ခရစ္စတီယာနိုရော်နယ်ဒိုဟာတနင်္လာနေ့တွင်ကျင်းပမယ့် Ballon d’Or ဆုပေးပွဲအခမ်းအနားသို့ ရီးရဲမက်ဒရစ် ကစား ဖော်ဟောင်း ကာရင်ဘန်ဇီးမားကိုဂုဏ်ပြုရန်အတွက် တက်ရောက်သွားမည် ဖြစ်ကြောင်းသိရပါတယ်။ဘန်ဇီးမားဟာရော်နယ်ဒို ဆုရရှိတိုင်း နောက်ကွယ်ကအမြဲတမ်းလက်ခုပ်တီးအားပေးခဲ့သူပါ။
အသက်၃၇နှစ်ရှိပြီဖြစ်တဲ့ ရော်နယ်ဒိုဟာ၂၀၁၇ခုနှစ်တုန်းက သူ့ရဲ့နောက်ဆုံးအကြိမ် Ballon d’Orဆုကိုဆွတ်ခူးပြီးနောက်ပိုင်း တွင်ဆုပေးပွဲအခမ်းအနားသို့တက်ရောက်ခဲ့ခြင်းမရှိတော့ပါဘူး။ပြီးခဲ့တဲ့ရာသီတုန်းကယူနိုက်တက်အတွက် ၂၄ဂိုးသွင်းယူခဲ့ပြီး Ballon d’Or ဆုအတွက်ဆန်ကာတင်စာရင်းတွင်ပါဝင်ခဲ့ပါသေးတယ်။သူဟာယခုနှစ် Ballon d’Or ဆုပေးပွဲတွင် ဆုရရှိလာမှာမဟုတ်ပေမဲ့ ဆု ပေးပွဲအခမ်းအနားသို့ တက်ရောက်လာပါမယ်။လက်ရှိအချိန်တွင် Ballon d’Or ဆုကိုဆွတ်ခူးရန် ကာရင်ဘန်ဇီးမားကရေပန်းအစားဆုံးဖြစ်နေပါတယ်။
ကာရင်ဘန်ဇီးမားဟာပြီးခဲ့တဲ့ဘောလုံးရာသီတုန်းက၄၆ပွဲတွင် ၄၄ဂိုးသွင်းယူပြီးရီးရဲလ်မက်ဒရစ်ကိုလာလီဂါဖလားနှင့်ချန်ပီယံလိဂ်ဖလားရရှိအောင် အရေးပါတဲ့ဂိုးများသွင်းယူပြီး ကူညီ ခဲ့သူလည်း ဖြစ်ပါတယ်။
ရော်နယ်ဒိုဟာကာရင်ဘန်ဇီးမားနှင့်အတူ ရီးရဲလ်မက်ဒရစ်တွင် ကိုးနှစ်ကြာအတူတွဲကစားလာခဲ့ပြီး ထိုစဉ်ကတည်းက အလွန် ရင်းနှီးကြတဲ့ သူငယ်ချင်းများဖြစ်ခဲ့ကြတာပါ။
သူဟာသူ့ရဲ့ကစားဖော်ဟောင်းဘန်ဇီးမား Ballon d’Or ဆုရရှိသည်ကိုကိုယ်တိုင်ကြည့်ရှုအားပေးလို၍ ပဲရစ်မြို့တွင်ကျင်းပမဲ့ ဆုပေးပွဲအခမ်းအနားသို့တက်ရောက်လာမှာဖြစ်ကြောင်း Le Parisien ကဖော်ပြလာပါတယ်။
လီယွန်နယ် မက်ဆီကလည်း ယခုနှစ် Ballon d’Or ဆုဟာ ကာရင်ဘန်ဇီးမားနဲ့ ထိုက်တန်ကြောင်း ပြောကြားခဲ့ဖူးပြီးပါတယ်။
Be the first to comment