ဗုဒ္ဓဟူးည ချန်ပီယံလိဒ်ကစားမည့်သူများအတွက် အထောက်ကူပြုအချက်လက်များ

👉နာပိုလီဟာ ပြိုင်ပွဲစုံနောက်ဆုံး ၈ ပွဲဆက်နိုင်ထားပြီး အဲဒီထဲက ၇ ပွဲကို အနိမ့်ဆုံး ၂ ဂိုးနှုန်းသွင်းထားပါတယ်။ အိုင်းယက်ဇ် ကတော့ ပြိုင်ပွဲစုံနောက်ဆုံး ၅ ပွဲစလုံးမှာ ဂိုးပေးခဲ့ရပြီး အဲဒီထဲမှာမှ ၄ ပွဲမှာ အနိမ့်ဆုံး ၂ ဂိုးပေးခဲ့ရတာပါ။

👉အက်သလက် နောက်ဆုံး ကစားခဲ့တဲ့ ချန်ပီယံလိဂ် ၇ ပွဲမှာ ၆ ပွဲက နှစ်ဖက်သွင်းဂိုး ၂ ဂိုးနဲ့အောက် ဖြစ်ထားပြီး ဘရုဂျက်ကတော့ အုပ်စုတွင်းကစားခဲ့တဲ့ချန်ပီယံလိဂ် ၃ ပွဲစလုံးမှာ clean sheet ရ ထားပါတယ်။

👉ရိန်းဂျားစ်ဟာ ချန်ပီယံလိဂ်အုပ်စုတွင်း ၃ ပွဲစလုံးမှာ တစ်ဂိုးမှ မသွင်းနိုင်ပဲ အနိမ့်ဆုံး ၂ ဂိုးနှုန်းပြန် ပေးခဲ့ရပါတယ်။ လီဗာပူးကတော့ အဝေးကွင်း ၅ ပွဲစလုံးမှာ နိုင်ပွဲမရှိခဲ့ပဲ အဲဒီထဲက ၄ ပွဲမှာ အနိမ့်ဆုံး ၂ ဂိုးနှုန်းခွင့်ပြုထားတာပါ။

👉ရာသီအစပိုင်းက အိမ်ကွင်းပွဲတိုင်းရှုံးခဲ့တဲ့လေဗာကူဆင်ဟာ အလွန်ဆိုလက်ထက် နောက်ဆုံးအိမ်ကွင်း ၃ ပွဲစလုံး ရှုံးပွဲမရှိခဲ့ဘဲ ၂ ပွဲနိုင်ထားပါတယ်။ပေါ်တိုကတော့ ဒီရာသီပြိုင်ပွဲစုံအဝေးကွင်း ၆ ပွဲစလုံး တိုက်စစ်က ဂိုးသွင်းထားနိုင်ခဲ့ပါတယ်။

👉ဘာစီလိုနာဟာ အင်တာမီလန်နဲ့အိမ်ကွင်းတွေ့ဆုံမှု နောက်ဆုံး ၆ ပွဲစလုံးကို အနိုင်ကစားထားပါတယ်။အင်တာမီလန်ရဲ့နောက်ဆုံးချန်ပီယံလိဂ် ၇ ပွဲစလုံး ဂိုးအောက် တွေချည်းပါ။

👉ပယ်လ်ဇန်ဟာ အုပ်စုတွင်း ၃ ပွဲစလုံးကို အနိမ့်ဆုံး ၂ဂိုးပြတ် ရှုံးထားပါတယ်။ဘိုင်ယန်မြူးနစ်ဟာ ပယ်လ်ဇန်နဲ့တွေ့ဆုံခဲ့တဲ့ ၃ ပွဲစလုံးမှာ clean sheet ပါပဲ။

👉 စပါးဟာ ဒီရာသီပြိုင်ပွဲအရပ်ရပ်အိမ်ကွင်း ၅ ပွဲစလုံးကို အနိုင်ရကန်ထားပါတယ်။ဖရန့်ဖတ်ကတော့ အင်္ဂလန်ကို လာကစားဖူးတဲ့ ၆ ကြိမ်မှာ ၂ ပွဲနိုင်၊ ၁ ပွဲသရေနဲ့ ၃ ပွဲရှုံးနိမ့်တဲ့မှတ်တမ်းရှိထားခဲ့တာပါ။

👉စပို့တင်းဟာ နောက်ဆုံးချန်ပီယံလိဂ်အိမ်ကွင်း ၄ ပွဲမှာ ၃ ပွဲအထိ အနိုင်ရထားပါတယ်။ မာဆေးကတော့ နောက်ဆုံးချန်ပီယံလိဂ်အဝေးကွင်း ၉ ပွဲစလုံးကို ရှုံးနိမ့်ထားတဲ့ အသင်းပါ။

 

Be the first to comment

Leave a comment

Your email address will not be published.


*