ဗိုလ်စွဲရန်ရေပန်းစားနေတဲ့အသင်းကြီးအများစုခြေချော်ခဲ့ပြီး အသင်းငယ်လေးကိုရှုံးနိမ့်တဲ့ဂျူဗီအပါဝင် အင်္ဂါနေ့ညချန်ပီယံလိဒ်သတင်းများ

ချန်ပီယံလိဂ် အုပ်စု အဆင့် ဒုတိယအကျော့ပွဲစဉ်တွေကို အင်္ဂါနေ့ညမှာ ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်

ပက်ဂွာဒီယီုလာရဲ့ မန်စီးတီးအသင်း ဟာ ပထမအကျော့မှာ ၅ဂိုးသွင်းပြီး အနိုင်ကစားထားတဲ့ ကိုပင်ဟေဂင်အသင်းကို ဒုတိယအကျော့မှာ ၀ – ၀ သရေ ဖြစ်ခဲ့ပြီး လက်ရှိချန်ပီယံ ရီးရဲလ်မက်ဒရစ် ကလည်း ရှက်တာဒိုးနက်ကစားသမား ဇက်ကော့ ရဲ့ ပွဲကစားချိန် ၄၆ မိနစ် မှာ သွင်းယူခဲ့တဲ့ ဦးဆောင်ဂိုးကို ခွင့်ပြုခဲ့ရပြီးနောက် ပွဲကစားချိန်မိနစ် ၉၀ ကျော်အချိန်ပို ၅မိနစ် ရောက်မှသာရူဒီဂါရဲ့ချေ ပဂိုးနဲ့အဝေးကွင်းမှာ ၁-၁ ဖြင့်သရေရလဒ်နဲ့ကျေနပ်ခဲ့ရပါတယ်။

ပုံမှန်ခြေစွမ်းမတည်ငြိမ်တဲ့ ဂျူဗင်တပ်အသင်းကတော့ မက္ကာဘီဟိုင်ဖာအသင်း အိမ်ကွင်းမှာ အက်ဇီလီရဲ့ သွင်းဂိုး နှစ်ဂိုးနဲ့ မထင်မှတ်ဘဲ ၂-၀ ဖြင့် အရှက်တကွဲရှုံးနိမ့်ခဲ့ပြီး အမှတ်ဗလာနဲ့ အိမ်ပြန်ခဲ့ရကာ

ဂရေဟမ်ပေါ်တာရဲ့ ချဲလ်ဆီးအသင်းကတော့ အေစီမီလန်အသင်းကို ဆန်စီရိုကွင်းမှာသွင်းဂိုး တောင် ပြန်လည် ခွင့်ပြုခဲ့ရခြင်းမရှိဘဲ ၂၄မိနစ်မှာ ဂျော်ဂျင်ဟို၊ ၃၄မိနစ်မှာ အူဘာမီးယန်းတို့ရဲ့ သွင်းဂိုးတွေနဲ့ ၀ – ၂ ရလဒ်ဖြင့် အနိုင်ကစားနိုင်ခဲ့ပါတယ်။

ဂျာမနီကလပ်အသင်းဖြစ်တဲ့ လိုက်ဇ်ကတော့ ဆဲလ်တစ်ရဲ့ အိမ်ကွင်းမှာ တီမိုဝါနာ၊ဖောလ်စဘတ် တို့ရဲ့သွင်းဂိုးနဲ့၀-၂ဖြင့် အနိုင်ယူခဲ့ပြီး ဒေါ့မွန်ကတော့ သူရဲ့အိမ်ကွင်းမှာ ဆီဗီလာအသင်းကို တစ်ဖက်တစ်ဂိုးစီဖြင့် သရေကျခဲ့ပါတယ်။

မက်ဆီမပါဝင်နိုင်တဲ့ PSG အသင်းကလည်း သူ့အိမ်ကွင်းမှာ ပင်နတီ တစ်ဖက်တစ်လုံးစီနဲ့ ဘင်ဖီကာအသင်းကို ၁-၁ ဖြင့်သရေကျခဲ့ကာ ဒိုင်နမိုဇာဂရက်နဲ့ ဆဲလ်ဘတ် အသင်းကလဲ ၁-၁ ဖြင့် ပွဲပြီးဆုံးခဲ့ပါတယ်

 

 

 

Be the first to comment

Leave a comment

Your email address will not be published.


*