကျအပြီး ထိ ၁၆ မှတ် ရယူထားနိုင်ခဲ့ကာ မန်စီးတီး တသင်းထဲကိုသာ ဂိုးပြတ် ရှုံးခဲ့ တာပါ။ ကျန်တဲ့ ပွဲတွေမှာ လီဗာပူး ၊ အာဆင်နယ် တို့လို အသင်းကြီးတွေကို အနိုင် ကစားခဲ့ပြီး ချန်ပီယံလိဒ် ဝင် ခွင့်ကို ပြန်လည် ချိန်ရွယ်လာနိုင် ခဲ့ပြီဖြစ်ပါတယ် ။


ကြာသပတေးည က ယူနိုက်တက် ရဲ့ ယူရိုပါလိဂ် ပွဲစဉ် ကို BT Sports က နေ တင်ဆက် ရင်း စခိုး က သူ့အသင်းရဲ့ နောက်ပိုင်း ခြေစွမ်းတွေဟာ သူ့ကို စိတ်ချမ်းသာ စေခဲ့တယ်လို့ ဖွင့်ဟ ပြောဆိုခဲ့ ပါတယ် ။
ဒါ့အပြင် ယူနိုက်တက် အနေနဲ့ အခုလို ရလဒ်တွေကို တည်တည်ငြိမ်ငြိမ် ဖြစ်အောင် ဆက်လက် စွမ်းဆောင်နိုင် ပါက ရာသီ အကုန်မှာ အဆင့် ၂ နေရာဟာ ယူနိုက်တက်အတွက် ပဲ ဖြစ်ရမယ်လို့ ​ပေါလ်စခိုးက သုံးသပ် ခန့်မှန်း သွားခဲ့ ပါတယ် ။“ပထမ ၂ ပွဲ အပြီးမှာ ထိပ်ဆုံး၆သင်း ဝင်ခွင့်နဲ့ ပတ်သက်ပြီး ကျွန်တော် တော်တော်လေး စိတ်ပူခဲ့ မိပြီးတန်းဆင်းရမယ်လို့တောင် ထင်ခဲ့ပါ တယ် ။ ဒါပေမယ့် သူတို့ ပြန်လာနိုင်ခဲ့ပြီး ရုန်းထခဲ့တဲ့ နောက်ဆုံး ၆ ပွဲမှာ ၅ ပွဲကို အနိုင် ကစားခဲ့တဲ့ ပုံစံတွေက သူတို့ကိုယ် သူတို့ အခွင့်အရေးကို ဖန်တီးယူနေ သလို ပါပဲ ။ မန်စီးတီး ပြီးရင် ဒုတိယအကောင်းဆုံး အသင်းတောင် ဖြစ်လာနိုင်ပါတယ်”
“ယူနိုက်တက် မှာ သူတို့ ရည်မှန်းထားတာတွေကို အရယူ နိုင်မယ့် ဒိတ်ဒိတ်ကျဲ လူအင်အား ရှိပါတယ် ။ တချို့ ကိစ္စတွေ က ဝေဖန် ဆုံးဖြတ်ဖို့ သိပ်စောလွန်း နေပါသေးတယ် ။ အချိန်ကြာလာတာနဲ့ အမျှ အသင်းသားတွေ ၊ ဝန်ထမ်းတွေ နဲ့ နည်းပြအကြားက ဆက်သွယ်မှုတွေ အားကောင်းလာမှာပါ ။ အခု သူတို့ကို ထိပ်သီး (၄)သင်းဝင်ခွင့်အတွက် ကျွန်တော် စိတ်ကူးကြည့်လို့ ရပါပြီ” လို​​ စခိုးလ် က ပြောဆို ခဲ့ပါတယ် ။ဆက်လက်ပြီး စခိုးလ် က ယူနိုက်တက် ရဲ့ ဘယ်နောက်ခံလူ နေရာအတွက် လုခ်ရှော က မာလာစီယာ ထက် လူကောင်ကြီးလို့ အနည်းငယ် ပိုကောင်းနိုင်တယ်လို့ သုံးသပ် ပြောဆိုခဲ့ ပါတယ် ။


အခု ရာသီမှ အသင်းကို ပြောင်းရွှေ့လာတဲ့ နယ်သာလန် နောက်ခံလူ မာလာစီယာ ဟာ နည်းပြ တန်ဟတ် ရဲ့ဦးစားပေးပွဲထွက်ခွင့် ကို ရရှိထားပြီး ဘယ်နောက်ခံလူ နေရာမှာ လုခ်ရှောကို ကျော်ကာ ​​​​
ခြေစွမ်းပြနေခဲ့ပါတယ် ။ဒါပေမယ့် နောက်ပိုင်း ပွဲအနည်းငယ်မှာတော့ မာလာစီယာ ရဲ့ စွမ်းဆောင်ရည် ကျဆင်းလာခဲ့ပြီး လုခ်ရှော က ပိုမို ခြေစွမ်းပြ ကစားလာခဲ့ပါတယ် ။


အိုမိုနီးယားနဲ့ ယူရိုပါလိဒ် ပွဲမှာလည်း မာလာစီယာ ဟာ ပွဲထွက် စာရင်းမှာ ပါလာခဲ့ပေမယ့် လုခ်ရှော နဲ့ လူစားလဲ ခံခဲ့ရပါတယ် ။“ဒီနည်းပြ ဘာတွေ တွေးနေတယ် ၊ ဘာတွေ လုပ်မယ်ဆိုတာကို ပြောရခက် ပါတယ် ။ ကြံ့ခိုင်မှု အပြည့် ရှိနေရင် လုခ်ရှော က အင်္ဂလန် ရဲ့ အကောင်းဆုံး ဘယ်နောက်ခံလူ တယောက်ပါ ။ အဲ့ညကလည်း သူ ကစားတာ ကောင်းပါတယ် ။


လာမယ့် တနင်္ဂနွေမှာလည်း နယူးကာဆယ်နဲ့ပွဲမှာ သူ ဝင်ကစားခွင့် ရပြီး သူ့အစွမ်းကို ပြနိုင်ခဲ့ပါတယ်”“မာလာစီယာ က လိဂ်အသစ် ကနေ ရောက်လာတဲ့ လူငယ်လေးပါ ။ သူ ဒီမှာ မြန်မြန် အသားကျသွား ပါတယ် ။ ဒါပေမယ့် သူတို့ ၂ ယောက်ထဲက ရွေးမယ် ဆိုရင်တော့ လုခ်ရှော က နည်းနည်း ပိုကောင်းတဲ့ ဘယ်နောက်ခံလူပါ” လို့ စခိုးလ် က ပြောဆို ခဲ့ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အောက်တိုဘာ ၂၀ရက်နေ့ မှာ အိုးထရက်ဖို့တွင် အဆင့်၃ နေရာက တော့တင်ဟမ်ဟော့စပါးအသင်း ကို ဧည့်ခံ ကစားရမှာပဲ ဖြစ်ပါတယ်။

Be the first to comment

Leave a comment

Your email address will not be published.


*