ယူရိုပါလိဒ်ကို ဆင်းကစားရတော့မဲ့ အရေးနဲ့ ရင်ဆိုင်နေရပြီဖြစ်တဲ့ ဘာစီလိုနာ

ဗုဒ္ဓဟူးညက ယှဥ်​ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဒ်Group-C ပွဲစဥ် (4) ဒုတိယအကျော့မှာ ဘာစီလိုနာဟာ အင်တာမီလန်ကို 3-3 ရလဒ်ဖြင့်သရေကျ ခဲ့တဲ့အတွက် လာမဲ့အပတ်မှာ အင်တာမီလန်အသင်းသာ ဗစ်တိုးရီးယားပယ်လ်ဇန် ကို အနိုင်ရရှိသွားပါက ဇာဗီတို့ဟာ ယူရိုပါလိဒ်ကို ဒုတိယအကြိမ်မြောက် ဆင်းကစားရတော့မှာဖြစ်ပါတယ်။ ပထမအကျော့တုန်းကလဲ ဆန်စီရိုမှာ တစ်ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ထားပါသေးတယ်။

ဘာစီလိုနာနည်းပြ ဇာဗီက : “ကျွန်တော် ဝမ်းနည်းပြီး ဒေါသထွက်ရပါတယ်။ အားလုံးရဲ့ အမှားအတွက်လဲ တောင်းပန်ပါတယ် အင်တာကိုအနိုင်ယူဖို့ ခေါင်းထဲ ထည့်ထားပေမယ့် မလုပ်နိုင်ခဲ့ပါဘူး”

“ကျွန်တော်တို့ လာလီဂါအမှတ်ပေးဇယားထိပ်မှာ ဆက်ရှိပြီး ဆုဖလားတွေရယူဖို့ လုပ်ဆောင်သွားမှာဖြစ်ကြောင်း ဘာစီလိုနာပရိသတ်တွေကို နှစ်သိမ့်ထားပါတယ်။”

Be the first to comment

Leave a comment

Your email address will not be published.


*