ဟာလန်းရဲ့ဂိုးတွေရပ်တန့်သွားအောင်ပုံစံကောင်းပြဖို့ ဗန်ဒိုက်အား ဖာဒီနန်သတိပေး

လီဗာပူးအသင်းဟာ တနင်္ဂနွေနေ့မှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် မန်စီးတီးအသင်းနဲ့ အန်ဖီးလ်မှာ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။အထနှေးတဲ့ ကြိုးကြာနီတွေ ​ဟာ သူတို့ရဲ့ပြိုင်ဘက်နောက် 13 မှတ်အကွာမှာ ရှိနေပါပြီ။ဗာဂျယ်ဗန်ဒိုက်အပါအဝင် ထိပ်တန်းကြယ်ပွင့်တွေဟာ လီဗာပူးအတွက် ခြေစွမ်းမပြနိုင်ခဲ့ပါဘူး။သို့သော်လည်း ရီယို ဖာဒီနန်က မန်စီးတီးနှင့်ပွဲသည် လီဗာပူးအတွက် ပြီးပြည့်စုံသော ကစားပွဲ ဖြစ်နိုင်ကြောင်း ပြောကြားသွားခဲ့ပါတယ်။ရီယိုဖာဒီနန်က လီဗာပူးအသင်းဟာ ရာသီအစမှာ တာထွက်နှေး နေပေမယ့် မန်စီးတီးနဲ့ ကစားဖို့ ပိုမိုကောင်းမွန်တဲ့ အချိန်မျိုး ရောက်ရှိနေပြီး မဖြစ်နိုင်စရာမရှိဘူး လို့ အခိုင်အမာ ပြောဆို လိုက်ပါတယ်။

လီဗာပူးလ်အသင်းသည် ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် ရေပန်းအစားဆုံးအသင်းတစ်သင်းဖြစ်ခဲ့သော်လည်း ယခုနှစ်ရာသီတွင် အထနှေးကွေးခဲ့ကာ အမှတ်ပေးဇယားအဆင့် ၁၀ နေရာတွင် ရပ်တည်နေပြီး ပက်ဂွာဒီယိုလာအသင်းနှင့် ၁၃ မှတ်၊ ထိပ်သီးအာဆင်နယ်အသင်းအောက် ၁၄ မှတ်အထိ ကွာဟလျက်ရှိနေတာပါ။ဗာဂျယ်ဗန်ဒိုက် ကို ရီယိုဖာဒီနန် က သူ့ကိုယ်သူ ပုံစံကောင်း ပြန်ရ​အောင်ကြိုးစားပြီး မန်စီးတီးကိုအကောင်းဆုံးရင်ဆိုင်ဖို့ သတိပေးခဲ့ပါတယ်။လက်တွေ့မှာတော့ လီဗာပူးဟာ သူတို့ရဲ့ အနီးစပ်ဆုံး ချန်ပီယံပြိုင်ဘက်တွေကို ခြေစွမ်းဆိုးရွားတဲ့ အချိန်တွေမှာ ရင်ဆိုင်နိုင်မှာ မဟုတ်ပေမယ့် ရီယို ဖာဒီနန်ကတော့ တနင်္ဂနွေနေ့ အန်ဖီးမှာမန်စီးတီးနဲ့ တွေ့ဆုံချိန်မှာတော့ ဒါဟာ တကယ်ကို လီဗာပူးအတွက် ကောင်းချီးတစ်ခုလို့ယုံကြည်နေ ပါတယ်။မန်ချက်စတာယူနိုက်တက် ဗဟိုနောက်ခံလူဟောင်းဖြစ်သူက အဆိုပါပွဲသည် ယာဂင်ကလော့ပ်၏ ရုန်းကန်နေရသော ကြယ်ပွင့်ဗန်ဒိုက်အတွက် စံပြကစားပွဲတစ်ခုဖြစ်တယ်လို့ဆိုပါတယ်။

“ဒါဟာ (လီဗာပူးလ်) အတွက် ကောင်းမွန်တဲ့ အခွင့်အရေးပါပဲ” ဟု BT Sport သို့ ပြောကြားခဲ့သည်။ ဖာဒီနန် က ဗန်ဒိုက် ဟာ သူ့အ​ ပေါ် သံသယ သမားတွေ မှားကြောင်း သက်သေပြ ဖို့ ပြီးပြည့်စုံ တဲ့ နည်းလမ်း အဖြစ် မန်စီးတီး က ဟာလန်းရဲ့ သွင်းဂိုးတွေကို တားဆီးဖို့ မှတ်ချက်ပေးခဲ့ပါတယ် ။ပက်ဂွာဒီယိုလာက ဆာဂျီယိုဂိုမက်ဇ် ပထမပိုင်းမှာ အနီကတ်ပြခံရပြီး လူ 10 ယောက်နဲ့ ကစားရပေမယ့်လည်း သူ့ရဲ့အသင်း ဂိုးရဖို့တိုက်စစ်မဆင်တော့ပဲ လီဗာပူးနဲ့ ကစားရမယ့်ပွဲမတိုင်ခင် ဟာလန်းကို အနားယူဖို့ ရွေးချယ်ခဲ့ပါတယ်။


မန်စီးတီးသည် ဒိန်းမတ်ကလပ်ကို ဖြိုခွင်းရန် ရုန်းကန်ခဲ့ရပြီးနောက် စီးတီးသည် နော်ဝေတိုက်စစ်မှူးမပါဘဲ အထူးအဆန်းမဟုတ်ဟု ပြောင်လှောင်ပြောဆိုခဲ့ပါသေးတယ်။သူမကစားရင် သူတို့ဟာ သာမန်အသင်းတစ်သင်းဖြစ်ပုံရတယ်’ လို့ ရယ်မောပြီး ပြောခဲ့ပါတယ်။ဟာလန်းသည် အင်္ဂါနေ့ညတွင် ဒိန်းမတ်ကလပ် ကိုပင်ဟေဂင်နှင့် မန်စီးတီးအသင်းတို့၏ ချန်ပီယံလိဂ်ပွဲတွင် အနားယူရန် အရန်ခုံတွင်ကျန်ရစ်ခဲ့ပါတယ်။

လီဗာပူးလ်အသင်းသည် ၎င်းတို့၏ ချန်ပီယံလိဂ်အုပ်စုတွင် နောက်တစ်ဆင့်အတွက် ဗုဒ္ဓဟူးညတွင် စကော့တလန်မြေ၌ ရိန်းဂျားအသင်းအား အနိုင်ရကစားရန်လဲ လိုအပ်နေပါသေးသည်။

 

 

Be the first to comment

Leave a comment

Your email address will not be published.


*