လာဇီယိုဥက္ကဌ ကလော့ဒီယိုလိုတီတိုက ဇန်နဝါရီအပြောင်းရွှေ့ အတွက် မန်ယူနှင့် ဂျူဗင်တပ်စ်တို့ထံမှ ကမ်းလှမ်းမှုများကို တားဆီးရန် ကြိုးပမ်းခဲ့ပြီး ရောမအခြေစိုက် ကလပ်အသင်းသည် ဆာဂျ်မီလင်ကိုဗစ်ဆာဗစ်ကို ပေါင် ၁၀၅ သန်းဖြင့် စျေးတိုးမြှင့်သတ်မှတ်လိုက်ပါတယ်။
ဗစ်ဆာဗစ်သည် အနည်းဆုံး ပေါင် 105 သန်း တန်ကြေးရှိတဲ့အတွက် နွေရာသီအပြောင်းရွှေ့မတိုင်ခင်အထိ လတိုင်းတန် ဖိုးတက်မယ်လို့ ကလော့ဒီယိုလိုတီက ဆိုပါတယ်။အဆိုပါကွင်းလယ် ကစားသမားကို မန်ချက်စတာယူနိုက်တက်နဲ့ ဂျူဗင်တပ်စ်တို့က အသဲသန်စိတ်ဝင်စားနေကြပါတယ်။
အသက်( 27)နှစ်အရွယ် ရှိပြီဖြစ်တဲ့ ဆားဘီးယားသားဟာ ရာသီအစတွင် ရလဒ်ကောင်းများရရှိပြီးနောက် ပြိုင်ပွဲစုံ 12ပွဲမှာ လေးဂိုးသွင်းကာ ခုနစ်ဂိုး ဖန်တီးထားပါသည်။ လာဇီယိုအသင်း အကြီးအကဲ သည် ယခုနွေရာသီတွင် အိုးထရက်ဖို့ဒ်သို့ ပြောင်းရွှေ့ရန် ချိတ်ဆက်နေသော ကြယ်ပွင့်ကွင်းလယ်လူ ဆာဂျ်မီလင်ကိုဗစ်ဆာဗစ်အတွက် ပေါင် 105 သန်းထက်မနည်း ပေးချေရန် မန်ယူအသင်းထံ တောင်းဆိုထားသည်။ ကလပ်ဥက္ကဌက ဆားဘီးယားသားရဲ့ စျေးနှုန်းဟာ ဇန်နဝါရီမှာ ယူနိုက်တက်နဲ့ ဂျူဗင်တပ်စ်တို့ဆီက ကမ်းလှမ်းမှုတွေကို ဖြတ်တောက်ဖို့ ကမ်းလှမ်းမှုတွေကို ငြင်းပယ်ဖို့ကြိုးစားရင်း သူ့ရဲ့ကစားသမားတန်ဖိုးဟာ လစဉ် မြင့်တက်လာမယ်လို့ အခိုင်အမာ ပြောကြားခဲ့ပါတယ်။
ယူနိုက်တက်သည် ရီးယဲလ်မက်ဒရစ်ကွင်းလယ်လူ ကတ်စ်မဲရိုး ကို သြဂုတ်လတွင် ခေါ်ယူနိုင်ခဲ့သော်လည်း ၎င်းရဲ့ ဦးစားပေး အပြောင်း အရွှေ့ပစ်မှတ်ဖြစ်တဲ့ ဘာစီလိုနာမှ ဖရန်ကင်ဒီဂျောင်း ကိုခေါ်ယူရန်မအောင်မြင်ဖြစ်ခဲ့ပြီးနောက် ယခုနွေရာသီတွင် ဆားဘီးယားသားကို အပူတပြင်းအလိုရှိနေပါတယ်။လိုတီတိုမှ IMessaggero သို့ ပြောကြားရာတွင် ‘ဆောင်းရာသီမှာ သူ့ကစားသမားကိုကို ဂျူဗင်တပ်စ် ဒါမှမဟုတ် တခြားဘယ်အသင်းကိုမှ ရောင်းချဖို့ သူ့အေးဂျင့် [Mateja] Kezman နဲ့ သဘောတူညီမှု ရှိမထားပါဘူး။ “ဆန့်ကျင်ဘက်အနေနဲ့ သူက အခု ယူရိုသန်း ၁၂၀ (ပေါင် ၁၀၅ သန်း)၊ ယူရိုသန်း (၁၀၀) (ပေါင် ၈၈ သန်း) မဟုတ်တော့ပဲ လတိုင်းဈေးတက်ပါတယ်။
သူ့ရဲ့ စွမ်းဆောင်ရည်ပြည့်ဝတဲ့ပုံစံက ရောမအခြေစိုက် လာဇီယိုအသင်းအား စီးရီးအေမှာ တတိယနေရာကို တက်လှမ်းနိုင်အောင် ကူညီပေးခဲ့ပြီး ဂျူဗင်တပ်စ်ထက် ငါးမှတ်အသာရထားပါတယ်။တစ်ချိန်တည်းမှာပင် မန်ယူသည် အဲရစ်တန်ဟတ်၏ ပွဲဦးထွက်ရာသီတွင် ဆိုးရွားသောစတင်မှုမှ အနည်းငယ်ပြန်လည်ကောင်းမွန်လာပြီးနောက် ပရီးမီးယားလိဂ်တွင် အဆင့်ငါးနေရာမှာ ရပ်တည်နေပြီးသရဲနီတွေဟာ တနဂ်နွေနေ့ အိမ်ကွင်း အိုးထရက်ဖို့စ်တွင် ခြေတက်နေတဲ့ နယူးကာဆယ်အသင်းကို ဧည့်ခံကစားရမှာ ဖြစ်ပါတယ်။
Be the first to comment