ရော်နယ်ဒိုကိုယ်တိုင်ချီးကျူးခဲ့ရပြီး အိုးထရက်ဖို့ဒ်မှာတောက်ပခဲ့တဲ့ အိုမိုးနီးယားဂိုးသမား

ဖရန်စစ်အူဇိုဟိုဟာ မန်ချက်စတာယူနိုက်တက်နဲ့ ယူရိုပါလိဒ် ဒုတိယအကျော့ပွဲစဥ် မှာ အိုမိုနီးယား ဂိုးပေါက်ကို အံံ့သြသင့်ဖွယ်ရာကာကွယ်မှုတွေနဲ့ လက်စွမ်းပြ ခဲ့ပြီး သူ့ရဲ့ကစားသမားဘဝအမှတ်တရအဖြစ် ဖန်တီးနိုင်ခဲ့ပါတယ်။

ယူနိုက်တက်အတွက် တစ်လုံးထဲသောအနိုင်ဂိုးကို ဒုတိယပိုင်း နာကျင်အချိန်ပို 3မိနစ်ရောက်မှ စကော့မက်တိုမီနေးက အူဇိုဟိုကို ကျော်ပြီး ဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။

အူဇိုဟူ သည် ငယ်စဉ်ကတည်းက မန်ယူပရိသတ်တစ်ဦးဖြစ်ပြီး ဖြစ်ပြီး အိုးလ်ထရက်ဖို့ဒ်မှာ ကစားဖို့ သူ့ရဲ့ ‘အိပ်မက်တွေ တကယ်ဖြစ်လာတယ်’ လို့ အခိုင်အမာပြောခဲ့ပါတယ်။

ပုံမှန်အားဖြင့် အူဇိုဟိုသည် အိုမိုနီးယားအသင်းရဲ့ ဒုတိယဦးစားပေး ဂိုးသမားဖြစ်ပါတယ် ပြီး အသက် 23 နှစ်အရွယ် ကစားသမားသည် ပွဲတစ်လျှောက်လုံးတွင် အိမ်ရှင်အသင်းရဲ့ ကန်သွင်းချက်တွေကို တိုမီနေး၏ ဂိုး ခွင့်မပြုရခင်အထိ အံ့အားသင့်ဖွယ် ကာကွယ်မှုများ ဖြင့်တောက်ပနေခဲ့တာပါ။ ကြာသပတေးနေ့က မန်ချက်စတာ ယူနိုက်တက်ကို စိတ်ပျက်စေခဲ့တဲ့ ဖရန်စစ် အူဇိုဟိုရဲ့ အကြိမ်ပေါင်းများစွာ ကယ်တင်မှုအချို့ နဲ့ အိုမိုနီးယားအသင်းဟာ သရေတစ်မှတ်ရအောင် ကြိုးစားခဲ့ကြပါတယ်။

‘‘ကျွန်တော်တို့ ပွဲကောင်းတစ်ပွဲကို ရှုံးနိမ့်ခဲ့လို့ စိတ်ပျက်မိပါတယ်။ အနည်းဆုံး တစ်မှတ်ရရင်ကျွန်တော့ရဲ့ ကာကွယ်မှုတွေက ပိုပြီး ပြည့်စုံသွားလိမ့်မယ်၊ မန်ယူနဲ့ပွဲက လွယ်ကူတဲ့ပွဲတော့မဟုတ်ပါဘူး။ ကျွန်​တော့ဘဝမှာ ဘယ်တုန်းကမှ ခုလိုမျိုးကောင်းအောင် မကစားဖူးပါဘူး။ အိုးလ်ထရက်ဖို့ဒ်မှာ ကစားဖို့အိမ်မက် မက်နေတာကြာပါပြီ ကစားခွင့်ရခဲ့လို့ ဘုရားသခင်ကိုကျေးဇူးတင်ပါတယ်။ သရေရမယ်ထင်ခဲ့ပေမဲ့ နောက်ဆုံးမိနစ်မှရှုံးနိမ့်ခဲ့ရပါတယ် ဒါပေမယ့် ကျွန်တော်ပျော်ပါတယ်၊” လို့ အူဇိုဟို က BT Sport ကို ပြောခဲ့ပါတယ်။

ခရစ္စတီယာနို ရော်နယ်ဒိုကလဲ အူဇိုဟိုကို တခုတ်တရ ချီးကျူးခဲ့ပါသေးတယ်။ပေါလ်စခိုး နှင့် အိုဝင်ဟားဂရေ့ တို့သည် BT Sport စတူဒီယိုမှ အူဇူဟို ၏ အင်တာဗျူးကို ကြည့်ရှုခဲ့ကြပြီး ‘ကျွန်တော်က သူ့မျက်နှာကအပြုံးကို ကြည့်ပြီးတော့ စိတ်ချမ်းသာပါတယ် သူရဲ့ပီတိကိုဖုံးကွယ်ထားလို့ မရနိုင်ပုံပါပဲ …’ လို့ စခိုးလ်က ပြောပါတယ်။

‘ဒီကစားပွဲက သူ့ရဲ့အသက်မွေးဝမ်းကြောင်းကို ပြောင်းလဲစေလိမ့်မယ်၊ သူ့ဘဝကို လဲမြှင့်တင် နိုင်ပါတယ်။ အားကစားဆိုတာ ဒီလိုအခိုက်အတန့်တွေပဲလို့ ကျွန်တော်ထင်ပါတယ်” ဟု ဟားဂရေ့ က ပြောကြားခဲ့သည်။

ယူနိုက်တက် ရဲ့ ပွဲအပြီး သတင်းစာရှင်းလင်းပွဲ မတိုင်ခင် အူဇိုဟို ဟာ ဝမ်းသာအားရ​ဖြင့် မန်ယူနည်းပြဖြစ်သူ အဲရစ်တန်ဟက် နဲ့ ဂိုးသမား ဒီဂီယာတို့ကို ဓါတ်ပုံ ရိုက်ပေးဖို့ တောင်းဆိုခဲ့ ပြီး အင်တာဗျူး အပြီးမှာလဲ သူဟာပျော်ရွှင် နေဆဲ ဖြစ်ပါတယ်။

Be the first to comment

Leave a comment

Your email address will not be published.


*