မန်စီးတီးအခက် အာဆယ်နယ်အချက်မှာ မပေါ့ဆပဲ အနိုင်သုံးမှတ်ယူထားဖို့ အသင်းဖော်များကို တိုက်တွန်းလိုက်တဲ့ အိုဒီဂတ်

အာဆင်နယ်နဲ့ နော်ဝေးအသင်းခေါင်းဆောင် မာတင်အိုဒီဂတ်က ဘိုဒိုဂလင့်နဲ့ပွဲစဉ်အပြီး အသင်းရဲ့ အနိုင်ရလိုစိတ်ပြင်းထန် စွာကစားခဲကြပုံကို ချီးကျူးသွားခဲ့ပါတယ်။အဆိုပါပွဲစဉ်တွင် ညာတောင်ပံ တလျှောက်ခြေစွမ်းပြနေတဲ့ ဆာကာရဲ့ တစ်လုံးထဲသောဂိုးနဲ့ အနိုင်ရခဲ့ပြီး အာဆင်နယ်အသင်းဟာ ယခုနှစ်ရာသီ ၁၂ပွဲမှာ ၁၁ပွဲအထိ နိုင်ပွဲရထားခဲ့ပြီပဲ ဖြစ်ပါတယ်။

ဂန်းနားအသင်းခေါင်းဆောင်က သူတို့အသင်း လက်ရှိ ပရီးမီးယားလိဂ်မှာ အဆင့်တစ်ရရှိထားပြီး ဇယားထိပ်မှာဦးဆောင်၍ အကောင်းဆုံး ခြေစွမ်းပြနေပေမဲ့  အဲ့ဒီအပေါ်မှာသာယာပြီး ပေါ့ဆနေလို့မရဘူးလို့ ပြောခဲ့ပါတယ်။

 

အမြှောက်တပ်သားကြီးက “ကျွန်တော်တို့အသင်း မှာ ရှိတဲ့ အရည်အချင်းကို နားလည်သလို စိတ်ဓာတ်ပိုင်းကလည်း အမြင့်ဆုံးရောက်နေ ပါတယ်။ အားလုံးက တစ်ပွဲချင်းစီ အာရုံစိုက်ကစားဖို့ အသင့်ဖြစ်နေကြပါတယ်” “ဒီပွဲမှာ ကျွန်တော်တို့ ကစားပုံဆိုးရွားပေမယ့်လဲ နိုင်ခဲ့ပါတယ်။ အဓိကကျတာက အနိုင်ရဖို့ ဆာ​လောင်နေပြီး နိုင်လိုစိတ်ရှိတာပါ” “အဲ့ဒီစိတ်ဓာတ် ကပဲ ကျွန်တော်တို့ကို ခုလိုအခြေအနေရောက်စေတာ ဖြစ်ပြီး တစ်ပွဲချင်း အနိုင်ယူဖို့ ကြိုးစားနေပါတယ်” “ကျွန်တော်တို့ တစ်ဆင့်ချင်းသွားနေပြီး လက်ရှိအခြေအနေအပေါ် နစ်မွန်းမျောပါသွား မှာမဟုတ်ဘဲ တည်တည်ငြိမ်ငြိမ်နဲ့ ဆက်ကြိုးစားသွားရပါမယ်”လို့ ပြောခဲ့ပါတယ်။

ဒုတိယနေရာ ပတ်ဂွါဒီယိုလာရဲ့ မန်စီးတီးအသင်းဟာ တနဂ်နွေနေ့တွင် လီဗားပူးအိမ်ကွင်းမှာ ပွဲကျပ်ကစားရမှာဖြစ်တဲ့အတွက် အာဆင်နယ်အနေနဲ့ ထိုအခွင့်ရေးကို အသုံးချပြီး လိဒ်ယူနိုက်တက်နဲ့ ပွဲကိုအနိုင်ကစားကာ အမှတ်ပိုဖြတ်ထားနိုင်ဖို့ ကြိုးစားသွားရမှာဖြစ်ပါတယ်

Be the first to comment

Leave a comment

Your email address will not be published.


*